Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 8, 2012

ကျပ်တစ်သောင်းတန်ကို အကြောင်းပြု၍...


Photo
၁။ ငါးထောင်ကျပ်တန် မထွက်မီနှင့် ထွက်ပြီးချိန်ကလည်း ဈေးနှုန်းများ တက်မည်၊ ငွေဖောင်းပွမှု မြင့်မားမည်ဟု တွက်ဆခဲ့ကြသော်လည်း မဖြစ်ခဲ့ပါ။  ငါးထောင်တန်သည် ပြည်သူလူထု အထူးသဖြင့် အခြေခံ လူတန်းစား အတွင်းသို့ ပျံ့နှံ့ရောက်ရှိမှု နည်းပါးသဖြင့် အချိန်တန် ကြာသည်အထိ ငါးထောင်ကျပ်တန်ကို မမြင်ဖူးသူများ ရှိခဲ့သကဲ့သို့ ငါးထောင်တန်ကို မိတ္တူကူးပြီး လိမ်လည်သူများ ရှိခဲ့ပါသည်။

၂။ တစ်သောင်းကျပ်တန် ထွက်သည်ကို အကြောင်းပြု၍ အထွေထွေ ဈေးနှုန်းများ တက်မည်၊ ငွေဖောင်းပွမှု မြင့်မားလာမည်ဟု မျှော်လင့်ကြပါဦးမည်။ ဈေးကစားမှုများလည်း အတန်အသင့် ရှိနိုင်ပါသည်။

၃။ လက်ရှိ အခြေအနေတွင် အထွေထွေ ကုန်ပစ္စည်းဈေးနှုန်း တက်သည့်နှုန်း (ငွေဖောင်းပွမှု နှုန်းသည် ဆယ်ဂဏန်းအောက်တွင်သာရှိပြီး မော်တော်ကားကဲ့သို့သော ပိုင်ဆိုင်မှုများ၊ ဈေးနှုန်းများ၊ ဆန်စပါးကဲ့သို့သော လယ်ယာထွက်ကုန် ဈေးနှုန်းများ ကျဆင်းနေချိန် ဖြစ်ပါသည်။ ဤအခြေအနေတွင် အထွေထွေကုန်ဈေးနှုန်း (ငွေဖောင်းပွနှုန်း) သိသိသာသာ တက်ရန် အလားအလာ နည်းပါသည်။

၎။ တစ်သောင်းတန်သည် သာမန် ပြည်သူလူထု လက်တွင်းသို့ ပျံ့နှံ့ရန် ငါးထောင်တန်ထက် ပိုကြာဦးမည်ဟု တွက်ဆပါသည်။

၅။ လုပ်ငန်း ကြီးကြီးမားမား လုပ်သူများအတွက် တစ်သောင်းတန်ကြောင့် ငွေသယ်ယူရာတွင် ပိုအဆင်ပြေသွားသော်လည်း ရေရှည်တွင် အခြေခံ ငွေအပေးအယူ လုပ်သည့် စနစ်အစား ချက်လက်မှတ် အခြေခံ၍ ဘဏ်အသုံးပြုမှု တွင်ကျယ် တိုးတက်ရန် လိုအပ်ပါသည်။

ခင်မောင်ညို (ဘောဂဗေဒ)
၇.၆.၂၀၁၂
ည (၇.၀၀) နာရီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account