Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, January 20, 2013

မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ် အမြန်ဆုံးပြန်ရဖို့

အကြောင်းအမျိုးမျိုးကြောင့် မိမိချစ်သူ(ရည်းစား)နဲ့ အဆက်အသွယ်ပြတ်နေရသူတွေက ဒီအစီအမံကို လုပ်နိုင်ပါတယ်.အဓိက လိုအပ်မယ့် ပစ္စည်းကတော့ စတီးလင်ပန်းငယ်တစ်ချပ်ရယ်၊ စွယ်တော်ကိုင်း(၁၀)လက်မခန့် အရှည်(လုံးပတ် ခဲတံလုံးခန့်)တစ်ကိုင်းရယ် ဖြစ်ပါတယ်. စတီးလင်ပန်းငယ်ကတော့ အချင်း(၆)လက်မဆိုရင် ရပါတယ်.

စတီးလင်ပန်းငယ်ရဲ့ အလယ်ဗဟိုမှာ မိမိကို အဆက်အသွယ်လုပ်စေချင်သူရဲ့ နာမည်ကို ရေးရမယ်..စတီးလင်ပန်းအတွင်း အနားပတ်လည်မှာ အောက်ပါစာတန်းကို ရေးရမယ်.(ပုံမှာ ပြထားတဲ့အတိုင်း နမူနာ ကြည့်ရေးပါ).
“ ဥုံ အဆက်အသွယ် အမြန်ဆုံး ပြန်ရပါစေ”
(သို့မဟုတ်)
“ ဥုံ အဆက်အသွယ် အမြန်ဆုံး ပြန်လုပ်ပါစေ”
(လင်ပန်းထဲမှာ ဆော့ပင်နဲ့ ရေးရမှာပါ)
စွယ်တော်ကိုင်းပေါ်မှာလဲ ဆော့ပင်နဲ့ပဲ အဲဒီ စာတန်းကို ရေးရမယ်..
စတီးလင်ပန်းငယ်ကို မိမိရဲ့ အိပ်ရာအနီး အဆင်ပြေမယ့် နေရာမှာ ထားပါ..
စွယ်တော်ကိုင်းကို စတီးလင်ပန်းငယ်ပေါ်မှာ တင်ထားလို့ရတယ်.နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို စွယ်တော်ကိုင်းနဲ့ စတီးလင်ပန်းရဲ့ နှုတ်ခမ်းကို တစ်ကြိမ်မှာ (၁၀)ချက် ခေါက်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ရမယ်.
“ အဆက်အသွယ်ပြန်နေတဲ့ ချစ်သူ(----)က ကျွန်ုပ်ထံ အဆက်အသွယ်အမြန်ဆုံးပြန်လုပ်ဖို့ ကူညီပေးပါ”
မှတ်ချက်။ ။ အထက်ပါ နမူနာကို ကြည့်ပြီး မိမိတို့ အဆင်ပြေသလို ပြုပြင်ရွတ်ပါ.(---)နေရာမှာ ချစ်သူရဲ့နာမည်ကို ထည့်ရွတ်ပါ..ကျွန်ုပ်ဆိုတဲ့ နေရာမှာ ကျွန်တော်(သို့မဟုတ်)ကျွန်မကိုထည့်ရွတ်လို့ ရပါတယ်..
စတီးလင်ပန်းနဲ့ စွယ်တော်ကိုင်းပေါ်မှာ ဆော့ပင်နဲ့ စာရေးရမယ့် အချိန်ကတော့ အင်္ဂါနေ့ မနက်ပိုင်း (၉)နာရီမှ (၁၀)နာရီခွဲအတွင်း ဖြစ်ပါတယ်..ဘယ်အင်္ဂါနေ့မဆို ရေးနိုင်ပါတယ်..ဘယ်နေ့သားမဆို ပြုလုပ်နိုင်ပါတယ်.
မိမိ၏ ယုံကြည်မှုအပေါ်မူတည်ပြီး (၉)ရက်မှ (၉)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..

ဆရာကြီးဦးအောင်မြိုင်(ဥပဒေဘွဲ့)ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်..

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account