Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 8, 2012

ကမ်းရိုးတန်းဖုန်းများ Prepaid စနစ်ပြောင်းရန် မက်ဆေ့ခ်ျပို့လာ



Photo
ပြည်တွင်းတွင် အသုံးပြုနေသော ကမ်းရိုးတန်းဖုန်းများ (စီဒီအမ်အေ ၄၅၀ မဂ္ဂါဟဇ်) ဖုန်းများ ကြိုတင် ငွေပေးကတ်စနစ် Prepaid သို့ ပြောင်းလဲပေးမည်ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားထားပြီး ယခုလဆန်းတွင် ယင်းဖုန်း အသုံးပြုသူများသို့ မက်ဆေ့ခ်ျ ပေးပို့လာကြောင်း ယင်းဖုန်း အသုံးပြုသူများက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ယင်းဖုန်း အသုံးပြုသူတစ်ဦးက “ကျွန်တော့်ဆီကို ဆက်သွယ်ရေးက မက်ဆေ့ခ်ျ ရောက်လာပါတယ်။ Prepaid စနစ်ပြောင်းမယ်ဆိုရင် Yes လို့ ပြန်ပို့ရပါတယ်။ ဒီလ ၂ ရက်နေ့က ရောက်လာတာပါ။ ကျွန်တော်ကတော့ ပြောင်းချင်လို့ Yes  ပဲ ပြန်ပို့လိုက်ပါတယ်။ ပြောထားတာက ဇူလိုင်လ ၁ ရက်နေ့မှာ စပြောင်းပေးမယ်လို့ သိရပါတယ်။ ပြောင်းသွားမယ်ဆိုရင် ကျွန်တော့်ဖုန်းဘီလ် ကျန်မယ်ဆိုရင် ဖုန်းလိုင်း ပိတ်မပိတ်ဆိုတာတော့ သိချင်ပါတယ်။ လိုင်းပိတ်သွားမှာ စိုးရိမ်လို့ပါ။ ဖုန်းဘီလ်ကျန်ရင်တော့ မက်ဆေ့ခ်ျ ပို့မယ်ထင်ပါတယ်” ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို ကြိုတင်ငွေပေးစနစ်သို့ ပြောင်းလဲပေးရာတွင် ဂျီအက်စ်အမ်ဖုန်းများကို အရင်ဆုံး ပြောင်းလဲပေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မှ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟဇ်ဖုန်းများကို ပြောင်းလဲပေးခြင်း ဖြစ်သည်။
 
ယင်းဖုန်းများကို ပြောင်းလဲရာတွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ပြောင်းလဲမည် ဖြစ်ပြီး ယင်းသို့ ပြောင်းလဲနိုင်ရန်အတွက် မက်ဆေ့ခ်ျပေးပို့ခြင်းကို ဇွန်လဆန်းတွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းတွင် အသုံးပြုနေသော ဖုန်းများအတွက် ကြိုတင် ငွေပေးစနစ်ဖြင့် အသုံးပြုခြင်း၊ ဖုန်းဘီလ်ဆောင်သည့် စနစ်ဖြင့် အသုံးပြုခြင်းများ အသုံးပြုနိုင်ရာ ဖုန်းဘီလ်ဆောင်သည့် စနစ်ဖြင့် အသုံးပြုသည့် ဖုန်းများကို ကြိုတင်ငွေပေးစနစ်သို့ ပြောင်းလဲနိုင်ရန် မြန်မာ့ဆက်သွယ်ရေးမှ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ယင်းသို့ ပြောင်းလဲ အသုံးပြုသူတစ်ဦးကလည်း “ကျွန်တော်က ဖုန်းဘီလ်ကြည့်ရတာ အဆင်ပြေအောင်လို့ ကြိုတင်ငွေပေးစနစ်ကိုပဲ ပြောင်းချင်ပါတယ်။ နို့မို့ဆိုရင် ဘီလ်ဆောင်ရတာ နည်းနည်း အခက်အခဲရှိလို့ပါ။ ဇူလိုင်လ တစ်ရက်နေ့မှာ စပြောင်းမယ်ဆိုရင် ကျွန်တော့်ဖုန်းပြောင်းမှာပါ။ ငွေဖြည့်ကတ်ကလည်း လွယ်လွယ်ကူကူ ဝယ်လို့ရတော့ အဆင်ပြေပါတယ်” ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းဘီလ်ဆောင်သည့် စနစ်ကို ဆက်သွယ် အသုံးပြုလိုသော ဖုန်းများကို နောက်ပိုင်းတွင် အွန်လိုင်းမှ ဘီလ်ပေးဆောင်ရခြင်းကိုသာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တင်ဇာအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account