Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, May 28, 2012

သန်းခေါင်စာရင်းအသစ် ပြန်ကောက်ရေး HTC ကော်ပိုရေးရှင်း နည်းပညာ ပံ့ပိုးမည်



Photo
ရန်ကုန်၊ မေ-၁၉။    ။ အသစ်ပြန်လည် ဆောင်ရွက်မည့် သန်းခေါင်စာရင်း  ကောက်ယူရေး စီမံချက်တွင် ကမ္ဘာကျော် တယ်လီဖုန်း ကုမ္ပဏီ HTC ကော်ပိုရေးရှင်းမှ နည်းပညာ ပံ့ပိုးရန်အတွက် ကတိပြုထားကြောင်း  HTC ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းသန်း (ခေါ်) Mr.Peter Chou က ယနေ့ ထုတ်ဖော်ပြောကြားသည်။
အဓိကအားဖြင့် ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်တွင် HTC ကော်ပိုရေးရှင်း အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ လုပ်ငန်းများ မြန်ဆန်ထိရောက်စေရန် ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲလ်များ ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ “ကျွန်တော်တို့ အနေနဲ့ အစိုးရက သန်းခေါင်စာရင်း ကောက်ယူမယ့် စီမံချက်မှာ သူတို့ ပိုမိုလွယ်ကူဖို့ နည်းပညာပိုင်း ပံ့ပိုးဖို့ အတွက် ကတိပြုခဲ့ပါတယ်။ အခု စလုပ်နေပါပြီ” ဟု HTC ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးဝင်းသန်းက 7 Day News ၏ မေးမြန်းမှုကို ဖြေကြားသည်။

နှစ်ပေါင်းများစွာ အသစ်ပြန်လည် ကောက်ယူခဲ့ခြင်း မရှိခဲ့သည့် ယင်းစီမံချက်ကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနများ ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီအား ယခုနှစ်အတွင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။ ယင်းအစီအစဉ်အတွက် ကူညီပံ့ပိုးမည့် HTC ၏ CEO Mr.Peter Chou ခေါ် ဦးဝင်းသန်းသည် မြန်မာပြည်ဖွား တစ်ဦးဖြစ်ပြီး နှစ် ၃၀ ကျော် ကာလအတွင်း ပထမဦးဆုံး အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ ၎င်း၏ ငယ်သူငယ်ချင်းဖြစ်သူ နည်းပညာလုပ်ငန်းရှင်များနှင့် လာရောက် တွေ့ဆုံခြင်း ဖြစ်သည်။

ယင်းသို့ လာရောက်စဉ် ကာလအတွင်း ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ကူညီရန် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ စီမံကိန်းအတွက် အချက်အလက် ကောက်ယူခြင်း၊ စုဆောင်းသိမ်းဆည်းခြင်း၊ ဌာနတွင်း ချိတ်ဆက်မှုများ၊ အချက်အလက် ပေးပို့မှုတို့ကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ဆောင်ရွက်နိုင်သည်အထိ ကူညီပေးသွားမည်ဟု သိရသည်။

နေလင်းအောင်၊ ယုဇနကိုကို

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account