Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, May 28, 2012

ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မည်



Photo
မြန်မာနိုင်ငံပိုင်  ဂြိုဟ်တုတစ်လုံး လွှတ်တင်မည့် စီမံကိန်းကို အစ္စရေး နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ အချို့ထံမှ စုံစမ်းသိရှိရသည်။  ထိုစီမံကိန်းအတွက် အစ္စရေး နိုင်ငံက နည်းပညာပိုင်းအရ ပါဝင်ကူညီမည် ဖြစ်ကြောင်း သိရသည်။ အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်သည့် အစ္စရေးနိုင်ငံနှင့် ပြည်တွင်း ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍကို ပူးပေါင်းဆောင်ရွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ပြီးပါက ဥပမာအားဖြင့် ယခု ပြည်ပနိုင်ငံများထံမှတစ်ဆင့် ဝယ်ယူပြသနေရသည့် နိုင်ငံတကာ ရုပ်သံလိုင်းများကို ကိုယ်ပိုင်စနစ်ဖြင့် ကြည့်ရှုလာနိုင်မည့်အပြင် နိုင်ငံ၏ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍကို ပိုမို အထောက်အပံ့ပေးလာနိုင်မည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူများက ပြောသည်။ “တကယ်တမ်း နိုင်ငံပိုင် ဂြိုဟ်တု လွှင့်တင်နိုင်မယ်ဆို ပြည်တွင်းရဲ့ ဆက်သွယ်ရေးကဏ္ဍက သိသိသာသာကို တိုးတက်လာမှာ သေချာပါတယ်။ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့သာ အရေးကြီးပါတယ်။ ပြည်သူကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ဖို့ကလည်း အဓိက ကျပါတယ်” ဟု စင်ကာပူ နိုင်ငံရောက် ကွန်ပျူတာပညာရှင် တစ်ဦးက သုံးသပ်ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်ထောင်စုမြန်မာနိုင်ငံပိုင် ဂြိုဟ်တု လွှင့်တင်နိုင်ရန်အတွက် ကန်ဒေါ်လာ သန်းပေါင်းများစွာကို အသုံးပြုရမည်ဖြစ်ပြီး လက်ရှိ အစိုးရလက်ထက်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြီးခဲ့သည့် လအနည်းငယ် အတွင်းက 7 Day News သို့ ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်  အစ္စရေးနိုင်ငံနှင့် ယခုကဲ့သို့  ဂြိုဟ်တုလွှင့်တင်မည့် စီမံကိန်းအပြင် ဖိုက်ဘာဆက်ကြောင်း အင်တာနက်ဆက်သွယ်မှု စနစ်နှင့် ကျေးလက်ဒေသ တယ်လီဖုန်း ဆက်သွယ်မှု စနစ်များကိုပါ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ အထက်ပါ ကိစ္စရပ်များကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အတွက် အစ္စရေးက ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက မြန်မာအစိုးရနှင့် လာရောက်ဆွေးနွေးခဲ့သည်။

ယုဇနကိုကို

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account