Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 8, 2012

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် WiFi စနစ် ဆောင်ရွက်လိုသည့် ကုမ္ပဏီများအား ဖိတ်ခေါ်



Photo
၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် WiFi စနစ် ဆောင်ရွက်လိုသော ကုမ္ပဏီများအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဈေးနှုန်း တင်ဒါသွင်းရန် ဖိတ်ခေါ်လျက် ရှိကြောင်း သိရသည်။ 
Wireless Broadband Internet Access (WiFi) ရရှိရန် လုပ်ငန်းဆောင်ရွက်ရမည့် နေရာများမှာ (၁) နေပြည်တော် ဇမ္ဗူသီရိ အားကစားကွင်းများ၊ အားကစားရွာနှင့် ဟိုတယ်ဇုန်များ၊ (၂) နေပြည်တော် ဇေယျာသီရိ အားကစားကွင်းများ၊ (၃) ရန်ကုန်မြို့ အားကစားပြိုင်ပွဲ ကျင်းပမည့် နေရာများ၊ (၄) မန္တလေးမြို့ အားကစားပြိုင်ပွဲ ကျင်းပမည့် နေရာများ၊ (၅) ပုသိမ် (ငွေဆောင်) အားကစားပြိုင်ပွဲ ကျင်းပမည့် နေရာများ ဖြစ်ပြီး ဆောင်ရွက်လိုသော ကုမ္ပဏီများမှာ internet speed အနည်းဆုံး 2Mbps ရရှိရန် ပြုလုပ်ရမည် ဖြစ်ပါသည်။ တင်ဒါပုံစံများကို ၂၅-၅၂၀၁၂ မှ စတင်၍ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ အမှတ် (၈၃၉/၈၄၁)၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး အင်ဂျင်နီယာချုပ်ရုံး၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ အမှတ် (၈၃၉/၈၄၁) ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်သို့ ၂၉-၆-၂၀၁၂ ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပါသည်။ အသေးစိတ် စုံစမ်းလိုသော WiFi Service ကုမ္ပဏီများ အနေဖြင့် ဖုန်း-၀၉ ၈၆၃၀၀၁၁၊ ၀၉ ၅၀၂၀၇၄ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။            

မေမြသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account