Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, March 7, 2012

အစိုးရဌာန အော်တိုတယ်လီဖုန်းများ၏ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခများ ပြောင်းလဲ သတ်မှတ်လိုက်ပြီဟုဆို

Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အစိုးရဌာနများအတွက် ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ပေးလိုက်ပြီဟု ပြောပါတယ်၊ အစိုးရဌာနများ အနေနဲ့ အဲဒီလို ပြည်ပနိုင်ငံ အသီးသီးကို ဖုန်းခေါ်ဆိုခများ သတ်မှတ်ရာမှာ ယခုတိုးမြှင့် သတ်မှတ်တဲ့ နှုန်းထား အသစ်များကတော့ အစိုးရဌာနများအတွက် အာဆီယံနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၉၆၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၉၆.) ကျပ်၊ အာရှတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်း နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၂၀.) ကျပ်နဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၁၂.) ကျပ်၊ အာရှတိုက်အလယ်ပိုင်း နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၄၄၀.) ကျပ်နဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၄၄.) ကျပ်၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိက နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၉၂၀.) ကျပ်နဲ့၊ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၉၂.) ကျပ်၊ အင်မာဆက်၊ အီရီဒီယမ် ဂြိုလ်တုဆက်ကြောင်း ခေါ်ဆိုခကတော့ (၂၈၀၀) ကျပ်မှ (၅၅၆၀) ကျပ်သို့ အသီးသီး တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ ပြောပါတယ်။

ယခုလက်ရှိ အစိုးရဌာနများ အနေနဲ့ ပြည်ပနိုင်ငံ အသီးသီးသို့ ဖုန်းခေါ်ဆိုကြရာမှာ ခေါ်ဆိုခများအဖြစ် ကျသင့်ငွေ ပေးဆောင်ကြရာမှာ အစိုးရဌာနများ အနေနဲ့ ထိုင်းနိုင်ငံသို့ ခေါ်ဆိုရာမှာ ပထမတစ်မိနစ် ခေါ်ဆိုခ (၆၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၆.) ကျပ်၊ ဘရုနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ ပါကစ္စတန် နိုင်ငံများအတွက် ခေါ်ဆိုခ ပထမတစ်မိနစ် (၇၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၇.) ကျပ်၊ အိန္ဒိယနိုင်ငံကိုတော့ ပထမတစ်မိနစ် ခေါ်ဆိုခ (၈၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၈.) ကျပ်၊ နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံကိုတော့ ပထမတစ်မိနစ် ခေါ်ဆိုခ (၉၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၉.) ကျပ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တိုင်ပေ၊ ဂျပန်၊ မြောက်ကိုရီးယား၊ လာအို၊ မကာအို၊ မော်ဒလိုက်၊ မွန်ဂိုလီးယား၊ ဗီယက်နမ် နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၀၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၀.) ကျပ်၊ အရှေ့တီမော၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများ အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၁.) ကျပ်၊ သီရိလင်္ကာနဲ့ အင်္ဂလန် နိုင်ငံတို့အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၂၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၂.) ကျပ်၊ ဥရောပ၊ သြစတြေးလျ နိုင်ငံတို့အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၃၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၃.) ကျပ်၊ အင်မာဆက်၊ အီရီဒီယမ် ဂြိုလ်တုဆက်ကြောင်း ခေါ်ဆိုခ ကတော့ (၁၆၀.) ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

စကားပြောဆိုမှုကို တားဆီးနိုင်မည့် လက်နက်ဆန်း ဂျပန်သုတေသီများ တီထွင်



Photo
စကားပြောနေသူ တစ်ဦးကို တုံ့ဆိုင်းထိုင်းမှိုင်းသွားစေကာ စကားမပြောနိုင်တော့အောင် ပြုလုပ်နိုင်သည့် လက်နက်တစ်မျိုးကို ဂျပန်သုတေသီများက တီထွင်လိုက်သည်။ အဆိုပါ ကိရိယာသည် စကားပြောသူ၏ ဦးနှောက်ကို ခေတ္တတုံ့ဆိုင်းသွားစေပြီး အသံပိုင်းဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုကို နှောင့်နှေးသွားစေ ခဲ့သည်။ ဂျပန်နိုင်ငံမှ သုတေသီများသည် ယခုကိရိယာကို ကြိုးစားတီထွင်ခဲ့ခြင်း ဖြစ်ပြီး မပြီးမစီးနိုင် ပြောဆိုနေသူများကို ဟန့်တားရာတွင် နည်းလမ်းကောင်း ဖြစ်လာစေဖွယ် ရှိနေသည်။
 


သုတေသီ နှစ်ဦးဖြစ်သည့် ကာဇူတာကာကူရီဟာရာနှင့် ကိုဂျီဆူကာဒါတို့က သေနတ်နှင့်တူသော အဆိုပါ လက်နက်ကို Speech Jammer ဟု အမည်ပေးထားပြီး စာသင်ခန်းများနှင့် စာကြည့်တိုက်များတွင် မလိုလားအပ်ဘဲ လေပေါနေသူများကို တားဆီးရန် ရည်ရွယ်ထားသည်။ စကားသံ ထွက်ပေါ်ရာနေရာကို အာရုံခံ သိရှိနိုင်သည့် အဆိုပါကိရိယာသည် မီတာ (၃၀) အကွာမှ ပစ်မှတ်ကို အသံတိတ်သွားအောင် တိကျစွာ စွမ်းဆောင်နိုင်သည်။ ဦးနှောက်၏ လုပ်ကိုင်စွမ်းရည်ကို ချုပ်ထိန်းလိုက်ခြင်းဖြင့် စကားပြောဆိုမှုကို ရပ်တန့်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
 


ထို့အပြင် အဆိုပါသေနတ်သည် မိုက်ကရိုဖုန်းဖြင့် ပြောဆိုနေသူတစ်ဦးထံသို့ ၎င်းပြောသည့် စကားသံကို (၀.၂) စက္ကန့်အတွင်း ပြန်လည် ရောက်ရှိသွားစေကြောင်း တွေ့ရသည်။ ယင်းနည်းပညာသည် လူတစ်ဦး စကားပြောသည့်အခါ ဦးနှောက်က မိမိ၏ ပါးစပ်မှ မည်သည့်စကားကို ပြောနေကြောင်း နားလည်နိုင်ရသည့်အသိကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်သည်။ “ပြောရရင်တော့ စကားပြောသူရဲ့ ဦးနှောက်ကို သူကိုယ်တိုင်ပြောနေတဲ့ စကားတွေ ပြန်ထည့်ပေးလိုက်ပြီး နှောင့်ယှက်လိုက်တာပါ” ဟု ဆူကာဒါက ရှင်းပြခဲ့သည်။ ယခုကိရိယာသည် စကားမပြောစေလိုသည့် နေရာများတွင် လူအများကို ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်စေမှုမျိုးကို ရှောင်လွှဲပြီး တားဆီး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်ကားလေလံ (http://rushcorp.com)



Photo

ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ကားတွေကို လေလံပွဲတွေကနေပြီး ဝန်ဆောင်မှုပေးနေတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ လေလံပွဲတွေမှာ ဝင်ရောက် ပါဝင်နိုင်ပြီး  ဝယ်ယူသူတွေ စိတ်ကြိုက် အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေးနေတဲ့အပြင် အိမ်အရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလည်း ပေးထားတာ ဖြစ်ပါတယ်။ တစ်ပတ်ရစ် ကားကာင်းများစွာကို လေ့လာ ဝယ်ယူနိုင်ဖို့အတွက် ဒီဆိုက်က ကူညီပေးထားပြီး ကားနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေ၊ review တွေကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဆိုက်ကနေ တစ်ဆင့် လေလံ ဝင်ရောက်ဆွဲနိုင်ပြီး ကားလေလံတွေ အကြောင်းနဲ့ ကားဈေးကွက် သတင်းတွေကိုလည်း သိရှိရမှာ ဖြစ်တဲ့ မော်တော်ဆိုင်ကယ်၊ သင်္ဘော စတာတွေကိုလည်း ငှားရမ်းတဲ့ ဝန်ဆောင်မှု ပေးထားပြီး ကားလေလံဆွဲသူတွေ စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှု ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှု (http://www.youngwomenshealth.org)



Photo


ကမ္ဘာတစ်ဝန်းက ဆယ်ကျော်သက် မိန်းကလေးတွေအတွက် ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အသိအမြင် ဗဟုသုတတွေ၊ ပညာပေး ဆောင်းပါးတွေကို ဖော်ပြပေးထားတဲ့ ကျန်းမာရေး လမ်းညွှန်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  ဒီဆိုက်မှာ ကျန်းမာရေး လမ်းညွှန်ချက်တွေကို အမျိုးအစား စုံလင်စွာ ဖော်ပြပေးထားပြီး တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုချင်းစီအလိုက် ခေါင်းစဉ်တွေ ခွဲခြား ဖော်ပြထားပြီး အာဟာရနဲ့ ကျန်းမာရေး၊ အသိအမြင်ဖွံ့ဖြိုးရေး၊ စိတ်ကျန်းမာရေး အခြေအနေနဲ့ မိသားစု ကျန်းမာရေး အသိပညာတွေကို ကဏ္ဍတစ်ခုချင်းစီနဲ့ ခွဲခြား ဖော်ပြထားပါတယ်။ ဉာဏ်စမ်းတွေ ဖြေဆိုပြီး မိမိရဲ့ ကျန်းမာရေး အသိအမြင် ဘယ်လောက်ရှိတယ်ဆိုတာ ဆန်းစစ်ကြည့်နိုင်မှာ ဖြစ်ကာ blog တွေလည်း ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ အားလုံးအတွက် ထိရောက်တဲ့ ကျန်းမာရေး လမ်းညွှန်မှုတွေ ပေးနေတဲ့ ဆိုက်လည်း ဖြစ်ပါတယ်။

လက်ဖြစ်ပစ္စည်းများ ဖန်တီးရန် (http://www.oneprettything.com)



Photo


Handmade ပစ္စည်းလေးတွေကို ကိုယ်တိုင်ဖန်တီး ပြုလုပ်နိုင်စေဖို့အတွက် လေ့ကျင့်ခန်း သင်ခန်းစာတွေ ဖော်ပြပေးထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  အိမ်မှာ အလှဆင်ဖို့အတွက် သာမက လက်ဆောင်ပေးဖို့ အတွက်လည်း လက်ဖြစ် ပစ္စည်းလေးတွေကို ဖန်တီးနိုင်မှာ ဖြစ်ပြီး ဘယ်လို အယူအဆနဲ့ ဒီဇိုင်းဆွဲရမယ် ဆိုတာနဲ့ ချုပ်ပုံချုပ်နည်းတွေကို သေချာစွာ ဖော်ပြပေးထားပါတယ်။ စက္ကူကတ် လှလှလေးတွေနဲ့ သာမက သစ်သားပြားတွေပေါ်မှာလည်း ဒီဇိုင်းတွေ ဖန်တီးနိုင်မှာ ဖြစ်ကာ ချုပ်လုပ်နည်းတွေတင် မဟုတ်ဘဲ ချည်ထိုးနည်းတွေကိုလည်း လေ့လာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။ အသက်အရွယ်တိုင်းအတွက် လိုက်ဖက် သင့်လျော်တဲ့ ဒီဇိုင်းပုံစံ အမျိုးမျိုးကို ဖော်ပြပေးထားပြီး လေ့ကျင့်ခန်းတွေကိုလည်း သေချာစွာ တတ်မြောက်တဲ့အထိ လေ့ကျင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သင်ခန်းစာ တစ်ခုချင်းစီကို ကဏ္ဍ တစ်ခုစီနဲ့ သေချာစွာ နားလည် သဘောပေါက်အောင်လည်း ရှင်းလင်း ဖော်ပြပေးထားပါတယ်။

မြန်မာသတင်းများ ဖတ်ရှုရန် (http://www.searchmyanmar.com)



Photo


ပြည်တွင်း၊ ပြည်ပမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ အခြေအနေ အရပ်ရပ်ကို တစ်ထိုင်တည်းနဲ့ အမြဲ update ဖြစ်နေအောင် သိရှိရမယ့် သတင်းဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  ပြည်တွင်းမှာ ရေပန်းစားနေပြီး တိုးတက်ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ထိပ်တန်း ခေါင်းစဉ်တွေနဲ့ ဖော်ပြထားပြီး ကြည့်ရှုသူအများဆုံး သတင်းဝက်ဘ်ဆိုက်တွေနဲ့လည်း link ချိတ်ဆက်ပေးထားပါတယ်။ ဝက်ဘ်ဆိုက်ကဏ္ဍမှာ ဆိုရင်လည်း အကြောင်းအရာ မျိုးစုံ၊ အချက်အလက် မျိုးစုံ ပေးနိုင်တဲ့ အပိုင်းတွေကို ရွေးချယ် ဖော်ပြပေးထားပြီး မိမိ သိရှိလိုတာတွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပက ရုပ်ရှင်တွေအကြောင်း၊ သတင်းတွေနဲ့ အသစ်ထွက်ရှိလာတဲ့ စာအုပ်တွေအကြောင်းးကို စုံလင်စွာ ဖော်ပြပေးထားပြီး နေ့စဉ်ဖြစ်ပေါ် ပြောင်းလဲနေတဲ့ နိုင်ငံတွင်းက အခြေအနေတွေကိုလည်း အမြဲမပြတ် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ တိုက်ရိုက်ဖွင့်ပြီး ကြည့်ရှုနိုင်တဲ့ ကဏ္ဍတွေလည်း ထည့်သွင်းပေးထားပါသေးတယ်။

Mobile Directory



Photo
ဒီ Application ကတော့ Android OS အသုံးပြုသူတိုင်းအတွက် အသုံးဝင်မယ့် Application တစ်ခု ဖြစ်ပါတယ်။  ဒီ Application မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ ကုမ္ပဏီ၊ ရုံး၊ စားသောက်ဆိုင် အစရှိတာတွေကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ Name  ဆိုတာကို ရွေးချယ်ပြီး သင်ရှာဖွေချင်တဲ့ လုပ်ငန်းရဲ့ အမည်ကို ရိုက်ထည့်ပြီး ရှာဖွေပေးနိုင်မှာ ဖြစ်သလို Category အောက်မှာ လုပ်ငန်းတွေကို တူရာတူရာ စုပေးထားပြီးအလွယ် တကူရှာ ဖွေနိုင်အောင် စီစဉ်ပေးထားပါတယ်။ Location မှာဆိုရင် သင်ရှာဖွေလိုတဲ့နေရာကို Select မှတ်ပြီး အဲဒီနေရာမှာရှိတဲ့ လုပ်ငန်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Important Number ဆိုတဲ့နေရာမှာတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အထင်ကရ လုပ်ငန်းတွေ၊ မြို့နယ်အလိုက် ရဲစခန်းတွေရဲ့ ဖုန်းနံပါတ်တွေကို အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီ Mobile Directroy ကို ဒေါင်းလုပ် ပြုလုပ်လိုတယ်ဆိုရင် http:\\www.yangon-directory.com\ ဆိုတဲ့ အင်တာနက်စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ Yangon-directory ဝက်ဘ်ဆိုက်ကို ရောက်ပြီဆိုရင် ဝက်ဘ်ဆိုက်ရဲ့ ညာဘက်ထောင့် အပေါ်မှာရှိတဲ့ Downloads Yangon Directroy Mobile App ဆိုတာကို ကလစ်နှိပ် ပြီးအခမဲ့ ဒေါင်းလုပ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မောင်ရယ်......

ဂိမာန်နွေဦး လတန်ခူးမှာ
ဝါရွှေရည်လူး
ပိတောက်ဖူးတွေပွင့်ပြီ...မောင်
မိုးဦးဝသန် အချိန်တန်တော့
ဖြူလွချစ်ဖွယ်
 မြတ်စံပါယ်လည်း ပွင့်ပြီ..မောင်
ဟေမာန်သည်ဆောင်း
အချိန်ပြောင်းတော့
 မြင့်မြတ်သခင် ပန်းသဇင်လည်း
ငွားငွားစွင့်စွင့် ပင်ထက်ဝံ့ပြီ မောင်
ဒါပေမယ့်
ရင်မှာအမြတ်တနိုး  မောင်စိုက်ပျိုးတဲ့
အချစ်သစ်ပင်ကတော့
ပွင့်ရဖို့အရေး
သခင့်ကိုမျှော်ငေးရင်း
စောင့်နေဆဲပါ****မောင်ရယ်
်

                                                   ခေတ္တရာသူ

အဝေးကမြို့တော်

*ဖူးမြှော်တမ်းတ လွမ်းမ၀တဲ့
 မြို့တော်တွင်းက ဆံတော်ရှင်

*ဂုဏ်ယူဝံ့ကြွား ဖြတ်ကာသွားတိုင်း
 ခံစားပီတိ မော့ကြည့်မိသည်
 လှုပ်ရှားသက်ဝင် မြင်းထက်သခင်

*စာပေပေါ်ထွန်း တို့မော်ကွန်းတွင်
 စာဆိုဘွဲ့ပေး န၀ဒေးနှင့်

*ညနေဆည်းဆည ရေခပ်လာတဲ့
 ဗေဒါရီလမ်း မှန်းမျှော်လွမ်းရင်း
 ကြည့် ရှုမ၀ ရှုတိုင်းလှသည် ဧရာဝတီ

*တောင်ကုန်းညို့ညို့  ကုန်းမို့မို့သို့
 သံစဉ်ပျံ့လွင့် ဆွေးနင့်နင့်နှင့်
ညည်းတွားရင်းငို ခင်ဝမ်းဆိုသည်
အလွမ်းသီချင်း သက်သေတည်

*ကုက္ကိုပင်တန်း ကမ်းနားလမ်းမှာ
ရယ်သံလွန့်လူး
 ကိုရွှေထူးလည်း ပျော်ဖူးသည်

*အခြေမပေး ဝေးနေသော်မှ
ခံစားမြင်တွေ့ လွမ်းငွေ့ငွေ့နှင့်
မေ့မရပါ ခေတ္တရာ

                                                  ခေတ္တရာသူ

Monday, March 5, 2012

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်




ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

ကျွန်တော် အရင်ဆုံး အခုတင်ပေးလိုက်တဲ့ Connectify Pro v3.25  ကို Full Version လေးရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို အရင် ပြောပြပေးပါမယ် .. အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ လက်တော့မှာ Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ .. ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ ..
နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ .. 
တကယ်လို့ မိမိတို့ Sharing ပေးထားတဲ့ Network ထဲမှာ ဘယ်သူတွေ  Client Users များအဖြစ်နဲ့ အသုံးပြု နေလည်း ဆိုတာ သိချင်ယင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Clients မှာကြည့်ရှုနိုင်ပါတယ်..
ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး Latop မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် .. 


အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

အခမဲ့ ရနိုင်သည့် e-book များ



Photo


http://www.manybooks.net


စာဖတ်ဝါသနာပါသူတွေအတွက် အကောင်းဆုံး e-book တွေကို အခမဲ့ ရယူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။  စာအုပ်တွေကို အမျိုးအစား တစ်ခုချင်းစီအလိုက် ရွေးချယ် ဖတ်ရှုနိုင်မှာ ဖြစ်ပြီး နှစ်သက်ရာ စာအုပ်အမျိုးအစား၊ စာရေးသူနဲ့ ဇာတ်လမ်းတို့ကိုလည်း စိတ်ကြိုက် ရှာဖွေပြီး ဖတ်ရှုနိုင်ပါသေးတယ်။ ဒီဝက်ဘ်ဆိုက်မှာ စာရေးသူ၊ စာအုပ်ခေါင်းစဉ်၊ စာအုပ်အမျိုးအစား၊ ဘာသာစကား စသည်တို့ကို နှစ်သက်သင့်လျော်ရာ ရွေးချယ်နိုင်ပြီး စာအုပ်အသစ်တွေကိုလည်း အပတ်စဉ် တင်ပေးထားပါတယ်။ E-book တွေကို အခမဲ့ download ပြုလုပ်နိုင်ပြီး PDA, iPad နဲ့ တခြား e-reader တွေပေါ်မှာ အသုံးပြုနိုင်တဲ့ fomat တွေအဖြစ်ပါ ရရှိနိုင်ကာ ဝက်ဘ်ဆိုက် အယ်ဒီတာတွေရဲ့ အကြံပြု ဝေဖန်သုံးသပ်ထားတဲ့ စာအုပ်တွေကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဝင်ရောက် ကြည့်ရှုသူတွေအတွက် စာအုပ်အညွှန်းတွေကိုလည်း ဖတ်ရှုနိုင်သလို e-book ပေါင်း ၂၁၂၈၂ ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

မြန်မာဘောလုံး အသင်းများ



Photo


 မြန်မာဘောလုံး အသင်းတွေအကြောင်း ဖတ်ရှုနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။  Myanmar National League မှာ ပါဝင်တဲ့ ဘောလုံးအသင်းတွေ၊ ၎င်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်တွေအကြောင်း၊ အသင်းအုပ်ချုပ်သူတွေ၊ အသင်းနည်းပြတွေနဲ့ ကစားသမားတွေရဲ့ အကြောင်း စသည်ဖြင့် အသင်းတစ်သင်းချင်းစီရဲ့ အကြောင်းကို သေချာစုံလင်စွာ သိရှိရမှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ဘောလုံးအားကစား လောကအတွင်းက သတင်းတွေ၊ အစီအစဉ်တွေ၊ MNL ရဲ့ သမိုင်းကြောင်း၊ အသင်းတွေ အကြောင်း စတာတွေကို ကဏ္ဍတစ်ခုစီ ခွဲခြားဖော်ပြပေးထားသလို ဓါတ်ပုံတွေ၊ ပြိုင်ပွဲ ပွဲစဉ်တွေ၊ ယှဉ်ပြိုင် ကစားကြမယ့် ပွဲစဉ်တွေ စသည်ဖြင့်လည်း ထည့်သွင်း ဖော်ပြထားပါသေးတယ်။ ပွဲစဉ် နောက်ဆုံးရလဒ်တွေ၊ အသင်းတွေရဲ့ ရပ်တည်မှု ဇယား၊ ထုတ်နုတ် ဖော်ဖြချက်တွေကိုလည်း ဖတ်ရှုရမှာ ဖြစ်ပြီး အသင်းတစ်ခုချင်းစီ အတွက် ဝေဖန် အကြံပြုမှုတွေလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မတ် (၁၄) ရက်နေ့မှ စပြီး ဖုန်းခေါ်ဆိုခများ ထက်ဝက် လျှော့ချတော့မည်ပာု သိရ



Photo
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန လက်အောက်ရှိ  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက  လက်ရှိ အများပြည်သူများ၊ အသုံးပြုနေကြတဲ့  Postpaid / Prepaid မိုဘိုင်း၊ တယ်လီဖုန်း (GSM, CDMA450, CDMA 800, WCDMA) စတဲ့ ဖုန်းများကို  ပြည်တွင်း ခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးခြင်းကို ယခုလ မတ် (၁၄) ရက်နေ့မှ စပြီး ယခင်ခေါ်ဆိုခထက် ထက်ဝက် လျှော့ချလိုက်တယ်လို့ ပြောပါတယ်။ အဲဒီလို လျှော့ချ ကောက်ခံ လိုက်ရာမှာ ညပိုင်း (၁၁) နာရီမှ  နံနက် (၇) နာရီအတွင်း ခေါ်ဆိုခ အဖြစ် (၂၅) ကျပ် သတ်မှတ်လိုက်တာဖြစ်ပြီး၊ နံနက် (၇) နာရီကနေ ည (၁၁) နာရီအထိ ခေါ်ဆိုခများကိုတော့ ယခင် ခေါ်ဆိုခ နှုန်းထားများအတိုင်း ကောက်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါပာာ ပြီးခဲ့တဲ့ မတ်လ (၁) ရက်နေ့က နိုင်ငံတော် သမ္မတကြီး တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်တဲ့နေ့မှာ တိုင်းပြည်ကို ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ “မိုဘိုင်ဖုန်းကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ကျွန်တော်တို့ တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းတွေပြီးတာနဲ့ အများပြည်သူတွေရဲ့ ဆန္ဒကို ပြည့်ဝအောင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ အကောင်းဆုံး နည်းလမ်းများ ရှာဖွေပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဆိုတဲ့ မိန့်ကြားချက်ကို အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်တာ ဖြစ်ပြီး၊ အများပြည်သူတို့အတွက် ဆက်သွယ်မှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့ဖို့နဲ့ လူမှုဘဝ ဖွံ့ဖြိုးစေဖို့ လုပ်ကိုင် ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝက်ဘ်ဆိုက်တစ်ခုကို လုံခြုံစိတ်ချစွာ အသုံးပြုခြင်း

အွန်လိုင်းပေါ်မှာ ဘဏ်လုပ်ငန်းကိစ္စများ ပြုလုပ်ခြင်း၊ ဈေးဝယ်ခြင်းစတဲ့ ဘဏ္ဍာရေးဆိုင်ရာ  လုပ်ငန်းကိစ္စရပ်တွေကို ပြုလုပ်ရာမှာ အင်တာနက်ဟာ တကယ့်ကို အဆင်ပြေစွာနဲ့ လုပ်ဆောင် နိုင်စေပေမယ့် အသုံးပြုသူရဲ့ ငွေကြေးတွေကိုတော့ လုံခြုံမှုရှိစေဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ အင်တာနက်ပေါ်တွင် အရောင်းအဝယ် ပြုလုပ်ရာ၌ ပြုလုပ်သည့် နည်းလမ်းများ အပါအဝင် ဝက်ဘ်ဆိုက်ကို လုံခြုံမှုရှိစေအောင် ပြုလုပ်ခြင်းနဲ့ SSL Security Certificate စစ်ဆေးခြင်းတို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များအတွက် ဝက်ဘ်ဆိုက်ကို လုံခြုံအောင် ပြုလုပ်ခြင်း အရေးကြီးတဲ့ အချက်အလက် ဒါမှမဟုတ် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းတွင် ပေးပို့ခြင်း မပြုလုပ်မီ ချိတ်ဆက် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်ဟာ လုံခြုံမှု ရှိ၊ မရှိ သိထားဖို့ လိုပါတယ်။ လုံခြုံမှုရှိတဲ့ ဆိုက်တွေဟာ အချက်အလက်တွေကို စာဝှက်အဖြစ် ပြောင်းလဲကာ (encrypt) ကာကွယ်ပေးပါတယ်။ ဝက်ဘ်ဆိုက်တစ်ခု လုံခြုံမှုရှိ၊ မရှိ ဆိုတာကို https နဲ့ browser ရဲ့ Security Symbol တို့က ညွှန်ပြပေးနိုင်ပါတယ်။

Https

ဝက်ဘ်ဆိုက်လိပ်စာရဲ့ အစကို http နဲ့ https တို့နဲ့ စတင်ပါတယ်။ အကယ်၍ ဝက်ဘ်ဆိုက်လိပ်စာကို https နဲ့ စတင်တဲ့အခါမှာ အချက်အလက်တွေကို encrypt လုပ်ကာ ပေးပို့ပါတယ်။ သို့မှသာ ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ အဆိုပါ အချက်အလက်တွေကို ကြားဖြတ်ရယူတဲ့အခါ အသုံးပြုသူရဲ့ အချက်အလက်တွေကို မသိရှိနိုင်မှာ ဖြစ်ပါတယ်။

Security Symbol

အသုံးပြုသူရဲ့ browser ဟာ ဝက်ဘ်ဆိုက်တစ်ခု လုံခြုံမှု ရှိ၊ မရှိဆိုတာကို လုံခြုံမှုသင်္ကေတ (Security Symbol) ဒါမှမဟုတ် သော့ခလောက် ပုံစံဖြင့် ဖော်ပြပေးပါတယ်။ သော့ခလောက် ပုံစံတွေကတော့ browser အပေါ်မူတည်ပြီး တည်နေရာနဲ့ ပုံစံကွဲပြားပါတယ်။

လုံခြုံရေး သတိပေးချက်များနှင့် SSL Certificate

လုံခြုံမှုရှိတဲ့ ဆိုက်တွေမှာ SSL Certificate တစ်ခုစီ ရှိပါတယ်။ SSL Certificate တစ်ခုဟာ ကိစ္စရပ် ၂ ခုကို လုပ်ဆောင်ပါတယ်။ ပထမ အနေနဲ့ကတော့ SSL Certificate ဟာ virtual passport တစ်ခု ဒါမှမဟုတ် ကားမောင်း လိုင်စင်တစ်ခုနဲ့ ဆင်တူပြီး မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ပြပေးပါတယ်။ ဒုတိယအနေနဲ့ကတော့ ၎င်းဟာ စာဝှက်အဖြစ် ပြောင်းလဲခြင်း (encryption) ကို လုပ်ဆောင်ပါတယ်။ SSL Certificate မရှိတဲ့ ဝက်ဘ်ဆိုက်ဟာ https အစား http နဲ့သာ စတင်လေ့ရှိပြီး browser ကလည်း သော့ခလောက်ပုံစံနဲ့ ဖော်ပြခြင်း မရှိပါဘူး။ SSL Certificate ရှိတယ်ဆိုရင်တော့ browser ကဖော်ပြထားတဲ့ သော့ခလောက်ကို နှစ်ချက်နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။

SSL Certificate ကို ဘာကြောင့် ရှာဖွေရသလဲ။

(၁) SSL Certificate ကို စစ်ဆေးခြင်းဟာ ဝက်ဘ်ဆိုက်ပေါ်မှာရှိတဲ့ certificate နဲ့ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်တို့ ကိုက်ညီခြင်း ရှိ၊ မရှိကို သိရှိနိုင်ပါတယ်။

(၂) ယုံကြည်စိတ်ချရတဲ့ ဝက်ဘ်ဆိုက်အတွက် SSL Certificate တွေကို Certificate Authority တွေကနေ ထုတ်ပေးပါတယ်။ မှန်ကန်ကြောင်း အတည်ပြု စစ်ဆေးပေးတဲ့ SSL Certificate Authority ကုမ္ပဏီတွေထဲမှာ VeriSign,  RSA  Data  Security, Thawte,  Geotrust,  GoDaddy  နဲ့ Combo  တို့လို ကုမ္ပဏီတွေ ပါဝင်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေက ထုတ်ပေးထားတဲ့ SSL Certificate ရှိ၊ မရှိကို စစ်ဆေးခြင်းဖြင့် ဝက်ဘ်ဆိုက်ဟာ ယုံကြည်စိတ်ချရမှု ရှိ၊ မရှိ သိနိုင်ပါတယ်။

(၃) SSL Certificate ရဲ့သက်တမ်း ကုန်ဆုံးခြင်း ရှိ၊ မရှိကို စစ်ဆေးပါ။ သက်တမ်းကုန်နေပြီဆိုရင်တော့ အသုံးပြုသူရဲ့ အချက်အလက်တွေကို encrypt လုပ်ပေးဖို့အတွက် အာမခံချက်ရှိမှာ မဟုတ်ပေ။

လုံခြုံရေး သတိပေးချက်များ

Internet Explorer, Firefox နဲ့ Chrome တို့ရဲ့ လက်ရှိဗားရှင်းတွေဟာ အသုံးပြုသူများအတွက် SSL Certificate ကို အတည်ပြု စစ်ဆေးပေးနိုင်ပါတယ်။ အကယ်၍ Certificate တွေဟာ up to date မဖြစ်တဲ့အခါ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ Certificate Authority တွေကနေ ထုတ်ပေးထားခြင်း မဟုတ်တဲ့အခါမှာ browser တွေကနေ အောက်ဖော်ပြပါ သတိပေးမှုတွေကို ပြုလုပ်ပေးပါတယ်။ Internet Explorer 8 ဟာ Certificate မှန်ကန်မှု ရှိ၊ မရှိကို four-level color system ကိုအသုံးပြုပြီး သတိပေးမှု ပြုလုပ်ပါတယ်။ Firefox ကတော့ One-Click Site ID နဲ့ Certificate မှန်ကန်မှု ရှိ၊ မရှိကို စစ်ဆေးပါတယ်။ Chrome ကတော့ အခြေခံသတိပေး စာတန်းအပြင် Certificate နဲ့ ပတ်သက်တဲ့ သတိပေးမှုကို color-coded domain highlighting ဖြင့် ပြုလုပ်ပါတယ်။

Phishing Scam များကို ဘယ်လိုကာကွယ်မလဲ

လုံခြုံစိတ်ချရတဲ့ ဆိုက်တွေဟာ အချက်အလက်တွေကို ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ ကြားဖြတ်ရယူခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆိုက်ဘာ ဒုစရိုက်သမားတွေကနေ phishing scam တိုက်ခိုက်မှုတွေနဲ့ တိုက်ရိုက် ပြုလုပ်နိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ Phishing scam အများစုဟာ ဘဏ်၊ အကြွေးဝယ်ကတ် ကုမ္ပဏီနဲ့ တခြား ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ တရားဝင် သတိပေးချက်များကဲ့သို့ ပြုလုပ်ကာ အသုံးပြုသူရဲ့ အကြွေးဝယ်ကတ်နံပါတ်များနဲ့ တခြား account အချက်အလက်တွေကို လိမ်လည် ရယူသွားနိုင်ပါတယ်။ ဒါကြောင့် ဘဏ်၊ အကြွေးဝယ်ကတ် ကုမ္ပဏီနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တောင်းခံလာတဲ့ email များ၊ pop-up များ၊ text message များနဲ့ ဖုန်းခေါ်ဆိုမှုများကို ပြန်လည် တုံ့ပြန်ခြင်း မပြုပါနဲ့။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့အခါမှာ အသုံးပြုသူမှ ဖုန်းခေါ်ခြင်းဖြင့်သာ စုံစမ်းအတည်ပြုသင့်ပါတယ်။

အွန်လိုင်းပေါ်တွင် ဈေးဝယ်ခြင်းကို လုံခြုံစိတ်ချစွာ  ပြုလုပ်ခြင်း

အွန်လိုင်းပေါ်မှာ ဈေးဝယ်ခြင်းဟာ ပြည်တွင်းမှာ မရရှိနိုင်တဲ့ ထုတ်ကုန်တွေကို ဝယ်ယူခွင့် ရရှိစေတဲ့အတွက် အဆင်ပြေစေတဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်ကနေ ငွေပေးချေမှု ပြုလုပ်တဲ့အခါမှာတော့ လိမ်လည်မှုတွေ ဖြစ်ပွားလာနိုင်ပါတယ်။ အွန်လိုင်းဈေးဝယ် ဆိုက်တစ်ခုကို အသုံးပြုတဲ့အခါမှာ အသုံးပြုနေတဲ့ဆိုက် လုံခြုံမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဝက်ဘ်ဆိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို သေချာစွာဖတ်ခြင်း၊ လုံခြုံရေးပရိုဂရမ်များကို အသုံးပြုခြင်းစတဲ့ ပုံမှန်ကြိုတင် ကာကွယ်မှုများကို ပြုလုပ်တဲ့ အလေ့အကျင့် ရှိရပါမယ်။

ခြေရာခံနိုင်တဲ့ အချက်အလက်တွေ မကျန်ပါစေနဲ့

ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်တွေကို ပြုလုပ်တဲ့အခါမှာ private browsing  session  ကနေ ပြုလုပ်သင့်ပါတယ်။ ဒါမှသာ browsing history, password တွေနဲ့ တခြား private data တွေကို သိမ်းဆည်းထားခြင်း မရှိသလို အသုံးပြုသူရဲ့ ကွန်ပျူတာကို တခြားသူတစ်ဦးမှ အသုံးပြုတဲ့အခါမှာလည်း ၎င်းတို့ကို အသုံးပြုနိုင်မှာ မဟုတ်ပေ။ နောက်ပြီး အသုံးပြုမှု ပြီးဆုံးသွားတဲ့အခါမှာ ဝက်ဘ်ဆိုက်ကို log off လုပ်ခြင်း ဒါမှမဟုတ် browser window အားလုံးကို ပိတ်ပစ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ဖြစ်နိုင်ပါက ဘဏ္ဍာရေး လုပ်ငန်းကိစ္စတွေကို ဝေမျှအသုံးပြုနေတဲ့ ကွန်ပျူတာပေါ်ကနေ ပြုလုပ်ခြင်း ဒါမှမဟုတ် public wireless  Internet  connection ပေါ်ကနေ ပြုလုပ်ခြင်းတို့ကို ရှောင်ရပါမယ်။

Back ခလုတ်ကို နှိပ်တဲ့အခါ သတိထားပါ

အွန်လိုင်းစတိုးတစ်ခုကနေ ဝယ်ယူမှုတစ်ခုကို ပြုလုပ်လိုက်တဲ့အခါမှာ အဆိုပါဆိုက်ဟာ အသုံးပြုသူ ဝယ်ယူလိုက်တဲ့ အချက်အလက်တွေကို စုဆောင်းထားပါတယ်။ အကယ်၍ အချက်အလက်တွေကို ထည့်သွင်းပြီးတဲ့နောက် Back ခလုတ်ကို နှိပ်လိုက်မိတဲ့အခါမှာ အချက်အလက်ကို နောက်တစ်ကြိမ် ပေးပို့မိသလို ဖြစ်သွားနိုင်တဲ့အတွက် ငွေပေးချေတဲ့အခါမှာ နှစ်ဆ ပေးချေရနိုင်ပါတယ်။ ဘဏ်ဝက်ဘ်ဆိုက်ပေါ်ကနေ ငွေလွှဲပြောင်းမှု ပြုလုပ်စဉ်အတွင်း Back ခလုတ်ကို နှိပ်မိတဲ့အခါမှာလည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်နိုင်ပါတယ်။ အကယ်၍ Back ခလုတ်ကို မတော်တဆ နှိပ်မိလိုက်ပြီဆိုရင်တော့ အသုံးပြုသူရဲ့ browser ကနေ "send the form again" ဆိုပြီး မေးပါလိမ့်မယ်။ "Cancel" ကိုနှိပ်မှသာ အချက်အလက်တွေကို နောက်တစ်ကြိမ် ပေးပို့ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။ 

ကွန်ပျူတာမှာ Explorer.exe မတက်တော့ရင်



Photo
Virus ကြောင့်ပဲဖြစ်ဖြစ်၊ Window အသုံးပြုတာကြာလို့ပဲ ဖြစ်ဖြစ် Explorer.exe မတက်တော့ဘူး ဆိုရင်တော့  မတက်တဲ့ပြဿနာ ဖြစ်တတ်သူတွေအတွက် ရေးပေးတာပါ။ Explorer.exe မတက်တော့ဘူး ဆိုရင်တော့ Desktop မှာ ဘာတစ်ခုမှ မပေါ်ဘဲ Icon တွေရော Start Bar နဲ့အားလုံး တစ်ခုမကျန် ပျောက်နေပါတယ်။ အဲ့လိုမျိုး ပျောက်နေတဲ့အတွက် အသုံးပြုရတာ လုံးဝ အဆင်မပြေပါဘူး။ တချို့သိတဲ့သူတွေက Reg file ရေးပြီးထည့်တာတို့ Explorer ကို Replace ပြန်လုပ်ရတာတို့ လုပ်ကြပါတယ်။ အခုပြောမယ့် နည်းကတော့ အလွယ်လေးပါပဲ။ ပထမဆုံး Ctrl+Alt+Delete (or) Ctrl+Shift+Esc Key တွေကို တွဲနှိပ်ပြီး Task Manager ကိုခေါ်ပါ။ Task manager ပေါ်လာရင် File >New (run) ကိုခေါ်လိုက်ပြီး C:\windows လို့ရိုက်လိုက်ရင် Windows File ပေါ်လာပါလိမ့်မယ်။ (C:\Windows ဆိုတာက C: ဆိုတဲ့ Partition ထဲမှာရှိတဲ့ Windows ဆိုတဲ့ဖိုင်ကို ခေါ်တာပါ) အဲ့ဒီ Window File ထဲက Explorer.exe ကိုရှာပြီး Ctrl+C ဒါမှမဟုတ် Copy လုပ်ပေးပါ။ ပြီးတာနဲ့အဲဒီ Window File ထဲမှာပဲ ပြန် Ctrl+V ဒါမှမဟုတ် Paste လုပ်ပြီး rename နဲ့နာမည်တစ်ခု ပေးလိုက်ပါ။ ဥပမာ newexplorer.exe ပေါ့။ အဲ့ဒါတွေလုပ်လို့ ပြီးတာနဲ့ ခုနက ခေါ်ထားတဲ့ C: အောက်က window file ကိုပိတ်လိုက်ပြီး File >NewTask (run) ကနေ regedit လို့ရိုက်ပြီး လိုက်ရိုက်လိုက်ပါ။ registry ထဲမှာလဲ ဒီအတိုင်းသွားလိုက်ပါ။ HKEY_LOCAL_MACHING/ SOFTWARE/ Microsoft/ WindowsNT/ Current Version/ Winlogon အထိရောက်ရင် ညာဘက်အကွက်ထဲက Winlogon ရဲ့ Subkey တွေထဲမှာ Shell ကိုရှာပေးပါ။ Shell ကိုတွေ့ရင် နှစ်ချက်ကလစ်ပြီး Edit String ထဲက Value data မှာ Explorer.exe ကိုဖျက်ပြီး အပေါ်က Copy/ paste လုပ်ပြီး rename ပေးထားတဲ့အတိုင်း ထည့်လိုက်ပါ။ (ဥပမာ- ခုနက ထည့်ထားတာက newexplorer.exe ဆိုရင် အဲဒီလို ပြန်ပြောင်းပေးပါ။) အားလုံးပြီးရင် registry editor ကိုပိတ်ပြီးစက်ကို Restrat ချလိုက်ပါ။ ပြန်တက်လာရင် အဆင်ပြေသွားပါလိမ့်မယ်။

Andriod ဖုန်းတွေမှာ Virus မဝင်အောင် ကာကွယ်ပေးမယ့် Avast Software



Photo
Andriod ဖုန်းတွေဟာ ROOT လုပ်ထားရင် Game ဖြစ်ဖြစ်၊ Software ဖြစ်ဖြစ် ထူးထူးဆန်းဆန်းလေးတွေဆို ဖုန်းပိုင်ရှင်တွေက ထည့်ပြီး စမ်းသပ်ကြတာ များပါတယ်။  အဲဒီအတွက် Android ဖုန်းတွေထဲကို Virus တွေက ဝင်မှန်းမသိ ဝင်နေပြီး တချို့ Virus တွေက ကိုယ့်ရဲ့ လျှို့ဝှက်ထားတဲ့ Information တွေကို ခိုးယူသွားတတ်ပါတယ်။ အဲဒီအတွက် Virus ကာကွယ်ရေး Software တစ်ခုတော့ အနည်းဆုံး ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ အခုညွှန်ပြပေးချင်တဲ့ Software ကတော့ အခမဲ့လည်း ရသလို ပိုက်ဆံပေးပြီးလည်း အသုံးပြုနိုင်တဲ့ Software ပဲဖြစ်ပါတယ်။ အဲဒီ Software မှာပိုက်ဆံပေးပြီး အသုံးပြုရတဲ့ Software တွေလိုမျိုး Antivirus, RealTime protection, Customizable Update, Privicy Report, WebSheild, Call/SMS Filtering, Anti-Thief Feature, Remote Lock, Remote Locate, Remote Siren, SIM-Card-Change Notification, Firewall, Application Manager စသလို Software တွေပါရှိပြီး သူ့မှာ Contact Backup လုပ်ဖို့အတွက် တစ်ခုသာ မပါရှိတာပါ။ Anti-Virus Update လုပ်ချင်တယ်ဆိုရင်လည်း Online မှာ Direct Update လုပ်နိုင်စွမ်းရှိပြီး ကိုယ်တိုင်လည်း Update File တွေ ထည့်သွင်းပေးလို့ ရပါတယ်။ ပြီးတော့ ဒီ Avast Andriod Virus Protection ဟာ http://www.avast.com/free-mobile-security မှာတခြား Mobile Security Free Software များနဲ့ပါ သေချာ ယှဉ်ပြထားပါတယ်။ အကယ်၍ ကိုယ့်ရဲ့ Andriod ဖုန်းမှာ Virus မဝင်အောင် ကာကွယ်လိုတယ် ဆိုရင်တော့ www.avast.com/andriod မှာ Download လုပ်ယူလို့ရမှာပါ။

YTalk အကောင့်သည် ပြည်ပမှ ပြည်တွင်းသို့ ပြန်လည် ခေါ်ဆိုနိုင်ခြင်း မရှိသေး



Photo
ပြည်တွင်း၏ တရားဝင် အင်တာနက် ဖုန်းလိုင်းဖြစ်သော YTalk အင်တာနက် ဖုန်းလိုင်းသည် ပြည်တွင်းမှနေ၍ ပြည်ပရှိ တယ်လီဖုန်း လိုင်းများသို့သာ ခေါ်ဆိုနိုင်ပြီး ပြည်ပမှနေ၍ ပြည်တွင်းရှိ တယ်လီဖုန်းလိုင်းများသို့ ပြန်လည် ခေါ်ဆိုနိုင်ခြင်း မရှိကြောင်း  သိရသည်။ “VoIP ဖုန်းလိုင်းဆိုတဲ့ သဘောက အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို အကောင့်ရှိတယ် ဆိုတာနဲ့ အသုံးပြုနိုင်ရမှာပါ။ ကျွန်တော်တို့ စင်ကာပူ ရောက်သွားတယ်ဆိုရင် VoIP အကောင့်ရှိတယ် ဆိုတာနဲ့ ပြည်တွင်းက ဖုန်းလိုင်းတွေကိုလည်း ပြန်ခေါ်ဆိုနိုင်ပါတယ်။ YTalk ကတော့ သေချာ မသိသေးဘူး။ ကျန်တဲ့ VoIP အကောင့်တွေကတော့ အင်တာနက်ရှိတဲ့ နေရာတိုင်းကနေ အသုံးပြုနိုင်ကြတယ်” ဟု ဒဂုံမြို့နယ်ရှိ အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် YTalk အင်တာနက် ဖုန်းလိုင်းသည် လက်ရှိအချိန်၌ ရန်ကုန်မြို့ရှိ အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုခွင့် ပေးထားခြင်းဖြစ်ပြီး တခြားသော နေအိမ်သုံး နိုင်ငံခြား ဖုန်းခေါ်ဆိုမှု အကောင့်များကိုမှု အသုံးပြုခွင့်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။
 
“အင်တာနက်ဆိုင်တွေပဲ ပေးသုံးထားတယ်။ နေအိမ်သုံးတွေမျိုးကတော့ အသုံးပြုခွင့်ပေးဖို့ ပြောထားတုန်းပဲ ရှိသေးတယ်။ ပြည်ပကနေ ပြည်တွင်းကို အင်တာနက်ဖုန်း ပြန်လည်ခေါ်ဆိုတာကတော့ မရသေးပါဘူး” ဟု YTalk အင်တာနက်ဖုန်းလိုင်းအတွက် ဈေးကွက်နှင့် ဝန်ဆောင်မှုကို ပြုလုပ်ပေးနေသည့် VGM ကုမ္ပဏီမှ ဦးငြိမ်းသူက ပြောသည်။ ယခုလ ၁၀ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ အများပြည်သူသုံး အင်တာနက်ဆိုင် ၂၀၀ ခန့်တွင် YTalk အင်တာနက်ဖုန်း ခေါ်ဆိုသည့် စနစ်ကို စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူအရေအတွက်လည်း ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ YTalk အင်တာနက်ဖုန်းလိုင်းသည် ခေါ်ဆိုသည့် နိုင်ငံအပေါ်မူတည်၍ တစ်မိနစ်လျှင် ၁၅၀ ကျပ်နှင့် ၃၅၀ ကျပ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။
 
မြင့်ကျော်လှိုင်

RIM က အိန္ဒိယ၌ Blackberry ဆာဗာ တပ်ဆင်



Photo
BlackBerry ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပြုလုပ်သည့် Research In Motion (RIM) ကုမ္ပဏီမှ ၎င်း၏ အိန္ဒိယနိုင်ငံအတွက် ဆာဗာကို အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် အစိုးရ၏ သဘောတူညီမှုဖြင့် တပ်ဆင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း  သတင်းဌာန တစ်ခုမှ ပြောကြားခဲ့သည်။ The Times of India သတင်းဌာန၏ အဆိုအရ ၎င်းဆာဗာများကို တာဝန်ရှိသူများက ၎င်းတို့၏ စည်းမျဉ်းနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို စစ်ဆေးပြီး အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်များအတွင်းက RIM မှ ၎င်း၏ ဆာဗာများကို အိန္ဒိယ အစိုးရ၏ စစ်ဆေးခြင်းအား လက်ခံခြင်း မရှိသည့်အတွက် အိန္ဒိယ အစိုးရကလည်း Blackberry ဝန်ဆောင်မှုများကို နိုင်ငံတွင်း အသုံးပြုခြင်းကို ရပ်ဆိုင်းစေခဲ့သည်။ ကုမ္ပဏီအနေဖြင့် ၎င်း၏ လုပ်ငန်းများကို အိန္ဒိယနိုင်ငံ၌ ပြန်လည် အသုံးပြုနိုင်ရန် အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း ဆာဗာတပ်ဆင်ရန် အကြံပြုချက်ဖြင့် ပြန်လည် အသုံးပြုခွင့် ရရှိခဲ့သည်။ အိန္ဒိယ အစိုးရအနေဖြင့်လည်း RIM ၏ Blackberry ဆာဗာများကို လုံခြုံရေး စစ်ဆေးမှုအဖွဲ့ ဖွဲ့၍ စစ်ဆေးခဲ့ပြီး ယင်း platform ၌ ဥပဒေကို ထိပါးနှောင့်ယှက်မည့် အဖွဲ့များ အသုံးပြုခြင်းမရှိကြောင်း အတည်ပြုချက် ထုတ်ပြန်ပေးခဲ့သည်ဟု The Times of India သတင်းဌာနက ဖော်ပြထားသည်။

ဟေမာ
Ref: ZDNet Asia

ဖုန်းကို desktop ကွန်ပျူတာအဖြစ် ပြောင်းလဲနိုင်မည့် Ubuntu for Android



Photo
Canonical ကုမ္ပဏီမှ Ubuntu operating system အတွက် နောက်ဆုံးပေါ် မိုဘိုင်းဗျူဟာအဖြစ် Ubuntu for Android ကို ပွဲထုတ်မိတ်ဆက် ပေးခဲ့သည်။  မိုဘိုင်းနှင့် desktop ပေါင်းစပ်ထားသည့် အဆိုပါ platform သည် စမတ်ဖုန်းအား computing device အဖြစ် အသုံးပြုနိုင်စေမည်ဟု မျှော်လင့်ထားကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ Ubuntu for Android သည် စမတ်ဖုန်းပေါ်တွင် Google ၏ မိုဘိုင်း OS နှင့်အတူ အသုံးပြုနိုင်ပြီး HDMI မှတစ်ဆင့် ချိတ်ဆက် အသုံးပြုသည့် အခါမှသာ externa monitor ပေါ်တွင် dock တစ်ခု ပေါ်လာမည် ဖြစ်သည်။ Canonical မှ အမှုဆောင်ချုပ်ဖြစ်သူ Jane Silber က Ubuntu for Android on desktop နှင့် စမတ်ဖုန်းအား ထုတ်ကုန် တစ်ခုတည်းပေါ်တွင် အတူတွဲ အသုံးပြုနိုင်စွမ်းရှိကြောင်းနှင့် ၎င်းသည် Android ပေါ်တွင် သုံးနိုင်သည့် Ubuntu application တစ်ခုမဟုတ်ဘဲ စမတ်ဖုန်းကို Ubuntudesktop အတွေ့အကြုံ အပြည့်အဝ ပေးစွမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်း platform သည် ချိတ်ဆက်သည့် ထုတ်ကုန်များကို ရှာဖွေသိရှိနိုင်ပြီး ဥပမာ အနေဖြင့် TV dock တွင်ထားပြီး အသုံးပြုသည့်အခါ Ubuntu for Android အစား Ubuntu TV UI ဖြင့် boot လုပ်မည် ဖြစ်ကြောင်း သိရသည်။ Ubuntu for Android သည် dock လုပ်လိုက်သည့် အခါမှသာ activate ဖြစ်သည့်အတွက် ယင်းမတိုင်မီအထိ Android အတွေ့အကြုံများကို စမတ်ဖုန်းတွင် ထောက်ပံ့ပေးမည် ဖြစ်သည်။ Dock ၌ activate ဖြစ်သည့်အခါတွင် Ubuntu for Android သည် web browsing session များနှင့် email ဖန်တီးမှုများ အတွက် tab နှင့် window များကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်စရာမလိုဘဲ အလိုအလျောက် ပြန်လည် အသုံးပြုနိုင်စေမည် ဖြစ်သည်။ ထို့အပြင် အဓိက စမတ်ဖုန်း function များဖြစ်သော contact management, text messaging, email နှင့် phone handling တို့အား အသုံးပြုနိုင်မည်ဟု သိရသည်။ စမတ်ဖုန်းပေါ်တွင် သိုလှောင်ထားသည့် မီဒီယာ အားလုံးကို အသုံးပြုနိုင်စေမည့် အပြင် ထည့်သွင်းထားသည့် Android apps များကိုလည်း ဖော်ပြပေးမည် ဖြစ်သည်။ Ubutun for Android ကို ဖုန်းထုတ်လုပ်သူများမှ ဖုန်းအတွင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး hardware အထောက်အပံ့ အနေဖြင့် ဖုန်းတွင် USB နှင့် HDMI တို့ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထုတ်ကုန်များကို လက်ရှိတွင် မတွေ့မြင်ရသေးသော်လည်း ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် မြင်တွေ့ရဖွယ် ရှိသည်။

နောင်နောင်
Ref: ZDNet Asia/Wired

Sunday, March 4, 2012

သားသမီးများ အင်တာနက် စွဲနေသည့် ရောဂါလက္ခဏာ ရှိမရှိ မိဘများ စောင့်ကြည့်သင့်


မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ အင်တာနက်စွဲနေမှု လက္ခဏာများကို အမြဲမပြတ် စောင့်ကြည့်သင့်သည်ဟု ဆိုသည်။  မိဘများအနေဖြင့် မိမိတို့ သားသမီးများ စွန့်ပယ်ခံရသကဲ့သို့ အထီးကျန်နေမှု မရှိစေသင့်ကြောင်း မိဘနှင့် သားသမီးတို့တွင် ပွင့်လင်းသော ဆက်ဆံရေးမျိုး ရှိရမည်ဖြစ်ကြောင်း ဂိမ်းကစားခြင်း အပေါ် စွဲလမ်းမှု ပြင်ပလူနာဌာနမှ စိတ်ပညာဆိုင်ရာ ညွှန်မှူး ကလာအပ်စ်ဝူဖလင်းက အကြံပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂိမ်းကစားခြင်းသည် အလွန်ဆွဲဆောင်မှု ပြုကြောင်း၊ အကြောင်းမှာ ဂိမ်းကစားခြင်းက တာဝန်သစ်များကို ဆက်လက် ဖြေရှင်းလိုသည့် ဆန္ဒကို တွန်းအားပေးသောကြောင့် ဖြစ်သည်ဟု မစ္စတာဝူဖလင်းက ပြောခဲ့သည်။
အလားတူပင် လူမှုရေး ကွန်ရက်နှင့် အွန်လိုင်းစကား အချေအတင် ပြောဆိုမှု တို့သည်လည်း စွဲလမ်းစေနိုင်ကြောင်း အွန်လိုင်းပေါ်မှ စွဲလမ်းမှု အရိပ်အယောင်များကို လက်ခံရန် ကြိုးစားပါက လက်တွေ့ဘဝတွင် စွမ်းဆောင်မှု လျော့နည်းလာနိုင်ဖွယ် ရှိကြောင်း အင်တာနက်တွင် မရေမတွက်နိုင်သော မိတ်ဆွေသူငယ်ချင်းများကို တွေ့ဆုံကာ မည်သည့်အခါမျှ အထီးမကျန်တော့သလို ခံစားလာရကြောင်း အွန်လိုင်းကို အတန်ကြာကြာ အသုံးပြုသူတို့ အနေဖြင့် အွန်လိုင်း အသုံးမပြုရ မနေနိုင်လောက်အောင် ဖြစ်လာတတ်ပြီး ထိခိုက် နစ်နာစေတတ်မှန်း သိနေလျှင်ပင် မသုံးစွဲရ မနေနိုင်လောက်အောင် ဖြစ်တတ်ကြောင်း၊ အကယ်၍ အွန်လိုင်း အသုံးပြုခြင်းကို တားမြစ်မှု ပြုလာပါက ရန်လိုခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် စိတ်ဖိစီးမှု ဖြစ်ခြင်း ကဲ့သို့သော ဆုတ်ယုတ်မှု ရောဂါလက္ခဏာများကို ပြသ လာတတ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ လက္ခဏာများ မိမိတို့၏ သားသမီးများတွင် ပြသလာပါက မိဘများအနေဖြင့် စွဲလမ်းမှုဆိုင်ရာ တတ်ကျွမ်း နားလည်သူတို့ထဲမှ အကြံဉာဏ် ရယူခြင်း ဖြစ်နိုင်သမျှ စိတ်ရောဂါဆိုင်ရာ ကုထုံးများကို ကုသမှု ခံယူစေသင့်ကြောင်း မစ္စတာဝူဖလင်းက အကြံပြုခဲ့သည်ဟု သိရသည်။ ဂျာမနီနိုင်ငံ၏ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်မှု အရ အသက် (၁၄) နှစ်မှ (၂၄) နှစ်အရွယ်ရှိ လူငယ်လူရွယ်များတွင် အင်တာနက် အသုံးပြုမှုအပေါ် စွဲနေသူများ ဖြစ်ပြီး ၄င်းတို့ထဲမှ ၂ ဒသမ ၄ ရာခိုင်နှုန်းမှာ အင်တာနက် စွဲနေသူများ အဖြစ် ထည့်သွင်းထားပြီး ၁၃ ဒသမ ၆ ရာခိုင်နှုန်းမှာမူ စွဲလမ်းမှု ပြဿနာ ရှိနေသူများ ဖြစ်သည်ဟု ဆိုသည်။ မစ္စတာဝူဖလင်းကမူ အင်တာနက် စွဲနေမှုနှင့် ပတ်သက်၍ မည်သည့် အချိန်အတိုင်းအတာ အထိ အွန်လိုင်း အသုံးပြုခြင်းက ဘေးကင်းစေနိုင်သည်ကို လမ်းညွှန်မှု ပြုနိုင်ကြောင်း နေ့စဉ် ၃ နာရီထက် လျော့နည်းစွာ အွန်လိုင်း အသုံးပြုခြင်းမှာ အင်တာနက် စွဲသူများ အဖြစ် ခေါ်ဆိုနိုင်မည် မဟုတ်သော်လည်း ၈ နာရီခန့် အသုံးပြုသူတို့မှာ အင်တာနက် စွဲနေသူများ ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Ref : Internet/KH

Microsoft Excel 2010 အသုံးပြုနည်း (E-Books)



 
 
 Microsoft Excel 2010 ကို အသုံးပြုချင်သူတွေ အတွက် Excel 2010 အသုံးပြုနည်း စာအုပ်လေးပါ .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 



Download လုပ်ရန် လင့်များ




အနာဂတ်တွင် တွေ့မြင်ရဖွယ်ရှိသည့် D-Can ကင်မရာ




Photo
စစ်တပ်သုံး အမျိုးအစား spotting scope နှင့် long-zoom တို့ ပါဝင်သည့် D-Can အမည်ရှိ ရှေ့ပြေးပုံစံ ကင်မရာကို ဒီဇိုင်နာ Jean-michel Bonnemoy ဆိုသူက မိတ်ဆက်ပေးခဲ့သည်။ ၎င်း ရှေ့ပြေးပုံစံ ကင်မရာတွင်ISO range 100 မှ 6,400 အထိ ထောက်ပံ့ပေးထားပြီး long-zoom မှန်ဘီလူးနှင့် ပုံရိပ် တည်ငြိမ်မှုအတွက် image stabilization လုပ်ဆောင်နိုင်စွမ်းများ ပါဝင်သည်။ High-definition LCD display မှတစ်ဆင့် ကင်မရာ၏ Live View function ကို အသုံးပြုနိုင်ပြီး audio headset, stereo microphone နှင့် external power supply တို့ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ရန်အတွက်လည်း external port များ ပါဝင်ကြောင်း သိရသည်။ ၎င်း ရှေ့ပြေးပုံစံ ကင်မရာသည် အမှန်တကယ် ထွက်ပေါ်လာသင့်ပြီး အကယ်၍ အိတ်ကပ်ထဲတွင် သက်သောင့်သက်သာ သိမ်းဆည်းထားနိုင်မည့် ပုံသဏ္ဍာန်ဖြင့် ထုတ်လုပ်ပါက အံ့အားသင့်ဖွယ်ရာတစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

နောင်နောင်
Ref: CNET Asia

Windows 8 တွင် SkyDrive app ပါဝင်မည် ဖြစ်ကြောင်း Microsoft အတည်ပြု

Photo

Windows 8 တွင် SkyDrive app ပါဝင်မည် ဖြစ်ကြောင်း Microsoft အတည်ပြု

By Internet Journal
Microsoft ၏ cloud သိုလှောင်မှု ထုတ်ကုန်ဖြစ်သော SkyDrive  ကို Metro-style app အဖြစ် Windows 8 တွင် ထည့်သွင်းမည် ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြု ကြေညာခဲ့သည်။ ထို့အပြင် SkyDrive ကို Internet Explorer အတွက် desktop app အနေဖြင့်လည်း ထည့်သွင်းပေးမည် ဖြစ်ပြီး ဝက်ဘ်ပေါ်မှ ဖိုင်များကို အဝေးထိန်းစနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း Building Windows 8 blog ၌ Microsoft က ဖော်ပြခဲ့သည်။ Microsoft သည် SkyDrive အား ဝက်ဘ်ဆိုက်တစ်ခုမှ Windows 8  သို့ ပြောင်းလဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ Windows အသုံးပြုသူများအား စစ်မှန်သည့် cloud ထုတ်ကုန်တစ်ခုအဖြစ် အသုံးပြုစေလိုသည့်အတွက် ဖြစ်ကြောင်း SkyDrive ပရိုဂရမ် မန်နေဂျာများဖြစ်သည့် Mike Torres နှင့် Omar Shahine  တို့က ပြောကြားသည်။ ၎င်းအပြင် Windows 8 နှင့် SkyDrive ကို အသုံးပြုခြင်းသည် ဖိုင်များအား ချက်ချင်းအသုံးပြုနိုင်မှာ ဖြစ်သလို PC များအကြား ရွှေ့ပြောင်းရာတွင်လည်း USB drive မလိုဘဲ ပြုလုပ်နိုင်မည်ဟု သိရသည်။ အထက်ပါ ကြေညာချက်သည် preview ဖြန့်ချိပေးခဲ့သည့် Mountain Lion တွင် iCloud ကိုပေါင်းစပ် ထည့်သွင်းမှု ပါဝင်ကြောင်း Apple မှ ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နောင်နောင်
Ref: CNET

LG Optimus 3D Max ကို MWC တွင် ပွဲထုတ်ပြသမည်


Photo

LG Optimus 3D Max ကို MWC တွင် ပွဲထုတ်ပြသမည်

By Internet Journal
ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျင်းပပြုလုပ်မည့် Mobile World Congress  ပြပွဲတွင် LG ကုမ္ပဏီမှ Optimus 3D Max Android စမတ်ဖုန်းကို မိတ်ဆက်ပြသမည်ဟု သိရသည်။ Code အမည် CX2 ဟုခေါ်ဆိုပြီး Optimus 3D 2 ဟူ၍ ကောလဟလ သတင်းများ ထွက်ပေါ်ခဲ့သည့် Optimus 3D Max တွင် 1.2GHz dual-core ပရိုဆက်ဆာ ပါဝင်ပြီး ဖုန်း၏ အထူမှာ ၉.၆ မီလီမီတာသာ ရှိသည်ဟု ဆိုသည်။ 5-megapixel ကင်မရာ ပါဝင်ပြီး 3D shortcut ခလုတ်တစ်ခု ပါဝင်သည်။ ၄.၃ လက်မအရွယ် Corning Gorilla Glass 2  display မှာ WVGA 800x480 pixels ဖြင့် ဖော်ပြပေးနိုင်သည်။ Gingerbread ကို အသုံးပြုထားသော်လည်း Ice Cream Sandwich သို့ update ပြုလုပ်နိုင်မည်ဟု သိရသည်။ ဈေးနှုန်း မသတ်မှတ်ရသေးသော်လည်း မတ်လတွင် ကိုရီးယား၌ စတင်ရောင်းချမည်ဖြစ်ပြီး ယင်းနောက်တွင် ဥရောပနှင့် ကျန်ကမ္ဘာ့နိုင်ငံများသို့ ရောင်းချမည်ဖြစ်သည်။

နောင်နောင်

Friday, March 2, 2012

အစိုးရသက်တမ်း တစ်နှစ်ပြည့်အဖြစ် နိုင်ငံတော်သမ္မတ လူထုကို တိုက်ရိုက် မိန့်ခွန်းပြော


Photo
နေပြည်တော်၊ မတ်လ ၁ ရက်။     ။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် ဒီကနေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က  ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် လူထုသို့  တိုက်ရိုက် မိန့်ခွန်း ပြောကြားပါတယ်။ အစိုးရသက်တမ်း တစ်နှစ်ပြည့်အဖြစ် နိုင်ငံတော်သမ္မတ ပြောကြားတဲ့ မိန့်ခွန်းကို ရုပ်မြင်သံကြား ဌာနတွေကနေ ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က တိုက်ရိုက် ထုတ်လွှင့်သွားခဲ့တာပါ။

မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ ၅၀၀၀ တန် မိုဘိုင်းဖုန်းကိစ္စ၊ ဝန်ထမ်းလစာတိုးရေး ကိစ္စတွေကို အလေးထား ပြောကြားသွားတာ တွေ့ရပါတယ်။ မိနစ် ၅၀ ကျော်ကြာ ပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းအပြည့်အစုံကို အောက်မှာ ဖော်ပြပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား - ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့်အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာကာလအတွင်း မိမိအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနဲ့ ရှေ့တွင် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ဤလွှတ်တော်မှတစ်ဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။ ပထမဦးစွာ နိုင်ငံတော် တစ်ဝန်းလုံးမှာရှိတဲ့ မိဘပြည်သူများအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်တို့အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် (၁) နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီလို (၁) နှစ်ပြည့် အခါသမယမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးများက တစ်ဆင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော်အုပ်ချုပ်မှု အာဏာကို အပ်နှင်းထားခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားပြီး ကျွန်တော်တို့အစိုးရရဲ့ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ ပတ်သက်လို့ အကျဉ်းချုံးပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လမ်းကြောင်းသစ်ကို စနစ်တကျ ကူးပြောင်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို ‘Burma Spring’  ‘Myanmar Spring’ အစရှိတဲ့ အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခံ နေရတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်မှန်ကန်တဲ့ အသွင်ကူးပြောင်းမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာနေပြီ ဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ဆင့်ပွားဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဗဟိုပြုပြီး ဒီမိုကရေစီ ခေတ်သစ် စနစ်သစ်ကို ကူးပြောင်းနေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလ တရားများ ထွန်းကားတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ပြီလားလို့ မေးရင် ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်း ကြရဦးမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ မြန်မာ့လူ့ဘောင်ကို တည်တံ့ခိုင်မာ ရှင်သန်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမယ့် ရေရှည်လုပ်ငန်းစဉ်ကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။ (၁) နှစ်ပြည့်ကာလမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ (၁) နှစ်က ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ အစိုးရအပေါ် သံသယရှိနေသူတွေ၊ မယုံမကြည် ဖြစ်နေသူတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ အစိုးရစနစ် မျိုးစုံကို တွေ့ကြုံခံစား ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ၊ ပကတိ အခြေအနေမှန်တွေကို ကြည့်ပြီး ကျွန်တော်တို့အစိုးရဟာ ဘယ်လို အစိုးရမျိုး ဖြစ်သလဲဆိုတာကို အကဲဖြတ်ကြမှာ ဖြစ်သလို၊ ဒီကနေ့ ကျွန်တော်တို့ အစိုးရ ဆောင်ရွက်နေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ် သမိုင်းကြောင်းအတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းသစ်အပေါ်မှာ လျှောက်လှမ်းနေရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ လေးလေးနက်နက် သိရှိနားလည် ခံယူထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်းအသစ် ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည် တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုရာမှာ ယခုလို ခေတ်တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို၊ စနစ်တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာရှိမှုတို့ဟာ သိပ်ကို အရေးကြီးပါတယ်။

မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ အခြေအနေများနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ဟာ မိဘပြည်သူများ အတွက် တစ်ကယ့်ကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ၊ စံနမူနာ သာဓက ပြုဖွယ်ရာ အောင်မြင်တဲ့ ကူးပြောင်းမှုကြီးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရောက်ရှိအောင် ဘယ်သူတွေ ဆောင်ရွက်ခဲ့တာလဲ။ ကျွန်တော်တို့ အစိုးရချည်း သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လွှတ်တော်အရပ်ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေး မဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော်စတဲ့ သက်ဆိုင်ရာ Stake holder တွေအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အကျဆုံးကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား မိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အစဉ်အမြဲ မော်ကွန်းတင် ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်မှုတွေကြားမှာ မြန်မာ့ဒီမိုကရေစီ ခေတ်သစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံး တက်ညီလက်ညီ ဖော်ဆောင်ခဲ့တဲ့ ဒီလမ်းကြောင်းမှန်ပေါ်မှာ ဆက်လက် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသားအားလုံး နောက်ကြောင်း ပြန်မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီတာတွေ ဖယ်ထားပြီး တူညီတာတွေ ပူးပေါင်းလုပ်ကိုင် သွားကြမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသည်ထက် ခိုင်မာလာမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

ကျွန်တော်တို့အစိုးရ စတင် တာဝန်ယူခဲ့ချိန်မှာပဲ မိဘပြည်သူတွေ အားလုံး လိုလားတောင့်တ နေခဲ့တဲ့ အဓိက ဆန္ဒ (၂) ရပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆန္ဒက ကျွန်တော်တို့ ပြည်သူတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေထိုင်လိုကြပါတယ်။ မိဘပြည်သူတွေရဲ့ ဒီဆန္ဒကို အခြေခံပြီး အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေး စတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွကို ကျွန်တော်တို့ အလေးပေးပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက် ပါဝင်နိုင်သူတွေအားလုံး ပါဝင်ခွင့်ရရှိရေး ဆိုတဲ့ All Inclusive Political Process ကို ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက် ခဲ့ပါတယ်။ ဒီကနေ့ဆိုရင်  ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့၊ ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဟာ သိသိသာသာ အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသစ် ပေါ်ထွန်းလာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ဆန္ဒ၊  ကျွန်တော်တို့အစိုးရရဲ့ စစ်မှန်တဲ့ စေတနာ၊ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို ဦးထိပ်ထားတဲ့ ခံယူချက် ဒါတွေနဲ့  ကျွန်တော်တို့ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်းနိုင်ငံရေး အင်အားစု အားလုံးဟာ အခြေခံဥပဒေ မူဘောင်အတွင်းကနေ ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာကျင့်သုံးပြီး ပြည်သူ့ ကိုယ်စားလှယ်တွေအဖြစ် ပါဝင်ဆောင်ရွက်နိုင်ဖို့ စိတ်အား ထက်သန်စွာ ကြိုးပမ်းလာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

အလားတူပဲ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ အားလုံး ပါဝင်ခွင့် ရရှိရေး အတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အစိုးရရဲ့ (၁) နှစ်တာကာလ သက်တမ်းအတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်း ရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ သမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်ရင် (၁) နှစ်အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် အကြိမ်ရေ အများဆုံးပေးခဲ့တဲ့ မှတ်တမ်းအသစ်လည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလ အတွင်းမှာ (၂) ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လမ်းဖွင့် ကြိုဆို ဖိတ်ခေါ်ခဲ့တာနဲ့အညီ နယ်ပယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေဟာလည်း တက်တက်ကြွကြွ စိတ်အား ထက်သန်စွာနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။

ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာရင့်သန်ဖို့ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေး မျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း အားလုံး Common Ground ရှာဖွေနိုင်ပြီး စုပေါင်းစွမ်းအားနဲ့ နိုင်ငံ တည်ဆောက်သွားနိုင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အနာဂတ်နဲ့ တိုက်ရိုက် ဆက်စပ်လျက် ရှိနေပါတယ်။  ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ All Inclusive Political Process မှာ ခေတ်အဆက်ဆက်က အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့  ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေအားလုံး တန်းတူရည်တူ ပါဝင်ခွင့် ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်းညီအစ်ကို တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည် မပေါ်ခဲ့တဲ့ အိပ်မက်၊ လွင့်ပြယ် ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် ထိတွေ့ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ  ကျွန်တော်တို့ အစိုးရ လက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားများ နည်းတူ ဗမာ ဆိုတာဟာလည်း ပြည်ထောင်စုကြီးထဲက တိုင်းရင်းသား လူမျိုးတစ်စု ဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံး မျှဝေရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ  ကျွန်တော်တို့ အစိုးရရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး  ကျွန်တော် ပြောပြချင်ပါတယ်။ (၁၈) နှစ်၊ (၁၉) နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်၊  ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တစ်ကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။  ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။  ကျွန်တော်တို့အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက် ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ  ကျွန်တော်တို့အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ  ကျွန်တော်တို့အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေး တာဝန်ကြီးတစ်ရပ် ဖြစ်ပါတယ်။ ဒီတာဝန်ကြီးဟာ ကျွန်တော်တို့အတွက် ခက်ခဲကြီးလေးတဲ့ တာဝန်ကြီး ဖြစ်မယ်ဆိုတာလည်း  ကျွန်တော်တို့ သိရှိ နားလည်ထားပါတယ်။

ဒါပေမယ့် ဒီတာဝန်ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။ အခုဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီးတဲ့ အချိန်မှာ ဒီယုံကြည်ချက်ဟာ ပိုပိုပြီး ခိုင်မာလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေ မရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပက မေးမြန်း နေကြတာတွေ ရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင်နေကြ ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကို ခုခံကာကွယ်ရုံကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ် တိုက်ခိုက်မှုတွေ မရပ်သေးတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြော ဖြစ်ပါတယ်။

ယနေ့ မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်ဘက်နဲ့တစ်ဘက် လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်။ ဒီအတွက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်၊ ကတိကဝတ်တွေ အပြန်အလှန် ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့ အစိုးရနဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်ဘေးသင့် တိုင်းရင်းသားတွေ အတွက် ထောက်ပံ့ ကူညီမှုတွေ၊ ပြန်လည်နေရာ ချထားရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးနေသလို ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီနိုင်အောင်လည်း လမ်းဖွင့်ဆောင်ရွက် ပေးနေပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဆင့် (၃) ဆင့် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ နှစ်ဖက် ရန်လိုမှုတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်း သတ်မှတ်နေရာမှအပ ကျန်နေရာ ဒေသများသို့ သွားရောက်ရာတွင် လက်နက် ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထားသည့် နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မယ့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။

ဒီအဆင့်ကို ပြီးမြောက်အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက် သဘောတူလိုက်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆွေးနွေးရမယ့် အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန် အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ဖို့၊ နိုင်ငံရေး ပါတီများ ထူထောင်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့၊ လွှတော်တွင်း ရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုတွေကို နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီး သဘောတူညီချက် ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တတိယ အဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။

ဤလွှတ်တော်ကြီး အတွင်းမှာပဲ ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သံန္နိဋ္ဌာန်ကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်။ ဒီလို ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို တက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသား တွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသား အားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန် နားလည် ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ဒေါက်တိုင်ကြီး (၃) ရပ်နဲ့ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများဆန္ဒနဲ့ သဘောတူ ပြင်ဆင်ပြီး မိမိတို့ရဲ့ လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီအဆင့် (၃) ဆင့်ဟာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မယ့် နိုင်ငံတော်ရဲ့ လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။ ဒီလမ်းပြမြေပုံကို လက်တွေ့ အကောင်အထည် ဖော်ရာမှာ အခြေခံ အဆောက်အအုံတွေ၊ စီးပွားရေး အခွင့်အလမ်းတွေ၊ စက်မှုဇုန်တွေ၊ ပြန်လည် နေရာချထားမှုနဲ့ ပြန်လည်ထူထောင် တည်ဆောက်မှုတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုအဆောက်အအုံတွေ စတဲ့ နည်းဗျူဟာ များစွာ ပါဝင်နေမှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အရိပ်အာဝါသ အောက်ကို ရောက်ရှိလာတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ အထိ ကျွန်တော်တို့ အစိုးရနဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။

သေနတ်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါ ရပ်တည် နေထိုင်နှိုင်ဖို့ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းတဲ့နေရာမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ ကူညီမှုတွေ ဖိတ်ခေါ် ကြိုဆိုပြီး ဘက်စုံထောင့်စုံ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့အညီ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော် မှီတင်း နေထိုင်တဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ဒီ Diversity ကြန်အင် လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့အကျိုး ထမ်းဆောင်ရမယ့် ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ မိဘပြည်သူအားလုံး လိုလားတောင့်တနေခဲ့တဲ့ အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေး ဆိုတဲ့ သမိုင်းပေးတာဝန်ကြီးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ ဖိအားပေးမှုကြောင့် ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒကို ကျွန်တော်တို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

ထာဝရ ငြိမ်းချမ်းရေးနဲ့အတူ အရေးကြီးတဲ့ ဦးစားပေး လုပ်ငန်းစဉ်ကတော့ မြန်မာ့စီးပွားရေး အမြန်ဆုံး ဦးမော့လာရေးပဲ ဖြစ်ပါတယ်။ မိဘပြည်သူ အားလုံးရဲ့ ဒုတိယဆန္ဒကတော့ ကျွန်တော်တို့နိုင်ငံကို စီးပွားရေးကောင်းမွန်ပြီး ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီး ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်နေသေးတဲ့၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားခြင်း မရှိသေးတဲ့၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ ခိုင်မာအားကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးတဲ့ အချိန်အခါမှာ နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြရမှာ အဆင်ပြေ လွယ်ကူစေဖို့ ဦးတည်ချက်ထားပြီး လုပ်ငန်းလိုင်စင်တွေ၊ ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေ လျင်လျင်မြန်မြန် ရရှိလာအောင် အလေးထား ဆောင်ရွက် ခဲ့ပါတယ်။ ပို့ကုန်နဲ့ ဆက်စပ်တဲ့ အခွန်အကောက်တွေကိုလည်း လျှော့ချဖယ်ရှား ပေးခဲ့ပါတယ်။ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားကိုလည်း ပြင်ပအခြေအနေနဲ့အညီ ယာယီပြောင်းလဲ သတ်မှတ်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှန်ကန်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို မထိခိုက်စေတဲ့ ငွေလဲလှယ်မှု နှုန်းထားတစ်ရပ် ရေရှည်ခိုင်ခိုင်မာမာ ထူထောင်နိုင်အောင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မလိုအပ်တဲ့ အပို ကုန်ကျစရိတ်တွေ လျော့နည်း သက်သာစေအောင်လည်း အုပ်ချုပ်ရေး ယန္တရားရဲ့ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ရာမှာ ဆန်စပါး လွတ်လပ်စွာ တင်ပို့ခွင့်၊ စက်သုံးဆီ ဈေးနှုန်း၊ တယ်လီဖုန်း ဈေးနှုန်း၊ မော်တော်ကား ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း Transactional Cost တွေ လျော့နည်းကျဆင်းသွားအောင် ဆောင်ရွက်နေပါတယ်။ လက်ရှိ ပြည်သူများအကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ငါးထောင်တန် မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက် များနဲ့အညီ အကောင်းဆုံး နည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေး ယန္တရားစနစ်တွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ လျော့နည်းစေရေးအတွက်လည်း ရေရှည်ကာလမှာ မော်တော်ကား ဈေးနှုန်းတွေကို နိုင်ငံတကာနည်းတူ လျော့ကျလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး နယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများကိုလည်း စွမ်းဆောင်ရည် မြင့်မားလာအောင် ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အရင်းအနှီး ဈေးကွက်၊ ငွေကြေး ဈေးကွက် ထွန်းကား ရှင်သန်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်သလို အများပိုင် ကုမ္ပဏီတွေ တိုးပွား ရှင်သန်လာအောင်လည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ခိုင်မာအားကောင်းလာအောင် မြှင့်တင် ပျိုးထောင်ပေးနေသလို အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာ တိုးမြှင့်ရရှိစေရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် ချယ်လှယ် ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမှီ ရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းလဲရာမှာလည်း လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေဖို့၊ မညီမျှမှုများ မဖြစ်ပေါ်စေဖို့၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတား မဖြစ်စေဖို့ အဘက်ဘက်က သုံးသပ်ပြီး ဆောင်ရွက်နေပါတယ်။ ပွင့်လင်းမြင်သာမှုရှိပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ စီးပွားရေးလုပ်ငန်း နယ်ပယ်တွေ ထွန်းကားရှင်သန်လာအောင်၊ စီးပွားရေးလုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ရလွယ်ကူပြီး ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်မြင့်မားစေမယ့် စီမံကိန်းတွေကိုလည်း ချမှတ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စီးပွားရေး နယ်ပယ်မှာ ပြည်တွင်း၊ ပြည်ပ တတ်သိပညာရှင်များရဲ့ တန်ဖိုးကြီးမားတဲ့ အကြံဉာဏ်တွေကို အလေးအနက်ထားပြီး ပုဂ္ဂလိကကဏ္ဍရဲ့ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးနေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစားတစ်ခုတည်း၊ အသိုင်းအဝိုင်းတစ်ခုတည်း တိုးတက်ကြီးပွားစေရေး မဟုတ်ဘဲ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ခုလုံး အတွင်းမှာ ရှိတဲ့အလွှာအားလုံး၊ လူတန်းစားအားလုံး၊ နိုင်ငံသားအားလုံး လွှမ်းခြုံပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့ လူနေမှု အဆင့်အတန်းတွေ မြင့်မားလာဖို့၊ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ တိုးတက် မြင့်မားလာဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့အထိ ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ လူလတ်တန်းစား အရေအတွက် တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နေသလိုပဲ အောက်ခြေ ပြည်သူများအတွက်လည်း တစ်ဦးချင်းဝင်ငွေ မြင့်မားလာဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာဖို့အတွက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍစတဲ့ နယ်ပယ်အသီးသီးမှာ တစ်မျိုးသားလုံးရဲ့ စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံး ဟန်ချက်ညီ တိုးတက်လာဖို့ ပြည်တွင်း၊ ပြည်ပ အရင်းအနှီး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖိတ်ခေါ်စုစည်းပြီး ညီညွတ်မျှတပြီး သဟဇာတဖြစ်တဲ့ စီးပွားရေး ပတ်ဝန်းကျင်သစ် တစ်ရပ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

ကျွန်တော်နဲ့တစ်ကွ ဒုတိယသမ္မတ (၂) ဦးနဲ့ တပ်မတော် ခေါင်းဆောင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်/ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ ဥပဒေပြုရေးနှင့် တရားရေး မဏ္ဍိုင်ဘက်က တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်လိုတဲ့ စိတ်ဆန္ဒတွေ တစ်စိတ်တည်း တစ်ဝမ်းတည်းပဲ ရှိနေပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုး အဖုံဖုံ ဝေဖန် ပြောကြားနေကြတာတွေလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အပြုသဘော မဆောင်တဲ့ ကောလဟာလတွေလည်း ကျွန်တော်တို့ ကြားသိနေပါတယ်။ ကျွန်တော်တို့ အစိုးရဟာ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြား ခြားနားတာကလွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ခေတ်သစ်၊ စနစ်သစ်တစ်ခုကို ကူးပြောင်းရုံသာမက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့စည်းကြီး တစ်ခုလုံးကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းကြီးအဖြစ် ပြောင်းလဲမြှင့်တင် ပုံဖော်နေကြရတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရ အနေနဲ့ ခိုင်မာအားကောင်း တောင့်တင်းနေဖို့ အရေးကြီးပါတယ်။

အသွင်ကူးပြောင်းရေး တာဝန်ကို ပခုံးထမ်းထားရတဲ့ အစိုးရအဖွဲ့ဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တည်တည် ငြိမ်ငြိမ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ဖော်ဆောင် သွားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လျှောက်လှမ်းတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ခိုင်မာရင့်မာဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ကက်ဘိနက် အစည်းအဝေးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မလိုအပ်တဲ့ အချိန်ကုန်မှုတွေကို အနည်းဆုံးအဆင့်အထိ လျှော့ချပြီး နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင် ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ အနေနဲ့လည်း အစည်းအဝေးတွေ ဆက်တိုက်ကျင်းပပြီး အချိန်ကုန်မနေကြဘဲ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို စွမ်းအားကုန် ဖြည့်ဆည်းပေးပြီး ပြည်သူလူထု စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို ရှေ့ရှု ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေတဲ့ အဂတိ လိုက်စားမှုဆိုတဲ့ အမျိုးသားရေး စိန်ခေါ်မှုကြီးဟာ ခေတ်စနစ်နဲ့အတူ ပေါက်ဖွား ရှင်သန်လာခဲ့တာ ဖြစ်တဲ့အတွက် ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင်၊ သက်သာချောင်ချိရေး၊ ပြန်လည် စောင့်ကြည့်ရေး၊ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင် မြှင့်တင်ရေးအစရှိတဲ့ ဘက်စုံချဉ်းကပ်မှု နည်းလမ်းတွေနဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်အထိ အုပ်ချုပ်ရေးယန္တရား ပြန်လည် ဖွဲ့စည်းတည်ဆောက်ရာမှာ ခေတ်အဆက်ဆက် စူးဝင်နေခဲ့တဲ့ ဆူးချွန်တွေကို ဖယ်ရှားပစ်ဖို့ ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြောင်းလဲတည်ဆောက်ရတာ ဖြစ်ပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း လုပ်ငန်းစဉ် ပီပြင် ခိုင်မာလာတာနဲ့မျှ အဂတိလိုက်စားမှုတွေ သိသိသာသာ လျော့နည်းပပျောက်သွားစေမှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုကို အချိန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ ငွေရေးကြေးရေး အခြေအနေ၊ ပြည်ပကြွေးမြီ၊ ဘတ်ဂျက်လိုငွေစတဲ့ မက်ခရိုစီးပွားရေး အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အခြေအနေအချိန်အခါ သင့်ရင်သင့်သလို လစာ၊ စရိတ်တွေ တိုးမြှင့်ပေးနိုင်အောင်လည်း ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ စတင် လွှဲပြောင်းရယူချိန်ကစပြီး မြင့်မားတဲ့ လစာနှုန်းထားတွေကို ရယူခံစားခြင်း မပြုဘဲ ယခင်အစိုးရ လက်ထက်က နှုန်းထားအတိုင်း ရယူခံစားနေကြသူတွေ ဖြစ်ပါတယ်။ လူတန်းစား ကွာဟချက်တွေ၊ ဆင်းရဲ နွမ်းပါးမှုတွေ ကြီးကြီးမားမား တည်ရှိနေသေးပြီး ပြည်သူတစ်ဦးချင်း ဝင်ငွေ နိမ့်ကျနေသေးတဲ့ ဒီကနေ့ဒီအချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ အပြည့်အဝ ဖြည့်ဆည်းနိုင်အောင်၊ မိမိတို့ကြောင့် ဖြစ်ပေါ်ရတဲ့ အပိုကုန်ကျ စရိတ်တွေ လျော့နည်း ပပျောက်သွားအောင် စိတ်ရင်းစေတနာ အရင်းခံပြီး ထမ်းဆောင်သွားကြဖို့ ပြောကြားလိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရဝန်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ (၃.၃%) ခန့် ရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ အစိုးရ ဝန်ထမ်းမဟုတ်သော သာမန်လက်လုပ်လက်စား ပြည်သူ (၉၆.၇%) ခန့်ကိုလည်း ပြန်လည်ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှုတွေကြောင့် အရပ်ရပ် ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေ လစာ တိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရဝန်ထမ်း မဟုတ်တဲ့ (၅၈) သန်းသော ပြည်သူတွေဟာ ဒီ နောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ယန္တရား တစ်ရပ်တည်းကိုပဲ အလေးပေး စဉ်းစားလို့မဖြစ်တဲ့ အခြေအနေမှာ ကျွန်တော်တို့အနေနဲ့ လစာ သို့မဟုတ် ထောက်ပံ့ ကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ နိုင်ငံတော်တာဝန် စတင်ရယူချိန်ကစပြီး ကျေးလက်ဒေသမှာရှိတဲ့ မိဘပြည်သူတွေ၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာရှိတဲ့ မိဘပြည်သူတွေ အတွက် ဦးစားပေးအဆင့် အမြင့်ဆုံးချမှတ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီတာဝန်ဟာ ပါးစပ်က ပြောသလောက် မလွယ်ကူဘဲ လက်တွေ့ အကောင်အထည် ဖော်ရာမှာ ကြီးမားတဲ့အတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းအသစ်နဲ့ ကျွန်တော်တို့ မြေစမ်းခရမ်းပျိုး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဆိုတာ ရေတိုကာလအတွင်း လျင်လျင်မြန်မြန် တိုက်ဖျက်သွားနိုင်ဖို့ မလွယ်ကူမှန်း သိပေမယ့်လည်း ဆင်းရဲနွမ်းပါးတဲ့ မိဘပြည်သူတွေ အတွက် ကူညီထောက်ပံ့မှုတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကျန်းမာရေး၊ လူမှုဖူလုံရေးစတဲ့ လူသား ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ရပ်တည် နိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပုဂ္ဂလိက၊ NGO ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူပြီး ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထောင်စုနှစ် ရည်မှန်းချက်များနဲ့အညီ ကျွန်တော်တို့ နိုင်ငံမှာ (၂၆%) ရှိနေတဲ့ ဆင်းရဲနွမ်းပါးမှု နှုန်းထားကို ၂၀၁၅ ခုနှစ်ရောက်ရင် (၁၆%) အထိ လျှော့ချနိုင်ဖို့၊ LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီ (၂၆%) သော ပြည်သူများရဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယူနီဗာဆယ် ကျန်းမာရေး အာမခံစနစ်သစ် တစ်ရပ် ပေါ်ထွန်းလာဖို့လည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍ ပြင်ပအလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာအောင်လည်း ဒေသအနေအထားပေါ် မူတည်ပြီး စက်မှုလုပ်ငန်းတွေ ထွန်းကားလာအောင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေမှာလည်း ကျွန်တော်တို့ရဲ့ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်အရ ပြန်လည်ရင်ကြားစေ့ လာကြမယ့် တိုင်းရင်းသား လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ခြုံငုံချိတ်ဆက် ပါဝင်နိုင်အောင် ဆောင်ရွက်နေပါတယ်။

ရေတိုကာလမှာ ရသင့်ရထိုက်တဲ့ အခွန်အခတွေ တိုးမြှင့်ရရှိလာအောင် ဆောင်ရွက်ရာမှာ မိဘပြည်သူများရဲ့ လူမှု- စီးပွားဘဝများကို မထိခိုက်စေအောင် အဘက်ဘက်မှ ခြုံငုံသုံးသပ်ပြီး ဆောင်ရွက်နေသလို နိုင်ငံတော်ရဲ့ ယိုပေါက်၊ ဟာပေါက်တွေ ပိတ်နိုင်အောင်လည်း ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ ထိန်းကျောင်း ဆောင်ရွက်သွားနေပြီ ဖြစ်ပါတယ်။ ရေရှည်ကာလမှာတော့ ညီမျှမှု Equality နဲ့မျှတမှု Fairness ဆိုတဲ့ အနေအထား (၂) ရပ်အကြားမှာ လိုက်လျောညီထွေ ဖြစ်စေမယ့် အခွန်ဥပဒေတစ်ရပ်ကို ခေတ်စနစ်နဲ့သာမက မိဘပြည်သူများရဲ့ ပကတိ အခြေအနေမှန်နဲ့အညီ တစ်ဦးချင်း ဝင်ငွေနိမ့်ကျတဲ့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်လုပ်နိုင်တဲ့ နိုင်ငံသားတိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်အောင် မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ စက်မှုဇုန်တွေ ထူထောင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ စီးဝင်လာအောင် ဆောင်ရွက်နေပြီ ဖြစ်သလို ဒီရင်းနှီးမြှုပ်နှံမှုတွေကို ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်အောင်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ရာမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ထူထောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးနဲ့ မြန်မာ့စီးပွားရေး ဦးမော့လာရေး အတွက် အဓိက အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီ ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ခေတ်စနစ်နဲ့ညီတဲ့ သင်ရိုးညွှန်းတမ်း တွေကိုသာမက စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကောလိပ်၊ တက္ကသိုလ်တိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေမှာဖြစ်သော်လည်း တစ်ချိန်မှာ မိမိတက္ကသိုလ်နဲ့ မိမိ စီမံအုပ်ချုပ်ပိုင်ခွင့် ရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခြေခံပညာ စာသင်ကျောင်းတိုင်းမှာ စာကြည့်တိုက်တွေ ရှိရမှာဖြစ်သလို ကောလိပ်၊ တက္ကသိုလ်တွေ အားလုံးမှာလည်း သမားရိုးကျ စာကြည့်တိုက်တွေသာမက နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့ အွန်လိုင်း စာကြည့်တိုက်တွေရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသိပညာ အခြေခံတဲ့ စီးပွားရေးစနစ်ကို မျှော်မှန်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ဆရာ၊ ဆရာမများရဲ့ အရည်အချင်းကို မြှင့်တင်ရမှာ ဖြစ်သလို စာသင်ကျောင်းတွေရဲ့ အရည်အသွေးကိုလည်း စဉ်ဆက်မပြတ်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

နည်းပညာခေတ်၊ ပညာခေတ်မှာ ကျွန်တော်တို့နိုင်ငံ နောက်ကျကျန်ရစ်ခဲ့တဲ့ Digital Divide ကို လျော့နည်းပပျောက်စေရန်လည်း အင်တာနက် ချိတ်ဆက်မှုတွေ၊ လက်တွေ့အသုံးချ Telecommunication ကွန်ယက်တွေ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အတွက် လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးကဏ္ဍမှာ ယခင်ထက် လေးဆ တိုးမြှင့်သုံးစွဲပြီး ပညာရေးကဏ္ဍမှာ ယခင်ထက် နှစ်ဆ တိုးမြှင့်သုံးစွဲထားဖို့ လျာထားနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အခြေခံခိုင်မာလာပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ တိုးတက်မြင့်မားလာတာနဲ့အမျှ ရေမြင့် ကြာတင့်ဆိုသလို လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားပေးမြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ သဘာဝအရင်းအမြစ် ထုတ်ယူရေးကို အခြေခံတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ နေရာမှာ ကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အစားထိုး ဝင်ရောက်လာအောင် မူဝါဒအသစ်များ ချမှတ်ပြီး ပြည်တွင်း၊ ပြည်ပ တတ်သိပညာရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ဆောင်ရွက်နေပါတယ်။

မက်ခရိုစီးပွားရေး ခိုင်မာကောင်းမွန်အောင် တစ်ဘက်က တည်ဆောက်နေသလို တစ်ဘက်ကလည်း အခြေခံ အဆောက်အအုံ၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်လုပ်သား၊ နည်းပညာ မြှင့်တင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တရားဥပဒေ အခြေခံ ဖွဲ့စည်းတည်ဆောက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးနယ်ပယ်၊ ပုဂ္ဂလိက ပါဝင်မှု အချိုးအစား မြှင့်တင်ရေး အစရှိတဲ့ ဘက်စုံ လွှမ်းခြုံပါဝင်တဲ့ အစီအမံများကို ရေတို ရေရှည် ချမှတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအသွင် ကူးပြောင်းရေး၊ နိုင်ငံတော်သစ် တည်ဆောက်ရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး လိုက်ပါမြင့်တက်လာရေး စတဲ့ တာဝန်ကြီး (၃) ရပ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ မျှော်မှန်းတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုဟာ Environmentally Sustainable ဖြစ်ရပါမယ်၊ Socially Sustainable ဖြစ်ရမယ်၊ Economically Sustainable ဖြစ်ရမယ်ဆိုတဲ့ အခြေခံ မူဝါဒကြီး (၃) ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပ ထောက်ပံ့ကူညီမှုတွေကိုပါ ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ဖို့လည်း တံခါးဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ကူညီမှု (၁) ဒေါ်လာ ပြုလုပ်တိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ မြန်မာ ပြည်သူများရဲ့ အကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် (၁) ဒေါ်လာ ထည့်ဝင်ရာ ရောက်တဲ့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းစ ကျွန်တော်တို့နိုင်ငံ နောက်ပြန် လန်ကျမသွားစေဖို့ အခြေအနေမှန်များကို နက်နက်ရှိုင်းရှိုင်း သိမြင် နားလည်ပြီး ကူညီဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါတယ်။

နာယကကြီး ခင်ဗျား-

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ ပဋိညာဉ် မူဘောင်ကြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာဏာ (၃) ရပ်ကို အညီအမျှ ခွဲဝေပေးထားတာ ဖြစ်ပါတယ်။ ဒီအာဏာကြီး (၃) ရပ်ကို အညီအမျှ ခွဲဝေကျင့်သုံးပြီး စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း မီဒီယာတွေ၊ ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ မိဘပြည်သူတွေနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ ဆက်လက် ဆောင်ရွက်သွားကြမယ်ဆိုရင် ကျွန်တော်တို့အားလုံး မျှော်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး လူသားဂုဏ်ရည်မြင့်မားတဲ့ ဒီမိုကရေစီ လူ့ဘောင်ကြီး ဖြစ်ပေါ်လာရေးအတွက် အခြေခံ အကျဆုံးကတော့ ဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်အရပ်ရပ်က ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်း၊ ဒီဥပဒေတွေနဲ့အညီ ကျွန်တော်တို့အစိုးရက အုပ်ချုပ်၊ ဒီဥပဒေတွေနဲ့အညီ တရားစီရင်ရေး မဏ္ဍိုင်က လိုက်နာ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး ယန္တရားမှာ Rule of Law ရှိရပါမယ်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြရာမှာ Rule of Law ရှိရပါမယ်။ လူမှုဖူလုံရေး အတွက်လည်း Rule of Law ရှိရပါမယ်။ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာလည်း Rule of Law ရှိရပါမယ်။

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာလည်း Rule of Law ရှိရပါမယ်။ တရားစီရင်ရေးမှာလည်း Rule of Law ရှိရပါမယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး Rule of Law နဲ့အညီ ဆောင်ရွက်နိုင်ပြီဆိုရင် လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ ဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံ တည်ဆောက်ရေး အဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီ ညွတ်ညွတ် စုပေါင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ ရှိနေကြတဲ့ ကျွန်တော်တို့ အားလုံးဟာလည်း ဒီမိုကရေစီနိုင်ငံနဲ့ ထိုက်တန်တဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီဆိုတာကို အားလုံးက ယုံယုံကြည်ကြည် လက်ခံနိုင်ပြီဆိုရင် နောက်ကြောင်းက အတွေးအခေါ်တွေ၊ အမူအကျင့်တွေဟာလည်း အပြန်အလှန် ထိန်းကျောင်းမှုနဲ့ တဖြည်းဖြည်းချင်း ပပျောက်သွားမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေ ပြောင်းလဲစေဖို့ Rule of Law နဲ့ အားဖြည့်ပေးရပါမယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ဝိုင်းကူကြရပါမယ်။ တန်းတူရည်တူ၊ သာတူညီမျှ စိတ်ထားတွေနဲ့ တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုဟာလည်း အဓိကကျနေသလို နိုင်ငံတကာ မိသားစုအသိုင်းအဝိုင်းရဲ့ လက်ခံအားပေးမှု၊ ကူညီ ပံ့ပိုးမှုတွေကလည်း အထူးပဲ အရေးပါနေပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ သိသိသာသာ တိုးတက်လာတဲ့ နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပြီး ကျွန်တော်တို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အမျိုးသားရေး အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရာမှာ ခေတ်အဆက်ဆက် ဖြောင့်မတ်မှန်ကန်စွာ ကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကိုပဲ ဆက်လက် ကိုင်ဆွဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ အရှေ့-အနောက် ခွဲခြားခြင်း မရှိဘဲ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံသွားမှာ ဖြစ်သလို နိုင်ငံတကာ မိသားစုရဲ့ အားပေးကူညီမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေကို နွေးထွေးစွာ လက်ကမ်းကြိုဆိုသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံ၊ နိုင်ငံသားတွေရဲ့ အမျိုးသားရေး အကျိုးစီးပွား၊ အချုပ်အခြာအာဏာ မထိပါးစေအောင်လည်း ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့အစိုးရဟာ မိဘပြည်သူများက ယုံယုံကြည်ကြည် လေးလေးနက်နက် အပ်နှင်းလာတဲ့ တာဝန်တွေ၊ ကျွန်တော်တို့ ကျေပွန်ရမယ့် ဝတ္တရားတွေကို ဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင့်အာဏာများကို တော်တည့်မှန်ကန်စွာ ခွဲဝေကျင့်သုံးပြီး အထက်အောက် တာဝန်ယူမှု၊ တာဝန်သိမှုတွေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ (၁) နှစ်တာ ကာလအတွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေကိုလည်း အများအပြား တွေ့ကြုံခဲ့ရပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံတော် တည်ဆောက်ရေးမှာ အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လျင်လျင်မြန်မြန် ထွက်ပေါ်လာဖို့ လိုသလို ဒီအပြောင်းအလဲတွေ ခိုင်မာဖို့ အထူး အရေးကြီးပါတယ်။ နိုင်ငံတကာ ရေစီးကြောင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်း ရေးစီးကြောင်းနဲ့ ပေါင်းစည်းနိုင်ခြင်း မရှိဘဲ နောက်ကျကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အတွင်း၊ အပြင် သင်ခန်းစာတွေ ရယူပြီး အကျိုးရှိရှိ သုံးသပ်မြော်မြင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ နိုင်ငံတံခါး ဖွင့်လိုက်တာနဲ့အမျှ အခွင့်အလမ်းတွေနဲ့အတူ တွဲလျက် ပါလာတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ သတိကြီးကြီးထားပြီး မဏ္ဍိုင်အရပ်ရပ်၊ လူ့အဖွဲ့အစည်း အသီးသီးက စနစ်တကျ ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရ အပါအဝင် မိဘပြည်သူအားလုံး လျှောက်လှမ်းနေတဲ့ သမိုင်းဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးဟာ အင်မတန်မှ ကြီးမားကျယ်ပြန့်ပြီး အလွန်တရာမှလည်း ခက်ခဲနက်နဲလှပါတယ်။

ကျွန်တော်တို့လို အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေအပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး အတွင်းမှာ နစ်ဝင်နေတဲ့ အတွင်းဒဏ်ရာတွေကိုလည်း ပျောက်ကင်းအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ သက်တမ်းအပြင် နောင်လာမယ့် အစိုးရအဆက်ဆက် လက်ထက်မှာလည်း ခိုင်မာသည်ထက် ခိုင်မာအောင် မိဘပြည်သူများ အားလုံး၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးက ဆက်လက်ပြီး ကြိုပမ်း တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင်ပြီး ရှင်သန်ခိုင်မာတဲ့ အဆင့်ရောက်ဖို့ ကျွန်တော်တို့ နောက်ထပ်များစွာ ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဲ့ ယန္တရားတွေ ဒီထက်ပိုမို စွမ်းရည်မြင့်မားလာအောင်၊ လွှတ်တော်အရပ်ရပ်ရဲ့ ဥပဒေပြုမှုတွေ ဒီထက်ပိုပြီး ကျယ်ပြန့်လာအောင်၊ Rule of Law ခိုင်ခိုင်မာမာ ဖြစ်ထွန်း ပေါ်ပေါက်လာအောင်၊ ပုဂ္ဂလိကကဏ္ဍ ဒီထက်ပိုပြီး စွမ်းအားကောင်းလာအောင်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဒီထက်ပိုပြီး မြင့်မားလာအောင်၊ အခြေခံ အဆောက်အအုံနဲ့ လူမှုဖူလုံရေး အဆောက်အအုံတွေ ဒီထက်ပိုပြီး အရည်အသွေး မြင့်မားလာအောင်၊ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ လူနေမှုဘဝတွေ ဒီထက်ပိုပြီး တိုးတက်မြင့်မားလာအောင် ကျွန်တော်တို့ အများကြီး ကြိုးပမ်းကြရဦးမှာပါ။

မိဘပြည်သူတွေ ဖြစ်ချင်နေတဲ့၊ မိဘပြည်သူတွေ လိုလားနေတဲ့၊ မိဘပြည်သူတွေ တစ်သက်လုံး မျှော်လင့်နေကြတဲ့ တစ်ဦးချင်းဝင်ငွေ တိုးတက်မြင့်မားပြီး၊ စီးပွားရေးသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးမှာ အရာရာ Rule of Law ခိုင်မာလျက် စိတ်အေးချမ်းသာစွာ၊ ဂုဏ်သိက္ခာမြင့်မားစွာ အသက်ရှင်နေထိုင် ရပ်တည်နိုင်တဲ့ မြန်မာ့လူ့ဘောင် အဖွဲ့စည်းကြီး ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဆက်လက်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ မဏ္ဍိုင်တွေ အနေနဲ့လည်း ကျွန်တော်တို့အစိုးရကို ပိုမိုခိုင်မာ အားကောင်းအောင် အပြန်အလှန် နားလည်မှု၊ ယုံကြည်လေးစားမှု၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတွေနဲ့ ကူညီပေးကြပါ၊ မိဘပြည်သူများကလည်း ကျွန်တော်တို့ အစိုးရကို ထိန်းကျောင်းတည့်မတ် ပေးကြပါ၊ အားလုံးသော Stake holder များ အနေနဲ့လည်း ကျွန်တော်တို့ လူ့အဖွဲ့စည်းကြီး တိုးတက်ခိုင်မာလာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ အလေးအနက်ထား တိုက်တွန်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရ အနေနဲ့ မိဘပြည်သူများ မျှော်လင့်ထားတဲ့အတိုင်း အချိန်တိုတိုအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အရာထင်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒတွေ အလုံးစုံ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အသက်နဲ့ ခန္ဓာကိုယ် စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာ ပြုထားကြသူများပီပီ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျား။

ရတနာပုံသတင်း

Related Posts Plugin for WordPress, Blogger...

My Account