Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 18, 2012

ဝန်ဆောင်မှု အများဆုံးပေးတော့မယ့် ရတနာပုံ call center



Photo
ဇွန်လ ၁၈ ရက်။    ။ ဇွန်လ (၁၆) ရက်နေ့မှ စတင်ကာ ရတနာပုံ call center က ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်  ကျန်းမာရေး ဝန်ဆောင်မှု၊ ဟိုတယ် ဝန်ဆောင်မှု၊ အလုပ်ကိုင်ရှာဖွေရေး ဝန်ဆောင်မှုနဲ့အတူ  ဗေဒင် ဝန်ဆောင်မှုများအား တိုးချဲ့ ဝန်းဆောင်မှုများအဖြစ် ပေးနေတယ်လို့ ပြောပါတယ်၊
လူအများစု စိတ်ဝင်စားတဲ့ ဗေဒင် ဝန်ဆောင်မှု အတွက်ကိုတော့ (၁၈၇၅) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး၊ မိမိအမည်နဲ့ မွေးသက္ကရာဇ်ပေးပါက မိမိ သိလိုတဲ့ အကြောင်းအရာများအား ဗေဒင်ဋ္ဌာနမှ တွက်ချက်ပြီး ချက်ချင်း ပြန်လည် အဖြေပေးသွားမှာ ဖြစ်ကြောင်းနဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကိုတော့ (၂၄) နာရီ ဝန်ဆောင်မှုပေးမှာဖြစ်ပြီး အိမ်တိုင်ရာရောက် ကူညီပေးမှာဖြစ်တယ်လို့လဲ ဆိုပါတယ်၊ ဒါ့အပြင် ကျန်းမာရေးချို့တဲ့မှု တစ်စုံတစ်ရာဖြစ်ပါက ဖုန်း (၁၈၇၅) သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ရတနာပုံ call center ရဲ့ ထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်၊ အလုပ်အကိုင် ရှာဖွေနေသူများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေပေးသွားမှာ ဖြစ်ကြောင်း မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ “လောလောဆယ် ပထမအဆင့် အနေနဲ့ကတော့ ကျွန်တော်တို့ ပြည်တွင်း အလုပ်အကိုင်ကို သွားပါ့မယ်၊  ပြည်ပ အလုပ်အကိုင်ကတော့  နောက်ပိုင်း စီစဉ်ပေးပါ့မယ်။ အလုပ်သမားဝန်ကြီးဌာနမှာ လိုင်စင်လျှောက်ရတဲ့ အပိုင်းတွေ ရှိပါတယ်။ နောက်ပိုင်း ပြည်ပ အလုပ်အကိုင် လုပ်ဖြစ်ရင်လည်း အကြောင်းကြားပါမယ်” ဟု မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ဖြည့်စွက် ပြောဆိုပါတယ်။
 
ဟိုတယ်ဝန်ဆောင်မှုတွင်မူ ဟိုတယ်များတွင် booking တင်ပေးခြင်း၊ Tour Guide (ဧည့်လမ်းညွှန်) များ ငှားရမ်းပေးခြင်းတို့ကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်၊ “ဒီလို ဝန်ဆောင်မှုတွေ ရှိလာတာ လုပ်ငန်းရှင်များအတွက် ပိုအဆင်ပြေပါတယ်။ အချိန်ကုန်သက်သာတယ်။ ဝန်ဆောင်ခ တစ်မိနစ်ကို (၁၀၀) ဆိုပေမယ့် လူကိုယ်တိုင် သွားတာထက်စာရင် ပိုအဆင်ပြေတာပေါ့” ဟု Elite Tech မှ မဖြူနှင်းလွင်က ပြောသည်။ လက်ရှိအချိန်တွင် Call Center (၁၈၇၆) သို့ ဖုန်းဆက်ရုံနဲ့ ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုများ၊ အထွေထွေ စုံစမ်းမေးမြန်းမှုကဏ္ဍ ဝန်ဆောင်မှုများ၊ ရတနာပုံ မိုဘိုင်းဖုန်း ငှားရမ်းခြင်း ဝန်ဆောင်မှုများ၊ အိုင်တီ နည်းပညာနှင့် ပတ်သက်သော ဝန်ဆောင်မှုများနဲ့ မိုးလေဝသနှင့် ပတ်သက်တဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး၊ ဒါ့အပြင် ဝန်ဆောင်မှုအတွက် (၁၈၇၆) သို့ ဆက်သွယ်မေးမြန်းပါက တစ်မိနစ် (၃၀) ကျပ် ပေးဆောင်ရမည်ဖြစ်ကာ (၁၈၇၅) သို့ ဆက်သွယ်မေးမြန်းပါက တစ်မိနစ် (၁၀၀) ကျပ် ပေးဆောင်ရမယ်လို့ သိရပါတယ်။

ရတနာပုံသတင်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account