Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 18, 2012

ပိုင်ဆိုင်ခွင့်ပြန်ရသူ....


အချိန်စက္ကန့်အနည်းငယ်လောက်ပေးပြီး ဒီပုံပြင်လေးကို ဖတ်ကြည့်ပေးပါဦး ။

တစ်ခါတုန်းက အသက် ၂၄ နှစ်အရွယ်ကောင်လေးတစ်ယောက်က ရထားပြတင်းပေါက်ကနေပြီးလှမ်းအော်တယ် ။

“ အဖေ ကြည့်ပါဦး သစ်ပင်တွေ အနောက်မှာ ကျန်နေခဲ့တယ် ”

ဖခင်ဖြစ်သူကပြုံးလိုက်တယ် ။ ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲကလည်း သူတို့နားမှာထိုင်နေတယ် ။ အသက် ၂၄ နှစ်အရွယ်သားဖြစ်သူရဲ့ ကလေးဆန်မှု အမူအယာကိုကြည့်ပြီး ဂရုဏာဖြစ်သွားတယ် ။သားဖြစ်သူက အံ့သြတကြီးနဲ့ထပ်ပြောတယ် ။

“ အဖေ တိမ်တွေက ကျွန်တော်တို့နဲ့အတူလိုက်နေတယ် ”

အနားမှာရှိနေတဲ့စုံတွဲက သည်းမခံနိုင်တော့ပဲ ဖခင်ဖြစ်တဲ့သူကိုပြောတယ် ။

“ ခင်ဗျားသားကို ဘာလို့ ဆရာဝန်ကောင်းကောင်းနဲ့မပြတာလဲ ”

ဖခင်ဖြစ်သူက ပြုံးပြီးပြောတယ် ။

“ အင်းဦးလေးပြခဲ့ပါတယ် အခုလေးတင်ဦးတို့ ဆေးရုံကနေ ဆင်းလာခဲ့ကြတာပါ ဦးလေးသားက မွေးကတည်းက မျက်စိမမြင်ဘူးလေ သူအခုလေးတင်မှ မျက်စိပြန်မြင်ခွင့်ရခဲ့တာပါ ”

@@@@@@@@@@@@@@@@@@@@@@@@@@@@@

စကြ၀ဌာထဲက လူတစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်ပုံပြင်လေးတွေကိုယ်စီရှိကြပါတယ် ။ အမှန်တရားကို မသိသေးရင် ဘာကိုမှ အထင်နဲ့ ရမ်းမပြောပါနဲ့ ။ အမှန်တရားက သင့်ကို အံ့သြသွားအောင်လုပ်နိုင်တယ် ။

“ နှစ်ပေါင်းများစွာ အမှောင်ကမ္ဘာထဲနေလာရသူအဖို့ ပထမဆုံးရတဲ့အလင်းဟာ မြင်မြင်သမျှ အသစ်အဆန်းတွေနဲ့ ထူးခြားဆန်းကြယ်နေတတ်တယ် ”

သက်တန့်ချို
A Blind boy အား ဘာသာပြန်သည် ။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account