Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, January 20, 2013

စန်းပွင့်သူရဲ့ ချစ်သူအဖြစ် ရွေးချယ်ခံရဖို့.

အချို့သော အမျိုးသားဖြစ်စေ၊ အချို့သော အမျိုးသမီးဖြစ်စေ အချစ်ရေးမှာ ထူးထူးခြားခြား စန်းပွင့်တတ်ကြတယ်..ချစ်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေပြီး တစ်ဦးတည်းမူပိုင်ချစ်သူအဖြစ် ရွေးချယ်ဖို့တောင် အတော်ခက်နေတတ်တယ်..အဲ့ဒီလို အယှဉ်အပြိုင်တွေ များတဲ့ကြားက မိမိကို ချစ်သူအဖြစ် အမြန်ဆုံးရွေးချယ်စေဖို့ အလိုရှိတယ်ဆိုရင် ဒီအစီအမံကို ယုံယုံကြည်ကြည်နဲ့ လုပ်ကြည့်ပါ..

ဒီအစီအမံရဲ့ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ မြန်မာတိုင်းရင်းဆေးအခေါ် “ရှားစောင်းသိင်္ဂနိက်”၊ အပြင်အရပ်အခေါ် “ကစ်စ်မီကွစ်”(Kiss Me Quick)ရဲ့ အရွက်(၂)ရွက် ဖြစ်ပါတယ်..ကစ်စ်မီကွစ် အသေးစားရဲ့ အရွက်မဟုတ်ဘူး..အလတ်စားအရွက် ဖြစ်ပါတယ်..
အဲ့ဒီအပင်ကို အိမ်တွေ၊ ပန်းခြံတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ပန်းအလှစိုက်ပျိုးကြတဲ့အတွက် အသေးစား၊ အလတ်စား၊ အကြီးစားဆိုပြီး အမျိုးမျိုးရှိသလို အဲဒီပန်းပင်ရဲ့ အပွင့်ကလဲ အဖြူရောင်၊ အနီရောင်၊ အညိုရောင်၊ ပန်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ရှိတယ်..အရွက်ကတော့ အစိမ်းရောင် ဖြစ်ပါတယ်..အပင်မှာ ဆူးတွေရှိတယ်..
ခူးတဲ့အခါ ရွက်ညှာမှာ အဖြူရောင်အစေးတွေ ထွက်တဲ့အတွက် ခူးပြီးရင် ရေထဲမှာ ခဏစိမ်ထားရမယ်..အစေးတွေကုန်သွားမှ ဆယ်ယူပြီး ခြောက်အောင် သုတ်ရမယ်..အရွက်ရဲ့ အကျယ်(အနံ)ဟာ (၂)လက်မခန့်ရှိပြီး အရွက်ရဲ့ အလျားဟာ (၅)လက်မခန့်ရှိရင် အနေတော်အကောင်းဆုံးဖြစ်ပါတယ်..(အပွင့်အနီရောင် သို့မဟုတ် ပန်းရောင်ပွင့်တဲ့ အပင်က အရွက်ကိုသာ ခူးပါ)
ကစ်စ်မီကွစ်ရဲ့ အရွက်အတွင်းဘက် မျက်နှာပြင်မှာ ဘောလ်ပင်နဲ့ အောက်ပါစာတန်းကို ရေးရပါမယ်..
ပထမအရွက်
(ရွက်ညှာ) “ ကို(----)မှ ကျွန်မ(----)ကို (ရွက်ဖျား)
ချစ်သူအဖြစ် အမြန်ဆုံး ရွေးချယ်ပါစေ ”
(ကစ်စ်မီကွစ် အရွက်)
ဒုတိယအရွက်
(ရွက်ဖျား) “ ကျွန်မ(-------)သည် ကို(--------)၏ (ရွက်ညှာ)
ချစ်သူအဖြစ် အမြန်ဆုံး ရွေးချယ်ခံရပါစေ”
ပထမတစ်ရွက်ကို အညှာဘက်မှ စတင်ရေးရပြီး ဒုတိယစာရွက်ကို အဖျားဘက်မှ စတင်ရေးရမယ်.ပြီးရင် အဲဒီအရွက်ပြောင်းပြန်အတိုင်း အတွင်းဘက် မျက်နှာချင်းဆိုင် အရွက်ချင်းထပ်ရပါမယ်..
ကိုယ်သုံးနေကျ လက်ကိုင်ပ၀ါတစ်ထည်နဲ့ အဲဒီအရွက်စုံတွဲကို ပတ်ပြီး ကိုယ်နဲ့မကွာ သွားလေရာ ယူဆောင်သွားပါ..ပိုက်ဆံအိတ်၊ လွယ်အိတ်၊ အင်္ကျီအိတ် အဆင်ပြေသလို ထည့်သွားလို့ရပါတယ်..ညအိပ်ချိန်မှာ ထုတ်ယူပြီး ခေါင်းအုံးအောက်မှာ ထည့်ထားပါ..
နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အနည်းဆုံး တစ်နေ့နှစ်ကြိမ်လောက် အဲဒီအရွက်စုံတွဲပ၀ါထုတ်ကို ညာလက်မှာကိုင်ပြီး အရွက်ထဲမှာ ရေးထားတဲ့အတိုင်းနှုတ်က ရွတ်ဆိုဆုတောင်းပါ..အခြေအနေ အချိန်အခါပေးရင်တော့ တစ်နေ့ကို လေး.ငါး.ဆယ်ကြိမ် လုပ်နိုင်ပါတယ်..
အကြောင်းအားလျှော်စွာ အချင်းချင်းတွေ့ဆုံဖို့ရှိရင် ဒီအစီအမံပစ္စည်းကို ပါအောင်ယူဆောင်သွားဖို့ မမေ့ပါနဲ့..ပြီးတော့ အချစ်ရဲ့သင်္ကေတဖြစ်တဲ့ ပန်းနုရောင်၊ ပန်းဆီရောင်၊ အနီရောင် အ၀တ်အစား၊ အသုံးအဆောင် ဦးစားပေးဝတ်ဆင်သုံးစွဲပါ..
မကြာခဏ တွေ့ဆုံမိအောင်လဲ ကြိုးစားနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်..
ကစ်စ်မီကွစ်အရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်အချိန်ကတော့ ဗုဒ္ဓဟူးညပိုင်း (၇)နာရီခွဲမှ (၉)နာရီအတွင်းဖြစ်ပါတယ်..
လက်တွေ့မှာတော့ (၆)ရက်မှ (၆)ပတ်အတွင်း အောင်မြင်ကြတာ များပါတယ်..

ဆရာကြီးဦးအောင်မြိုင်(ဥပဒေဘွဲ့)ရေးသားသော အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ စာအုပ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်.

ကိုအောင်ကျော်မြင့်ထံမှ ပြန်လည်မျှဝေပါသည်။
အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account