Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!
Thursday, January 12, 2012
ကရင်အမျိုးသား အစည်းအရုံး ( KNU ) မှ တောင်းဆိုသည့် အချက် ( ၁၁ ) ချက်။
by The Voice Weekly on Thursday, January 12, 2012 at 2:55pm
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည့် အစီအစဉ်တွင် KNU ဘက်မှ အချက် ၁၁ ချက် တောင်းဆိုသွားမည်ဟု သိရသည်။
၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။
၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။
၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဖြစ်စဉ်များဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။
ပေါ့ပေါ့ပါးပါး Freeware လေးတွေ စုပေးထားတဲ့ နေရာ
Freeware Portable တွေကို စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။
  အဲဒီဆိုက်မှာ ဆိုရင် အခမဲ့ ရယူနိုင်တဲ့ Portable Software တွေ အားလုံးကို တစ်နေရာတည်းမှာ တွေ့ရနိုင်ပါလိမ့်မယ်။ CrackVersion ကို သုံးရင် Crack Tools တွေထဲကနေ Torjan Virus တို့ တခြား Virus တို့ ကူးစက်တတ်လို့ Freeeware ကိုပဲ ရှာဖွေသုံးတဲ့သူတွေ ရှိတတ်တာမို့ပါ။ Software တွေကို အလွယ်တကူ ရှာလို့ရအောင် Search Box လေး ထည့်ပေးထားပါသေးတယ်။ Software အခု ၅၀၀ လောက် ရှိနေတာကြောင့် ကိုယ်လိုချင်တဲ့ဟာကို ရှာဖွေတွေ့နိုင် ပါလိမ့်မယ်။ သူ့ထဲမှာ အများဆုံး ရှာထားတဲ့ (Popular Serach)၊ အများဆုံးရှာတဲ့ ခေါင်းစဉ် (Popular Title)၊ နောက်ဆုံး တင်ထားတဲ့ Software (Recent Posts)၊  နောက်ဆုံးပေးထားတဲ့ မှတ်ချက် (Popular Comments) ဆိုပြီး ခွဲပေးထားတဲ့အတွက် ရှာရပိုလွယ်တာ တွေ့ရမှာ။ Software တွေကို အသုံးပြုပုံ နည်းလမ်းတွေကို သေချာရှင်းပြ ပေးထားလို့ စသုံးခါစ သူတွေအတွက် အဆင်ပြေမှာပါ။ ပြီးတော့ ဒီဟာလေးက Portable လေး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Stick ထဲမှာ ထည့်ပြီး ကြိုက်တဲ့နေရာကို ယူဆောင်သွားပြီး ကြိုက်တဲ့စက်မှာ သုံးနိုင်မှာပါ။ စမ်းသပ်ပြီး အသုံးပြုချင်တယ်ဆိုရင် http://www.portablefreeware.com/ မှာ သွားရောက် Download လုပ်ပြီး သုံးနိုင်ပါလိမ့်မယ်။   
၂၀၁၂ ခုနှစ် Facebook ဟက်ကာဖလား ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင်ပြီ.
By Popular News
Photo
Facebook က ၂၀၁၂ခုနှစ် အတွက် ဟက်ကာဖလား အစီအစဉ်ကို စတင်လိုက်ကြောင်း သိရသည်။   Facebook ကို ဖန်တီးခဲ့သူများအား ဂုဏ်ပြုသည့်အားဖြင့် ယင်းအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်သည်။ အွန်လိုင်းမှပင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ငါးချီငါးလား ယှဉ်ပြိုင်ရမည့် အစီအစဉ် ဖြစ်ပါသည်။ ထိုပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝန်းမှ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှ စတင် စာရင်းပေးသွင်းနိုင်ကာ၊ ကွန်ပျူတာ အစီအစဉ် ရေးဆွဲခြင်းဖြင့် ပြဿနာများကို ဖြေရှင်းရာတွင် မြန်ဆန်မှု နည်းစနစ်ကျနမှုတို့ကို အဓိကထား၍ အနိုင်ပေးမည် ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးအချီတွင် အနိုင်ရသူသည် Facebook 2012 ခုနှစ် ဟက်ကာဖလား ကမ္ဘာ့ချန်ပီယံဆုကို ရရှိမည်ဖြစ်၏။ အရည်အချင်း စစ်ဆေးခြင်း ပြိုင်ပွဲကို ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အွန်လိုင်းမှ ယှဉ်ပြိုင်ရမည့် အချီများကိုမူ ဇန်နဝါရီ ၂၈၊ ဖေဖေါ်ဝါရီ ၄ နှင့် ဖေဖော်ဝါရီ ၁၁ နေ့များတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ နောက်ဆုံးအချီမှ ဆန်ကာတင် ၂၅ ဦးတို့ကိုမူ မတ်လ ၁၇ ရက်နေ့တွင် အပြီးသတ် ယှဉ်ပြိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအော်လ်တိုမြို့ရှိ Facebook ဌာနချုပ်သို့ ခေါ်ယူမည် ဖြစ်သည်။
လူတစ်ယောက်ကို...........
လူတစ်ယောက်ကို ဗွေမယူတာလွယ်ကူပေမယ့် လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို စွန့်လွှတ်တာလွယ်ကူပေမယ့် လူတစ်ယောက်ကို မေ့ဖို့ရာခက်တယ်။
လူတစ်ယောက်ကို နှစ်သက်တာလွယ်ကူပေမယ့် လူတစ်ယောက်ကို တကယ်ချစ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို ယုံကြည်တာလွယ်ကူပေမယ့် လူတစ်ယောက်ကို စိတ်ချလက်ချ ယုံကြည်ဖို့ရာခက်တယ်။
Wednesday, January 11, 2012
ကမ္ဘာ့အပါးလွှာဆုံး Laptop အဖြစ် Macbook Air ကို ကျော်ဖြတ်သွားသည့် Acer S5
Photo
Apple ၏ Macbook Air ကို ကျော်ဖြတ်ကာ Acer ၏ ultrabook က လက်ရှိအချိန်တွင် ကမ္ဘာ့အပါးလွှာဆုံး ကွန်ပျူတာအဖြစ် နေရာယူလာ နိုင်ကြောင်း  သိရှိရသည်။ Acer က Laptop ကွန်ပျူတာငယ်သည် အထူ (၁၅) မီလီမီတာသာ ရှိနေပြီး အလွန်ပါးလွှာသော ကိုယ်ထည် ဖွဲ့စည်းပုံဖြင့် တည်ဆောက်ထားသည်။ ထိုအနေအထားသည် Macbook Air ထက် (၂) စင်တီမီတာ ပိုမိုပါးလွှာသည့် သဘောလည်း ဖြစ်လာသည်။ Intel ၏ CPU စနစ်ဖြင့် မောင်းနှင်သော Laptop များအနက် ယင်းသည် Macbook Air ကို ပထမဆုံး သိသာသော ယှဉ်ပြိုင် လာနိုင်မှုလည်း ဖြစ်သည်။
၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်ဟုဆို
Photo
By Yatanarpon
ရန်ကုန်၊ ဇန်နဝါရီလ ၉ ရက် ။ ။ အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ  ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။ တနင်္လာနေ့ မွန်းလွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။
Tuesday, January 10, 2012
ဆိုက်ပုံစံလေးကို ပြောင်းလိုက်ပါတယ်........
ဒီနေ့တော့ ကျွန်တော်လည်း ဆိုက်ပုံစံလေးကို ပြောင်းချင်စိတ်ရှိတာနဲ့ ပြောင်းလိုက်တယ်ဗျာ. မိတ်ဆွေတို့ရော ကြိုက်ကြရဲ့လား.အရင်ကပုံစံကတော့ အဖြူရောင်လေးဘဲ.အခုအနက်ရောင်ကို ပြောင်းလိုက်ပါတယ်. မကြိုက်ကြဘူးဆိုရင်လည်းပြောကြပါဗျာ. ကျွန်တော် ဒီကောင်လေးကိုတော့ ညလုံးပေါက် ရေးခဲ့တာပါ.  အဆင်မပြေလေးတွေလည်း ရှိရင်ပြောပါဗျာ.ကျွန်တော်ကတော့ အတတ်နိုင်ဆုံးစုံလင်အောင်တော့ ထည့်ပေးထားပါတယ်.အရူးလွယ်အိတ်လိုပါဘဲ.လိုချင်တာရှိရင် ရှာသာယူသွားလိုက်ပါဗျာ. ထည့်သွင်းစေချင်တဲ့ ကဏ္ဍလေးတွေရှိရင် C-Box မှာဖြစ်စေ Mail ပေးပို့၍ဖြစ်စေ အကြံပြုနိုင်ပါတယ်.
လာရောက်လည်ပတ်သူအားလုံးကိုကျေးဇူး အထူးတင်ရှိလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)
www.shwemantarlaywaiyan.blogspot.com
Monday, January 9, 2012
2012 - ခုနှစ်အတွက် ရာသီခွင်အလိုက် ဟောစာတမ်းစာအုပ်များ
အွန်လိုင်းပေါ်တွင် အဆင်သင့် တွေ့ရှိရသော ဆရာ စံဇာဏီဘို၏ ၂၀၁၂ ခုနှစ်အတွက် ဟောစာတမ်း စာအုပ်များကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ အားလုံး ပျော်ရွှင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်.... ဒီလိုပါပဲ.. အွန်လိုင်းပေါ်မှာ အလွယ်တကူ တွေ့ဖြစ်တဲ့ စာအုပ်လေးတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ပေးချင်တဲ့ စိတ်က ရင်ထဲကို ပေါ်လာတာနဲ့ ချက်ချင်း အပ်ပလိုတင်ပြီး ပေးလိုက်တာပါ။
download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်
download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်
download mediafire
အွန်လိုင်းတွင် တိုက်ရိုက်ဖတ်ရန်
2012-ဇန်န၀ါရီလအတွက် ကံကြမ္မာဟောစာတမ်း
တနင်္ဂနွေသားသမီးများအတွက်........
ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။
အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။
တနင်္လာသားသမီးများအတွက်
.....
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ
အင်တာနက် ဆိုင်မှာ အသုံးပြုသူများအတွက်
ဒါကတော့ ကျွန်တော်တို့ အင်တာနက်ကို စတင် အသုံးပြုခါစ သူတွေအတွက် သတိမထားမိ တက်တာလေး တွေကြောင့် မိမိတို့အကောင့် တွေကို သူများတွေက လွယ်ကူစွာရယူ အသုံးပြုသွား နိုင်သလို တစ်ချို့ အင်တာနက်ဆိုင်များမှာ Keylogger တွေကိုအသုံးပြုထားမယ် ဆိုရင် မိမိတို့ G-Mail အကောင့်တွေကို အလွယ်တကူနဲ့ ရယူမသွားနိုင်အောင် သတိထား အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် .. နည်းလမ်း လေးတွေကတော့ ရိုးရိုးလေးပါပဲ .. သိထားတော့လည်း လိုအပ်လာရင် အသုံးပြုလို့ ရတာပေါ့ဗျာ .. 
လိပ်စာအတုနဲ့ E-Mail ပို့ကြရအောင်
ကျွန်တော် အခုမိမိတို့ E-Mail ပို့ချင်တဲ့သူဆီကို မိမိရဲ့  E-Mail လိပ်စာအမှန်ကို မဖော်ပြပဲနဲ့ လိပ်စာအတုနဲ့ မေးလ်ပို့ ချင်သူတွေအတွက်  အလွယ်တကူ မေးလ်ပို့လို့ရမဲ့ ဆိုဒ်လေးတစ်ခုနဲ့ အသုံးပြုနည်းကို ပြန်ပြီးတော့ မျှဝေပေး လိုက်ပါတယ်..အသုံးပြုရတာ လွယ်ပါတယ်.. ကျွန်တော် အောက်မှာ ဖော်ပြပေးထားတဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ပေး လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်.. 
G-talk Account ကအမြဲတမ်း Online ပြနေတယ်ဆိုရင်
ကျွန်တော့်ကို ကိုတစ်ယောက် မေးထားတာလည်း ရှိတာနဲ့ G-talk အကောင့်တွေကို Sing Out လုပ်လိုက် ပေမယ့်လည်း တစ်ခြား မိမိအကောင့်ထဲက သူတွေဆီမှာ Offline မဖြစ်သွားပဲ Online ဖြစ်နေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေကို ရေးပေးသွားပါမယ် .. 
G-Mail အကောင့် ဖောက်နည်း အသစ်
ကျွန်တော်လည်း စာရေးတဲ့ ဖက်ကို မလှည့်ဖြစ်တာ တော်တော်ကြာသွားပါပြီ .. ဒီနေ့တော့ ကျွန်တော် G-Mail အကောင့်ကို ဘာကုဒ်မှ ထည့်စရာမလိုပဲ အလွယ်တကူ ဖောက်လို့ရမဲ့ နည်းလမ်းလေးကို ရေးပေးပါမယ် .. နောက်ပိုင်းတော့ အတက်နိုင်ဆုံး အားလုံးအတွက် အသုံးဝင်မဲ့ ပိုစ်တွေ ရေးပေးသွားနိုင်အောင်လည်း ကြိုးစားသွားပါမယ် .. အခုအကောင့် ဖောက်နည်းက အရင်တုန်းက G-Mail အကောင့် ဖောက်ရတာထက် လွယ်ပါတယ် .. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
Mask My IP v2.2.4.8
ကျွန်တော်တို့ ဒီတစ်ခါ IP ကို 100% နီးပါးစိတ်ချရပြီး အသုံးပြုရတာလဲ လွယ်ကူတဲ့ ဒီ Mask My IP v2.2.4.8 ကို တင်ပေးလိုက်ပါတယ်။ ကျွန်တော် ဒီကောင်လေးကို သုံးပြီး Server ကနေပိတ်ထားတဲ့ ဆိုဒ်တစ်ခုထဲကို ဒီကောင် လေးသုံးပြီး ကျော်ဝင်ပြီးပါပြီ။ အားလုံးအဆင်ပြေပါတယ်။ ဘယ်ဆိုဒ်လဲတော့ မပြောပြတော့ပါဘူး။ တော်တော်လေး ကိုကောင်းပါတယ်။ ကျွန်တော်တို့ ဒီလို IP ဖျောက်တဲ့  ကောင်လေးတွေကို သုံးတဲ့အချိန်မှာ Browsers လေးတွေ လေးသွားတက်တာရှိပါတယ်။ ဒါပေမယ့် ဒီကောင်လေးကတော့ မလေးတဲ့ အပြင်ပုံမှန်အတိုင်းပဲ သုံးနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 5.10 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
WebcamMax 7.5.8.8 Multilingual
ကျွန်တော်အခု CoolwareMax WebcamMax လေးတစ်ခုတင်ပေး လိုက်ပါတယ်။ရှေ့မှာလည်း ကျွန်တော်တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ နောက်ထပ် ထပ်ထွက်တဲ့ Update လေးဖြစ်ပါတယ်။အသုံးပြုနေ တဲ့သူတွေဆို ရင်တော့ သိကြမှာပါ။  Animation လေးတွေနဲ့ Effects လေးတွေတော်တော် များများကိုစုံပါတယ်။ဒီကောင်လေးက Webcams Programs တွေဖြစ်တဲ့ ICQ,VZO, AIM, MSN, Camfrog, Skype, Paltalk, Yahoo, ANYwebcam, Stickam အစရှိတဲ့ Programs လေးတွေကို Support လုပ်ပေးပါတယ်။ကျွန်တော်တို့ ရဲ့ Webcam ပေါ်မှာ  Floating text, Frame effects,Transform effects,Emotion effects စတဲ့ Effects လေးတွေကို ထည့်သွင်းပေးနိုင်ရုံမျှမက Webcam effects လေးတွေကိုလည်း အပတ်တိုင်း update လုပ်ပေးနိုင်ပါတယ်။ Programs 16 ခုကိုလည်း Share လုပ်ပေးနိုင်ပါတယ်။ကျန်တဲ့ Animation တွေနဲ့ Effects လေးတွေလည်းတော်တော်များများ ပါဝင်ပါသေးတယ်။ အောက်မှာ ကျွန်တော် Patchဖိုင်နဲ့ Keygen ကို ဘယ်လိုဖြည့်ရမလဲ ဆိုတာကို ပုံလေးနဲ့ပြပေးထား ပါတယ်။နည်းနည်းတော့ရှုပ်ပါတယ်။ အခုနောက်ထွက်လာတဲ့ Update လေးပါ။
အခုအရေးကြီးတဲ့     အပိုင်းလေးတွေကို ပုံလေးတွေနဲ့ပြပေး သွားပါ့မယ်။ အရင်ဆုံး Patch  ဖိုင်လေးကို Install လုပ် ထားတဲ့   Folder  လေး  ထဲကို  ကူးထည့်ပေးလိုက်ပါ။ ကူးပြီးတာနဲ့ Patch ဖိုင်လေးကို RUN ပေးလိုက်ပါ။ Can not access ဆိုပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မရဘူးဆိုရင်လည်းဘာမှတော့မဖြစ်ပါဘူး။ 
Internet Download Manager 6.07 Build 16
ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ Build 16 လေးတင်ပေးလိုက်ပါတယ်။      IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက် မကျအောင် တင်တင် ပေးသွားမှာပါ။ အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။ Firefox အားလုံး  အထိ Support လုပ်ပေးပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်. အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက် ပါဗျာ..
Sunday, January 8, 2012
ကြုံရင်ပြောပေးပါ - Big Bag
   ဆို-Big Bag
Introး (C G Am)2
      C         G            Am
V1.   ဘာလိုလိုနဲ့  တစ်နှစ် ပြည့်ပြီပဲ
        F               C                         Dm       G
       အရင်လိုပဲ  ငါစိတ်နာတယ်   ဒီအချိန်ပဲ  ငါ ကြေကွဲ ခဲ့
        ငါဟာ  မင်းအစွန့်ခံပဲ
        မြုမှုန် အချစ်တောင်  ပြန်မရခဲ့
ကော်ဖီဆိုင်လေးထဲမှာ-Bay Gyi & Zay Yar
V(1)           မင်းလေးမရှိတဲ့ရက်တွေ  သေချာပြန်တွေးကြည့်ပါ
                 အလွမ်းသင့်လိုနေခဲ့  လုံးဝမေ့လို့မရတဲ့အတိတ်တွေကို
                 ရင်ဆိုင်ပြီတော့လွမ်းနေခဲ့
                 သီဆိုခဲ့တဲ့တေးသွားများ အိုးဟောင်းပြီး အချစ်ရေ
                 လက်ပြနူတ်ဆက်ထွက်ခွာ  တကယ်ထားခဲ့ပြီလား......
CHO         (အတိတ်မှာချန်ခဲ့ပြီပေါ့ တယောက်ထဲငါ့မှာ
                 အခုတော့အိပ်မက်နန်းတော်ပျက်ဆီ မိုးလေဒဏ်ရဲ့အောက်မှာ
                 ကွဲကြေသွားတဲ့ငါ့ရဲ့အသဲနှလုံးအပိုင်းအစလေးတွေ
                 အဝေးကိုပျံ့လွင့်သွားတဲ့  အချစ်ရဲ့ငှက်တကောင်လိုဘဲ)
လွဲမှားခြင်း-Thar Thar MC Feat-Eyi Eyi
rap..1- မေတ္တာအတုအားသစ္စာပြုလို့ မင်းကိုငါက တကယ်ချစ်ဖူး အချစ်မှာလစ်ဟာမူ့မရှိခဲ့ပေမယ့် မရခဲ့တာက နားလည်မူ့ ထာဝရပစ်ခွာသွားခဲ့ သူရယ် ပျော်နေမယ်ဆိုကျေနပ်သူ မင်းကငါ့ဘ၀သခင်ရူး အနမ်းတပွင့်ခြွေကာလေနဲ့အတူ မြောလွင့်လို့ ပျောက်ကာသွားပြီ အတိတ်ကအကြောင်းရာများစွာလဲ နင်စိတ်လိုလိုက်လို့အမိုက် စော်ကားခဲ့ ငါ့အကြောင်းမတွေးနဲ့ထားပါကွယ် နင်ရဲ့အချစ်ကိုမရခဲ့ပေမယ့် ကြင်နာမူ့တစ်ခုရယုံနဲ့ငါဖြေသိမ့်နိုင်တယ် နင်ဘ၀တစ်လုံး သာယာအေးချမ်းသွားစေမယ် နင်ရဲ့အနားမှာနေချင်ပေမယ့် အဝေးကကြည့်ကာကျေနပ်ပြီ မင်းရဲ့ဓာတ်ပုံပြည့်နှက် နေတဲ့ငါ့အခန်းထဲမှာပြိုလဲပြီး ချစ်နေလျှက်နဲ့ စွန့်လွှတ်ရတာ ပေးဆပ်ခြင်းက ပိုမြတ် သည် မျတ်ရည်တို့နဲ့ရေးဖွဲ့ထားတဲ့ရင်ခွင်ကဗျာအတွက် ကာရံစီ ငိုခဲ့သည့် မျတ်ရည်များအားနောက်တစ်ခါထပ်လို့မငိုတော့လို စိုစွတ်နေသောပါးပြင်ထက်မှာ အလွမ်းဒဏ်ရာများရှိဆဲမို့ မင်းကိုမေ့ဖျောတ်ထားခဲ့နိုင်ဖို့ ကြိုးစားရင်းနဲ့ရင်မှာဆို့ ငါအချစ်သာစစ်တယ်ဆိုရင် တနေ့တော့ နှစ်ယောက်ဘ၀ပေါင်းစည်းစို့
လက်ခံပေးပါ - မျိုးကြီး
ရေး-ရယ်ဂျီ                                  ဆို-မျိုးကြီး
C                    Am                   F               C
ငါ့ရဲ့စိတ်နဲ့ ခန္ဓာ  မင်းရဲ့ရှေ့မှောက်ခစား  လက်ခံပေးပါ
C                  Am                 F                 C
ဒီမှာ ငါကျရှုံးပြီ  မင်းခြေအစုံမှာ  လက်နက်ချ အရှုံးငါပေးရင်း
G                                F
ဘဝတစ်ခုလုံး  နင်သိမ်းကာ ယူလိုက်ပါ
G                                F
ငါ့ဘဝဟာ  နင့်ရဲ့ အလိုတော်အတိုင်း
ခြားနားခြင်း-J Ki , Chop P
Cho တို့နှစ်ယောက်ရှိခဲ့ သံယောဇဉ် အခုကျသူစိမ်းတစ်ယောက်လိုပါပဲ ညီမလေး
ထားခဲ့ပီလားကွယ်
ငါပေးခဲ့တဲ့အချစ်တွေအကုန်အငွေ့အဖြစ်လွင့်ပျယ်
ညီမလေး မင်းထားရစ်ခဲ့လို့ ငါ့ဘ၀ စုတ်ပြတ်သွား
ညီမလေး မင်းထားရစ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်နဲ့ပါ
Rap1 မင်းစိတ်ထဲမှာရှိတဲ့အတိုင်း ငါ့ရဲ့အသဲကိုဓါးနဲ့ပိုင်း
ရက်ရက်စက်စက်လုပ်ပစ်ဖို့လဲ စဉ်းစားထားတဲ့ Design
ဟိုးရင်ထဲက စိတ်ထဲချစ်လို့ ရင်ထဲနှစ်လို့ ရက်စက်တာကို
စိတ်ထဲမရှိလို့ သိပ်လဲချစ်လို့ ဖန်တီးထားတဲ့မင်းအတွက် Rhyme
မရဲ့ကျွန်တော်-Double-Nyi & TG
Pre Cho (1) - မအတွက်နဲ့ သည်းခံနိုင်တယ် ဘာမဆိုအရာရာအားလုံး မကြောင့်ပဲ့ဖြစ်တည်လာတဲ့ အချစ်ဆိုတဲ့အရာဟာလှလို့ မမရှိတဲ့ နေ့ တွေဆိုတွေးရင်းနဲ့ ရူးနေလို့ ပါ ဒီကအသည်းတွေဟတ်တတ်ကြေကွဲ
လည်းမမသိနိုင်လို့ ပါ အိပ်မက်များလည်းညစဉ်တိုင်းမှာပုံမှန်မက်ခဲ့ ဒီတစ်ယောက်တည်းမို့ စိုးရိမ်လို့ ပါ နားလည်ပေးတော့ မအတွက်ရေး မအတွက်ပေးမယ် ဒီသီချင်းလေး ကျွန်တော့်ရဲ့ မအပေါ်မှာထားခဲ့မိတဲ့ အချစ်ရဲ့ သက်သေပါ
Main Cho - မ...............အခုချိန်မှာကျွန်တော်တစ်ယောက်တည်းပါ .......... ကျွန်တော့်ရင်ခွင်မှာရှိပေးပါ ........ အိုးနိုး ..... ဒီကမျှော်လင့်ရလို့ မရယ် ............
မ................ အချစ်တွေကျွန်တော့်ကိုအမြန်ပေးပါ................ အိပ်မက်ထဲကိုဝင်ရောက်လာခဲ့ပါ........ သိပ်ချစ်ရတဲ့မရယ်................
မင်းအတွက်ပဲ-AMZ
Pre verse
မျှော်လင့် မျှော်လင့် အရင်လို အချိန်မျိုးရချင်နေ၏ (နေ၏)x၂
မင်းမရှိတော့ ငါလည်း (မျှော်နေစဲမို့)x၂
Verse 1
မင်းကို ချစ်တာ ငါရဲ့ အသက်ထက်
ချစ်တယ်ဆိုတာထပ် ပိုပြီး ငါလေချစ်တတ် (hey)
ကြည်နူးတဲ့ရက်
အဲ့ဒါတကယ်ကို မက်ခဲ့တဲ့ အိပ်မက်
အတူမရှိတဲ့နေ့ရက်
မတွေ့ရရင် မနေတတ်
ငါလေ ဖုန်းဆက်
ဘာလို့ ငါနဲ့ တွေ့ဖို့ ငြင်းပယ်ခဲ့လဲ
တစ်ကိုယ်တော် Valentine - စိုင်းစိုင်း ၊ Bunny Phyoe
အိုး …. မင်းစိတ်တိုင်းကျပဲပေါ့ အချစ်ရယ် ..
ဘာမှမပြောဘူးမင်းသဘောပဲ … မင်းရဲ့ အနားမှာ .. ငါကိုယ်ရံတော်လိုပဲ….
အခုတော့ မင်းကပြောတယ်မေ့ ပစ်လိုက် …
ဘာမှမငြင်းဘူးမင်းသဘောအတိုင်း…
ငါ့ မှာတော့  တကိုယ်တော် ဗယ်လ်လင်န်တိုင်း …..
စာမျက်နှာတစ်ဆယ့်ငါး - လေးဖြူ
 key :C to D
  Intro :C Am Ab G
  C
အတိတ်တွေက မှုန်ဝါးပေမယ့်
  G
ငါတို့နှစ် ဇာတ်လမ်းမှာ တစ်ချို့နေရာ
Am
အကောင်းအတိုင်း ရှိနေဆဲပါပဲ
 Em
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
G
အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်။
Related Posts Plugin for WordPress, Blogger...
My Account