Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, January 20, 2013

ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့် မသောက်သင့်

Photo: ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့် မသောက်သင့် 

 Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော် များများ သုံးဆောင်
 လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ကျအစာစားပြီးမှ
 သောက်သလို၊ အချို့ ကျလည်း အစာ မစားမီလည်း သောက် တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ
 လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီး
 ဖြစ်ပါတယ်။လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာ
စားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။
ဖြစ်စဉ်ကဒီလိုပါ။ ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည် က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြု သည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများ သို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက် မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင် ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

Ref:http://shannnews.blogspot.com/2013/01/blog-post_9891.html

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account