Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, March 2, 2012

အစိုးရသက်တမ်း တစ်နှစ်ပြည့်အဖြစ် နိုင်ငံတော်သမ္မတ လူထုကို တိုက်ရိုက် မိန့်ခွန်းပြော


Photo
နေပြည်တော်၊ မတ်လ ၁ ရက်။     ။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် ဒီကနေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က  ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် လူထုသို့  တိုက်ရိုက် မိန့်ခွန်း ပြောကြားပါတယ်။ အစိုးရသက်တမ်း တစ်နှစ်ပြည့်အဖြစ် နိုင်ငံတော်သမ္မတ ပြောကြားတဲ့ မိန့်ခွန်းကို ရုပ်မြင်သံကြား ဌာနတွေကနေ ဒီနေ့မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က တိုက်ရိုက် ထုတ်လွှင့်သွားခဲ့တာပါ။

မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ ၅၀၀၀ တန် မိုဘိုင်းဖုန်းကိစ္စ၊ ဝန်ထမ်းလစာတိုးရေး ကိစ္စတွေကို အလေးထား ပြောကြားသွားတာ တွေ့ရပါတယ်။ မိနစ် ၅၀ ကျော်ကြာ ပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းအပြည့်အစုံကို အောက်မှာ ဖော်ပြပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား - ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့်အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာကာလအတွင်း မိမိအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနဲ့ ရှေ့တွင် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ဤလွှတ်တော်မှတစ်ဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။ ပထမဦးစွာ နိုင်ငံတော် တစ်ဝန်းလုံးမှာရှိတဲ့ မိဘပြည်သူများအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်တို့အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် (၁) နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီလို (၁) နှစ်ပြည့် အခါသမယမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးများက တစ်ဆင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော်အုပ်ချုပ်မှု အာဏာကို အပ်နှင်းထားခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားပြီး ကျွန်တော်တို့အစိုးရရဲ့ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ ပတ်သက်လို့ အကျဉ်းချုံးပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လမ်းကြောင်းသစ်ကို စနစ်တကျ ကူးပြောင်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို ‘Burma Spring’  ‘Myanmar Spring’ အစရှိတဲ့ အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခံ နေရတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်မှန်ကန်တဲ့ အသွင်ကူးပြောင်းမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာနေပြီ ဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ဆင့်ပွားဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဗဟိုပြုပြီး ဒီမိုကရေစီ ခေတ်သစ် စနစ်သစ်ကို ကူးပြောင်းနေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလ တရားများ ထွန်းကားတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ပြီလားလို့ မေးရင် ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်း ကြရဦးမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ မြန်မာ့လူ့ဘောင်ကို တည်တံ့ခိုင်မာ ရှင်သန်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမယ့် ရေရှည်လုပ်ငန်းစဉ်ကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။ (၁) နှစ်ပြည့်ကာလမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ (၁) နှစ်က ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ အစိုးရအပေါ် သံသယရှိနေသူတွေ၊ မယုံမကြည် ဖြစ်နေသူတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ အစိုးရစနစ် မျိုးစုံကို တွေ့ကြုံခံစား ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ၊ ပကတိ အခြေအနေမှန်တွေကို ကြည့်ပြီး ကျွန်တော်တို့အစိုးရဟာ ဘယ်လို အစိုးရမျိုး ဖြစ်သလဲဆိုတာကို အကဲဖြတ်ကြမှာ ဖြစ်သလို၊ ဒီကနေ့ ကျွန်တော်တို့ အစိုးရ ဆောင်ရွက်နေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ် သမိုင်းကြောင်းအတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းသစ်အပေါ်မှာ လျှောက်လှမ်းနေရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ လေးလေးနက်နက် သိရှိနားလည် ခံယူထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်းအသစ် ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည် တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုရာမှာ ယခုလို ခေတ်တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို၊ စနစ်တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာရှိမှုတို့ဟာ သိပ်ကို အရေးကြီးပါတယ်။

မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ အခြေအနေများနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ဟာ မိဘပြည်သူများ အတွက် တစ်ကယ့်ကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ၊ စံနမူနာ သာဓက ပြုဖွယ်ရာ အောင်မြင်တဲ့ ကူးပြောင်းမှုကြီးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရောက်ရှိအောင် ဘယ်သူတွေ ဆောင်ရွက်ခဲ့တာလဲ။ ကျွန်တော်တို့ အစိုးရချည်း သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လွှတ်တော်အရပ်ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေး မဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော်စတဲ့ သက်ဆိုင်ရာ Stake holder တွေအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အကျဆုံးကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား မိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အစဉ်အမြဲ မော်ကွန်းတင် ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်မှုတွေကြားမှာ မြန်မာ့ဒီမိုကရေစီ ခေတ်သစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံး တက်ညီလက်ညီ ဖော်ဆောင်ခဲ့တဲ့ ဒီလမ်းကြောင်းမှန်ပေါ်မှာ ဆက်လက် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသားအားလုံး နောက်ကြောင်း ပြန်မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီတာတွေ ဖယ်ထားပြီး တူညီတာတွေ ပူးပေါင်းလုပ်ကိုင် သွားကြမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသည်ထက် ခိုင်မာလာမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

ကျွန်တော်တို့အစိုးရ စတင် တာဝန်ယူခဲ့ချိန်မှာပဲ မိဘပြည်သူတွေ အားလုံး လိုလားတောင့်တ နေခဲ့တဲ့ အဓိက ဆန္ဒ (၂) ရပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆန္ဒက ကျွန်တော်တို့ ပြည်သူတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေထိုင်လိုကြပါတယ်။ မိဘပြည်သူတွေရဲ့ ဒီဆန္ဒကို အခြေခံပြီး အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေး စတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွကို ကျွန်တော်တို့ အလေးပေးပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက် ပါဝင်နိုင်သူတွေအားလုံး ပါဝင်ခွင့်ရရှိရေး ဆိုတဲ့ All Inclusive Political Process ကို ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက် ခဲ့ပါတယ်။ ဒီကနေ့ဆိုရင်  ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့၊ ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဟာ သိသိသာသာ အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသစ် ပေါ်ထွန်းလာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ဆန္ဒ၊  ကျွန်တော်တို့အစိုးရရဲ့ စစ်မှန်တဲ့ စေတနာ၊ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို ဦးထိပ်ထားတဲ့ ခံယူချက် ဒါတွေနဲ့  ကျွန်တော်တို့ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်းနိုင်ငံရေး အင်အားစု အားလုံးဟာ အခြေခံဥပဒေ မူဘောင်အတွင်းကနေ ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာကျင့်သုံးပြီး ပြည်သူ့ ကိုယ်စားလှယ်တွေအဖြစ် ပါဝင်ဆောင်ရွက်နိုင်ဖို့ စိတ်အား ထက်သန်စွာ ကြိုးပမ်းလာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

အလားတူပဲ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ အားလုံး ပါဝင်ခွင့် ရရှိရေး အတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အစိုးရရဲ့ (၁) နှစ်တာကာလ သက်တမ်းအတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်း ရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ သမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်ရင် (၁) နှစ်အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် အကြိမ်ရေ အများဆုံးပေးခဲ့တဲ့ မှတ်တမ်းအသစ်လည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလ အတွင်းမှာ (၂) ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လမ်းဖွင့် ကြိုဆို ဖိတ်ခေါ်ခဲ့တာနဲ့အညီ နယ်ပယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေဟာလည်း တက်တက်ကြွကြွ စိတ်အား ထက်သန်စွာနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။

ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာရင့်သန်ဖို့ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေး မျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း အားလုံး Common Ground ရှာဖွေနိုင်ပြီး စုပေါင်းစွမ်းအားနဲ့ နိုင်ငံ တည်ဆောက်သွားနိုင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အနာဂတ်နဲ့ တိုက်ရိုက် ဆက်စပ်လျက် ရှိနေပါတယ်။  ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ All Inclusive Political Process မှာ ခေတ်အဆက်ဆက်က အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့  ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေအားလုံး တန်းတူရည်တူ ပါဝင်ခွင့် ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်းညီအစ်ကို တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည် မပေါ်ခဲ့တဲ့ အိပ်မက်၊ လွင့်ပြယ် ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် ထိတွေ့ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ  ကျွန်တော်တို့ အစိုးရ လက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားများ နည်းတူ ဗမာ ဆိုတာဟာလည်း ပြည်ထောင်စုကြီးထဲက တိုင်းရင်းသား လူမျိုးတစ်စု ဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံး မျှဝေရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ  ကျွန်တော်တို့ အစိုးရရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး  ကျွန်တော် ပြောပြချင်ပါတယ်။ (၁၈) နှစ်၊ (၁၉) နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်၊  ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တစ်ကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။  ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။  ကျွန်တော်တို့အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက် ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ  ကျွန်တော်တို့အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ  ကျွန်တော်တို့အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေး တာဝန်ကြီးတစ်ရပ် ဖြစ်ပါတယ်။ ဒီတာဝန်ကြီးဟာ ကျွန်တော်တို့အတွက် ခက်ခဲကြီးလေးတဲ့ တာဝန်ကြီး ဖြစ်မယ်ဆိုတာလည်း  ကျွန်တော်တို့ သိရှိ နားလည်ထားပါတယ်။

ဒါပေမယ့် ဒီတာဝန်ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။ အခုဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီးတဲ့ အချိန်မှာ ဒီယုံကြည်ချက်ဟာ ပိုပိုပြီး ခိုင်မာလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေ မရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပက မေးမြန်း နေကြတာတွေ ရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင်နေကြ ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကို ခုခံကာကွယ်ရုံကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ် တိုက်ခိုက်မှုတွေ မရပ်သေးတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြော ဖြစ်ပါတယ်။

ယနေ့ မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်ဘက်နဲ့တစ်ဘက် လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်။ ဒီအတွက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်၊ ကတိကဝတ်တွေ အပြန်အလှန် ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့ အစိုးရနဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်ဘေးသင့် တိုင်းရင်းသားတွေ အတွက် ထောက်ပံ့ ကူညီမှုတွေ၊ ပြန်လည်နေရာ ချထားရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးနေသလို ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီနိုင်အောင်လည်း လမ်းဖွင့်ဆောင်ရွက် ပေးနေပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဆင့် (၃) ဆင့် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ နှစ်ဖက် ရန်လိုမှုတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်း သတ်မှတ်နေရာမှအပ ကျန်နေရာ ဒေသများသို့ သွားရောက်ရာတွင် လက်နက် ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထားသည့် နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မယ့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။

ဒီအဆင့်ကို ပြီးမြောက်အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက် သဘောတူလိုက်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆွေးနွေးရမယ့် အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန် အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲ စေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ဖို့၊ နိုင်ငံရေး ပါတီများ ထူထောင်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့၊ လွှတော်တွင်း ရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုတွေကို နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီး သဘောတူညီချက် ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တတိယ အဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။

ဤလွှတ်တော်ကြီး အတွင်းမှာပဲ ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သံန္နိဋ္ဌာန်ကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်။ ဒီလို ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို တက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသား တွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသား အားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန် နားလည် ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ဒေါက်တိုင်ကြီး (၃) ရပ်နဲ့ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများဆန္ဒနဲ့ သဘောတူ ပြင်ဆင်ပြီး မိမိတို့ရဲ့ လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီအဆင့် (၃) ဆင့်ဟာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မယ့် နိုင်ငံတော်ရဲ့ လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။ ဒီလမ်းပြမြေပုံကို လက်တွေ့ အကောင်အထည် ဖော်ရာမှာ အခြေခံ အဆောက်အအုံတွေ၊ စီးပွားရေး အခွင့်အလမ်းတွေ၊ စက်မှုဇုန်တွေ၊ ပြန်လည် နေရာချထားမှုနဲ့ ပြန်လည်ထူထောင် တည်ဆောက်မှုတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုအဆောက်အအုံတွေ စတဲ့ နည်းဗျူဟာ များစွာ ပါဝင်နေမှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အရိပ်အာဝါသ အောက်ကို ရောက်ရှိလာတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ အထိ ကျွန်တော်တို့ အစိုးရနဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။

သေနတ်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါ ရပ်တည် နေထိုင်နှိုင်ဖို့ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းတဲ့နေရာမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ ကူညီမှုတွေ ဖိတ်ခေါ် ကြိုဆိုပြီး ဘက်စုံထောင့်စုံ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့အညီ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော် မှီတင်း နေထိုင်တဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ဒီ Diversity ကြန်အင် လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့အကျိုး ထမ်းဆောင်ရမယ့် ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ မိဘပြည်သူအားလုံး လိုလားတောင့်တနေခဲ့တဲ့ အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေး ဆိုတဲ့ သမိုင်းပေးတာဝန်ကြီးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ ဖိအားပေးမှုကြောင့် ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒကို ကျွန်တော်တို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

ထာဝရ ငြိမ်းချမ်းရေးနဲ့အတူ အရေးကြီးတဲ့ ဦးစားပေး လုပ်ငန်းစဉ်ကတော့ မြန်မာ့စီးပွားရေး အမြန်ဆုံး ဦးမော့လာရေးပဲ ဖြစ်ပါတယ်။ မိဘပြည်သူ အားလုံးရဲ့ ဒုတိယဆန္ဒကတော့ ကျွန်တော်တို့နိုင်ငံကို စီးပွားရေးကောင်းမွန်ပြီး ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီး ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်နေသေးတဲ့၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားခြင်း မရှိသေးတဲ့၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ ခိုင်မာအားကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးတဲ့ အချိန်အခါမှာ နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြရမှာ အဆင်ပြေ လွယ်ကူစေဖို့ ဦးတည်ချက်ထားပြီး လုပ်ငန်းလိုင်စင်တွေ၊ ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေ လျင်လျင်မြန်မြန် ရရှိလာအောင် အလေးထား ဆောင်ရွက် ခဲ့ပါတယ်။ ပို့ကုန်နဲ့ ဆက်စပ်တဲ့ အခွန်အကောက်တွေကိုလည်း လျှော့ချဖယ်ရှား ပေးခဲ့ပါတယ်။ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားကိုလည်း ပြင်ပအခြေအနေနဲ့အညီ ယာယီပြောင်းလဲ သတ်မှတ်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှန်ကန်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို မထိခိုက်စေတဲ့ ငွေလဲလှယ်မှု နှုန်းထားတစ်ရပ် ရေရှည်ခိုင်ခိုင်မာမာ ထူထောင်နိုင်အောင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မလိုအပ်တဲ့ အပို ကုန်ကျစရိတ်တွေ လျော့နည်း သက်သာစေအောင်လည်း အုပ်ချုပ်ရေး ယန္တရားရဲ့ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ရာမှာ ဆန်စပါး လွတ်လပ်စွာ တင်ပို့ခွင့်၊ စက်သုံးဆီ ဈေးနှုန်း၊ တယ်လီဖုန်း ဈေးနှုန်း၊ မော်တော်ကား ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း Transactional Cost တွေ လျော့နည်းကျဆင်းသွားအောင် ဆောင်ရွက်နေပါတယ်။ လက်ရှိ ပြည်သူများအကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ငါးထောင်တန် မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက် များနဲ့အညီ အကောင်းဆုံး နည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေး ယန္တရားစနစ်တွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ လျော့နည်းစေရေးအတွက်လည်း ရေရှည်ကာလမှာ မော်တော်ကား ဈေးနှုန်းတွေကို နိုင်ငံတကာနည်းတူ လျော့ကျလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး နယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများကိုလည်း စွမ်းဆောင်ရည် မြင့်မားလာအောင် ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အရင်းအနှီး ဈေးကွက်၊ ငွေကြေး ဈေးကွက် ထွန်းကား ရှင်သန်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်သလို အများပိုင် ကုမ္ပဏီတွေ တိုးပွား ရှင်သန်လာအောင်လည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ခိုင်မာအားကောင်းလာအောင် မြှင့်တင် ပျိုးထောင်ပေးနေသလို အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာ တိုးမြှင့်ရရှိစေရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် ချယ်လှယ် ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမှီ ရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းလဲရာမှာလည်း လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေဖို့၊ မညီမျှမှုများ မဖြစ်ပေါ်စေဖို့၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတား မဖြစ်စေဖို့ အဘက်ဘက်က သုံးသပ်ပြီး ဆောင်ရွက်နေပါတယ်။ ပွင့်လင်းမြင်သာမှုရှိပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ စီးပွားရေးလုပ်ငန်း နယ်ပယ်တွေ ထွန်းကားရှင်သန်လာအောင်၊ စီးပွားရေးလုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ရလွယ်ကူပြီး ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်မြင့်မားစေမယ့် စီမံကိန်းတွေကိုလည်း ချမှတ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စီးပွားရေး နယ်ပယ်မှာ ပြည်တွင်း၊ ပြည်ပ တတ်သိပညာရှင်များရဲ့ တန်ဖိုးကြီးမားတဲ့ အကြံဉာဏ်တွေကို အလေးအနက်ထားပြီး ပုဂ္ဂလိကကဏ္ဍရဲ့ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးနေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစားတစ်ခုတည်း၊ အသိုင်းအဝိုင်းတစ်ခုတည်း တိုးတက်ကြီးပွားစေရေး မဟုတ်ဘဲ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ခုလုံး အတွင်းမှာ ရှိတဲ့အလွှာအားလုံး၊ လူတန်းစားအားလုံး၊ နိုင်ငံသားအားလုံး လွှမ်းခြုံပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့ လူနေမှု အဆင့်အတန်းတွေ မြင့်မားလာဖို့၊ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ တိုးတက် မြင့်မားလာဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့အထိ ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ လူလတ်တန်းစား အရေအတွက် တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နေသလိုပဲ အောက်ခြေ ပြည်သူများအတွက်လည်း တစ်ဦးချင်းဝင်ငွေ မြင့်မားလာဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာဖို့အတွက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍစတဲ့ နယ်ပယ်အသီးသီးမှာ တစ်မျိုးသားလုံးရဲ့ စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံး ဟန်ချက်ညီ တိုးတက်လာဖို့ ပြည်တွင်း၊ ပြည်ပ အရင်းအနှီး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖိတ်ခေါ်စုစည်းပြီး ညီညွတ်မျှတပြီး သဟဇာတဖြစ်တဲ့ စီးပွားရေး ပတ်ဝန်းကျင်သစ် တစ်ရပ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

ကျွန်တော်နဲ့တစ်ကွ ဒုတိယသမ္မတ (၂) ဦးနဲ့ တပ်မတော် ခေါင်းဆောင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်/ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ ဥပဒေပြုရေးနှင့် တရားရေး မဏ္ဍိုင်ဘက်က တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်လိုတဲ့ စိတ်ဆန္ဒတွေ တစ်စိတ်တည်း တစ်ဝမ်းတည်းပဲ ရှိနေပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုး အဖုံဖုံ ဝေဖန် ပြောကြားနေကြတာတွေလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အပြုသဘော မဆောင်တဲ့ ကောလဟာလတွေလည်း ကျွန်တော်တို့ ကြားသိနေပါတယ်။ ကျွန်တော်တို့ အစိုးရဟာ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြား ခြားနားတာကလွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ခေတ်သစ်၊ စနစ်သစ်တစ်ခုကို ကူးပြောင်းရုံသာမက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့စည်းကြီး တစ်ခုလုံးကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းကြီးအဖြစ် ပြောင်းလဲမြှင့်တင် ပုံဖော်နေကြရတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရ အနေနဲ့ ခိုင်မာအားကောင်း တောင့်တင်းနေဖို့ အရေးကြီးပါတယ်။

အသွင်ကူးပြောင်းရေး တာဝန်ကို ပခုံးထမ်းထားရတဲ့ အစိုးရအဖွဲ့ဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တည်တည် ငြိမ်ငြိမ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ဖော်ဆောင် သွားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လျှောက်လှမ်းတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ခိုင်မာရင့်မာဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ကက်ဘိနက် အစည်းအဝေးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မလိုအပ်တဲ့ အချိန်ကုန်မှုတွေကို အနည်းဆုံးအဆင့်အထိ လျှော့ချပြီး နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင် ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ အနေနဲ့လည်း အစည်းအဝေးတွေ ဆက်တိုက်ကျင်းပပြီး အချိန်ကုန်မနေကြဘဲ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို စွမ်းအားကုန် ဖြည့်ဆည်းပေးပြီး ပြည်သူလူထု စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို ရှေ့ရှု ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေတဲ့ အဂတိ လိုက်စားမှုဆိုတဲ့ အမျိုးသားရေး စိန်ခေါ်မှုကြီးဟာ ခေတ်စနစ်နဲ့အတူ ပေါက်ဖွား ရှင်သန်လာခဲ့တာ ဖြစ်တဲ့အတွက် ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင်၊ သက်သာချောင်ချိရေး၊ ပြန်လည် စောင့်ကြည့်ရေး၊ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင် မြှင့်တင်ရေးအစရှိတဲ့ ဘက်စုံချဉ်းကပ်မှု နည်းလမ်းတွေနဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်အထိ အုပ်ချုပ်ရေးယန္တရား ပြန်လည် ဖွဲ့စည်းတည်ဆောက်ရာမှာ ခေတ်အဆက်ဆက် စူးဝင်နေခဲ့တဲ့ ဆူးချွန်တွေကို ဖယ်ရှားပစ်ဖို့ ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြောင်းလဲတည်ဆောက်ရတာ ဖြစ်ပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း လုပ်ငန်းစဉ် ပီပြင် ခိုင်မာလာတာနဲ့မျှ အဂတိလိုက်စားမှုတွေ သိသိသာသာ လျော့နည်းပပျောက်သွားစေမှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ဖွဲ့စည်း တည်ဆောက်မှုကို အချိန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ ငွေရေးကြေးရေး အခြေအနေ၊ ပြည်ပကြွေးမြီ၊ ဘတ်ဂျက်လိုငွေစတဲ့ မက်ခရိုစီးပွားရေး အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး အခြေအနေအချိန်အခါ သင့်ရင်သင့်သလို လစာ၊ စရိတ်တွေ တိုးမြှင့်ပေးနိုင်အောင်လည်း ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ စတင် လွှဲပြောင်းရယူချိန်ကစပြီး မြင့်မားတဲ့ လစာနှုန်းထားတွေကို ရယူခံစားခြင်း မပြုဘဲ ယခင်အစိုးရ လက်ထက်က နှုန်းထားအတိုင်း ရယူခံစားနေကြသူတွေ ဖြစ်ပါတယ်။ လူတန်းစား ကွာဟချက်တွေ၊ ဆင်းရဲ နွမ်းပါးမှုတွေ ကြီးကြီးမားမား တည်ရှိနေသေးပြီး ပြည်သူတစ်ဦးချင်း ဝင်ငွေ နိမ့်ကျနေသေးတဲ့ ဒီကနေ့ဒီအချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ အပြည့်အဝ ဖြည့်ဆည်းနိုင်အောင်၊ မိမိတို့ကြောင့် ဖြစ်ပေါ်ရတဲ့ အပိုကုန်ကျ စရိတ်တွေ လျော့နည်း ပပျောက်သွားအောင် စိတ်ရင်းစေတနာ အရင်းခံပြီး ထမ်းဆောင်သွားကြဖို့ ပြောကြားလိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရဝန်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ (၃.၃%) ခန့် ရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ အစိုးရ ဝန်ထမ်းမဟုတ်သော သာမန်လက်လုပ်လက်စား ပြည်သူ (၉၆.၇%) ခန့်ကိုလည်း ပြန်လည်ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှုတွေကြောင့် အရပ်ရပ် ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေ လစာ တိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရဝန်ထမ်း မဟုတ်တဲ့ (၅၈) သန်းသော ပြည်သူတွေဟာ ဒီ နောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ယန္တရား တစ်ရပ်တည်းကိုပဲ အလေးပေး စဉ်းစားလို့မဖြစ်တဲ့ အခြေအနေမှာ ကျွန်တော်တို့အနေနဲ့ လစာ သို့မဟုတ် ထောက်ပံ့ ကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ နိုင်ငံတော်တာဝန် စတင်ရယူချိန်ကစပြီး ကျေးလက်ဒေသမှာရှိတဲ့ မိဘပြည်သူတွေ၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာရှိတဲ့ မိဘပြည်သူတွေ အတွက် ဦးစားပေးအဆင့် အမြင့်ဆုံးချမှတ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီတာဝန်ဟာ ပါးစပ်က ပြောသလောက် မလွယ်ကူဘဲ လက်တွေ့ အကောင်အထည် ဖော်ရာမှာ ကြီးမားတဲ့အတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းအသစ်နဲ့ ကျွန်တော်တို့ မြေစမ်းခရမ်းပျိုး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဆိုတာ ရေတိုကာလအတွင်း လျင်လျင်မြန်မြန် တိုက်ဖျက်သွားနိုင်ဖို့ မလွယ်ကူမှန်း သိပေမယ့်လည်း ဆင်းရဲနွမ်းပါးတဲ့ မိဘပြည်သူတွေ အတွက် ကူညီထောက်ပံ့မှုတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကျန်းမာရေး၊ လူမှုဖူလုံရေးစတဲ့ လူသား ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ရပ်တည် နိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပုဂ္ဂလိက၊ NGO ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူပြီး ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ထောင်စုနှစ် ရည်မှန်းချက်များနဲ့အညီ ကျွန်တော်တို့ နိုင်ငံမှာ (၂၆%) ရှိနေတဲ့ ဆင်းရဲနွမ်းပါးမှု နှုန်းထားကို ၂၀၁၅ ခုနှစ်ရောက်ရင် (၁၆%) အထိ လျှော့ချနိုင်ဖို့၊ LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီ (၂၆%) သော ပြည်သူများရဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယူနီဗာဆယ် ကျန်းမာရေး အာမခံစနစ်သစ် တစ်ရပ် ပေါ်ထွန်းလာဖို့လည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍ ပြင်ပအလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာအောင်လည်း ဒေသအနေအထားပေါ် မူတည်ပြီး စက်မှုလုပ်ငန်းတွေ ထွန်းကားလာအောင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေမှာလည်း ကျွန်တော်တို့ရဲ့ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်အရ ပြန်လည်ရင်ကြားစေ့ လာကြမယ့် တိုင်းရင်းသား လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ခြုံငုံချိတ်ဆက် ပါဝင်နိုင်အောင် ဆောင်ရွက်နေပါတယ်။

ရေတိုကာလမှာ ရသင့်ရထိုက်တဲ့ အခွန်အခတွေ တိုးမြှင့်ရရှိလာအောင် ဆောင်ရွက်ရာမှာ မိဘပြည်သူများရဲ့ လူမှု- စီးပွားဘဝများကို မထိခိုက်စေအောင် အဘက်ဘက်မှ ခြုံငုံသုံးသပ်ပြီး ဆောင်ရွက်နေသလို နိုင်ငံတော်ရဲ့ ယိုပေါက်၊ ဟာပေါက်တွေ ပိတ်နိုင်အောင်လည်း ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ ထိန်းကျောင်း ဆောင်ရွက်သွားနေပြီ ဖြစ်ပါတယ်။ ရေရှည်ကာလမှာတော့ ညီမျှမှု Equality နဲ့မျှတမှု Fairness ဆိုတဲ့ အနေအထား (၂) ရပ်အကြားမှာ လိုက်လျောညီထွေ ဖြစ်စေမယ့် အခွန်ဥပဒေတစ်ရပ်ကို ခေတ်စနစ်နဲ့သာမက မိဘပြည်သူများရဲ့ ပကတိ အခြေအနေမှန်နဲ့အညီ တစ်ဦးချင်း ဝင်ငွေနိမ့်ကျတဲ့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်လုပ်နိုင်တဲ့ နိုင်ငံသားတိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်အောင် မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ စက်မှုဇုန်တွေ ထူထောင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ စီးဝင်လာအောင် ဆောင်ရွက်နေပြီ ဖြစ်သလို ဒီရင်းနှီးမြှုပ်နှံမှုတွေကို ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်အောင်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ရာမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ထူထောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးနဲ့ မြန်မာ့စီးပွားရေး ဦးမော့လာရေး အတွက် အဓိက အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီ ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ခေတ်စနစ်နဲ့ညီတဲ့ သင်ရိုးညွှန်းတမ်း တွေကိုသာမက စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကောလိပ်၊ တက္ကသိုလ်တိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေမှာဖြစ်သော်လည်း တစ်ချိန်မှာ မိမိတက္ကသိုလ်နဲ့ မိမိ စီမံအုပ်ချုပ်ပိုင်ခွင့် ရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခြေခံပညာ စာသင်ကျောင်းတိုင်းမှာ စာကြည့်တိုက်တွေ ရှိရမှာဖြစ်သလို ကောလိပ်၊ တက္ကသိုလ်တွေ အားလုံးမှာလည်း သမားရိုးကျ စာကြည့်တိုက်တွေသာမက နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့ အွန်လိုင်း စာကြည့်တိုက်တွေရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသိပညာ အခြေခံတဲ့ စီးပွားရေးစနစ်ကို မျှော်မှန်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ဆရာ၊ ဆရာမများရဲ့ အရည်အချင်းကို မြှင့်တင်ရမှာ ဖြစ်သလို စာသင်ကျောင်းတွေရဲ့ အရည်အသွေးကိုလည်း စဉ်ဆက်မပြတ်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။

နည်းပညာခေတ်၊ ပညာခေတ်မှာ ကျွန်တော်တို့နိုင်ငံ နောက်ကျကျန်ရစ်ခဲ့တဲ့ Digital Divide ကို လျော့နည်းပပျောက်စေရန်လည်း အင်တာနက် ချိတ်ဆက်မှုတွေ၊ လက်တွေ့အသုံးချ Telecommunication ကွန်ယက်တွေ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အတွက် လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးကဏ္ဍမှာ ယခင်ထက် လေးဆ တိုးမြှင့်သုံးစွဲပြီး ပညာရေးကဏ္ဍမှာ ယခင်ထက် နှစ်ဆ တိုးမြှင့်သုံးစွဲထားဖို့ လျာထားနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အခြေခံခိုင်မာလာပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ တိုးတက်မြင့်မားလာတာနဲ့အမျှ ရေမြင့် ကြာတင့်ဆိုသလို လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားပေးမြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ သဘာဝအရင်းအမြစ် ထုတ်ယူရေးကို အခြေခံတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ နေရာမှာ ကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အစားထိုး ဝင်ရောက်လာအောင် မူဝါဒအသစ်များ ချမှတ်ပြီး ပြည်တွင်း၊ ပြည်ပ တတ်သိပညာရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ဆောင်ရွက်နေပါတယ်။

မက်ခရိုစီးပွားရေး ခိုင်မာကောင်းမွန်အောင် တစ်ဘက်က တည်ဆောက်နေသလို တစ်ဘက်ကလည်း အခြေခံ အဆောက်အအုံ၊ လူသား အရင်းအမြစ်၊ ကျွမ်းကျင်လုပ်သား၊ နည်းပညာ မြှင့်တင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တရားဥပဒေ အခြေခံ ဖွဲ့စည်းတည်ဆောက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးနယ်ပယ်၊ ပုဂ္ဂလိက ပါဝင်မှု အချိုးအစား မြှင့်တင်ရေး အစရှိတဲ့ ဘက်စုံ လွှမ်းခြုံပါဝင်တဲ့ အစီအမံများကို ရေတို ရေရှည် ချမှတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအသွင် ကူးပြောင်းရေး၊ နိုင်ငံတော်သစ် တည်ဆောက်ရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး လိုက်ပါမြင့်တက်လာရေး စတဲ့ တာဝန်ကြီး (၃) ရပ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ မျှော်မှန်းတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုဟာ Environmentally Sustainable ဖြစ်ရပါမယ်၊ Socially Sustainable ဖြစ်ရမယ်၊ Economically Sustainable ဖြစ်ရမယ်ဆိုတဲ့ အခြေခံ မူဝါဒကြီး (၃) ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပ ထောက်ပံ့ကူညီမှုတွေကိုပါ ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ဖို့လည်း တံခါးဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ကူညီမှု (၁) ဒေါ်လာ ပြုလုပ်တိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ မြန်မာ ပြည်သူများရဲ့ အကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် (၁) ဒေါ်လာ ထည့်ဝင်ရာ ရောက်တဲ့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းစ ကျွန်တော်တို့နိုင်ငံ နောက်ပြန် လန်ကျမသွားစေဖို့ အခြေအနေမှန်များကို နက်နက်ရှိုင်းရှိုင်း သိမြင် နားလည်ပြီး ကူညီဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါတယ်။

နာယကကြီး ခင်ဗျား-

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ ပဋိညာဉ် မူဘောင်ကြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာဏာ (၃) ရပ်ကို အညီအမျှ ခွဲဝေပေးထားတာ ဖြစ်ပါတယ်။ ဒီအာဏာကြီး (၃) ရပ်ကို အညီအမျှ ခွဲဝေကျင့်သုံးပြီး စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း မီဒီယာတွေ၊ ပဉ္စမ မဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့ မိဘပြည်သူတွေနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ ဆက်လက် ဆောင်ရွက်သွားကြမယ်ဆိုရင် ကျွန်တော်တို့အားလုံး မျှော်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး လူသားဂုဏ်ရည်မြင့်မားတဲ့ ဒီမိုကရေစီ လူ့ဘောင်ကြီး ဖြစ်ပေါ်လာရေးအတွက် အခြေခံ အကျဆုံးကတော့ ဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်အရပ်ရပ်က ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်း၊ ဒီဥပဒေတွေနဲ့အညီ ကျွန်တော်တို့အစိုးရက အုပ်ချုပ်၊ ဒီဥပဒေတွေနဲ့အညီ တရားစီရင်ရေး မဏ္ဍိုင်က လိုက်နာ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး ယန္တရားမှာ Rule of Law ရှိရပါမယ်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြရာမှာ Rule of Law ရှိရပါမယ်။ လူမှုဖူလုံရေး အတွက်လည်း Rule of Law ရှိရပါမယ်။ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာလည်း Rule of Law ရှိရပါမယ်။

အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာလည်း Rule of Law ရှိရပါမယ်။ တရားစီရင်ရေးမှာလည်း Rule of Law ရှိရပါမယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး Rule of Law နဲ့အညီ ဆောင်ရွက်နိုင်ပြီဆိုရင် လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ ဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံ တည်ဆောက်ရေး အဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီ ညွတ်ညွတ် စုပေါင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ ရှိနေကြတဲ့ ကျွန်တော်တို့ အားလုံးဟာလည်း ဒီမိုကရေစီနိုင်ငံနဲ့ ထိုက်တန်တဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီဆိုတာကို အားလုံးက ယုံယုံကြည်ကြည် လက်ခံနိုင်ပြီဆိုရင် နောက်ကြောင်းက အတွေးအခေါ်တွေ၊ အမူအကျင့်တွေဟာလည်း အပြန်အလှန် ထိန်းကျောင်းမှုနဲ့ တဖြည်းဖြည်းချင်း ပပျောက်သွားမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေ ပြောင်းလဲစေဖို့ Rule of Law နဲ့ အားဖြည့်ပေးရပါမယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ဝိုင်းကူကြရပါမယ်။ တန်းတူရည်တူ၊ သာတူညီမျှ စိတ်ထားတွေနဲ့ တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုဟာလည်း အဓိကကျနေသလို နိုင်ငံတကာ မိသားစုအသိုင်းအဝိုင်းရဲ့ လက်ခံအားပေးမှု၊ ကူညီ ပံ့ပိုးမှုတွေကလည်း အထူးပဲ အရေးပါနေပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ သိသိသာသာ တိုးတက်လာတဲ့ နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပြီး ကျွန်တော်တို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အမျိုးသားရေး အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရာမှာ ခေတ်အဆက်ဆက် ဖြောင့်မတ်မှန်ကန်စွာ ကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကိုပဲ ဆက်လက် ကိုင်ဆွဲသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ အရှေ့-အနောက် ခွဲခြားခြင်း မရှိဘဲ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံသွားမှာ ဖြစ်သလို နိုင်ငံတကာ မိသားစုရဲ့ အားပေးကူညီမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေကို နွေးထွေးစွာ လက်ကမ်းကြိုဆိုသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံ၊ နိုင်ငံသားတွေရဲ့ အမျိုးသားရေး အကျိုးစီးပွား၊ အချုပ်အခြာအာဏာ မထိပါးစေအောင်လည်း ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့အစိုးရဟာ မိဘပြည်သူများက ယုံယုံကြည်ကြည် လေးလေးနက်နက် အပ်နှင်းလာတဲ့ တာဝန်တွေ၊ ကျွန်တော်တို့ ကျေပွန်ရမယ့် ဝတ္တရားတွေကို ဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင့်အာဏာများကို တော်တည့်မှန်ကန်စွာ ခွဲဝေကျင့်သုံးပြီး အထက်အောက် တာဝန်ယူမှု၊ တာဝန်သိမှုတွေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ (၁) နှစ်တာ ကာလအတွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေကိုလည်း အများအပြား တွေ့ကြုံခဲ့ရပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံတော် တည်ဆောက်ရေးမှာ အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လျင်လျင်မြန်မြန် ထွက်ပေါ်လာဖို့ လိုသလို ဒီအပြောင်းအလဲတွေ ခိုင်မာဖို့ အထူး အရေးကြီးပါတယ်။ နိုင်ငံတကာ ရေစီးကြောင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်း ရေးစီးကြောင်းနဲ့ ပေါင်းစည်းနိုင်ခြင်း မရှိဘဲ နောက်ကျကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အတွင်း၊ အပြင် သင်ခန်းစာတွေ ရယူပြီး အကျိုးရှိရှိ သုံးသပ်မြော်မြင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ နိုင်ငံတံခါး ဖွင့်လိုက်တာနဲ့အမျှ အခွင့်အလမ်းတွေနဲ့အတူ တွဲလျက် ပါလာတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ သတိကြီးကြီးထားပြီး မဏ္ဍိုင်အရပ်ရပ်၊ လူ့အဖွဲ့အစည်း အသီးသီးက စနစ်တကျ ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရ အပါအဝင် မိဘပြည်သူအားလုံး လျှောက်လှမ်းနေတဲ့ သမိုင်းဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးဟာ အင်မတန်မှ ကြီးမားကျယ်ပြန့်ပြီး အလွန်တရာမှလည်း ခက်ခဲနက်နဲလှပါတယ်။

ကျွန်တော်တို့လို အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေအပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး အတွင်းမှာ နစ်ဝင်နေတဲ့ အတွင်းဒဏ်ရာတွေကိုလည်း ပျောက်ကင်းအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရ သက်တမ်းအပြင် နောင်လာမယ့် အစိုးရအဆက်ဆက် လက်ထက်မှာလည်း ခိုင်မာသည်ထက် ခိုင်မာအောင် မိဘပြည်သူများ အားလုံး၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးက ဆက်လက်ပြီး ကြိုပမ်း တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင်ပြီး ရှင်သန်ခိုင်မာတဲ့ အဆင့်ရောက်ဖို့ ကျွန်တော်တို့ နောက်ထပ်များစွာ ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဲ့ ယန္တရားတွေ ဒီထက်ပိုမို စွမ်းရည်မြင့်မားလာအောင်၊ လွှတ်တော်အရပ်ရပ်ရဲ့ ဥပဒေပြုမှုတွေ ဒီထက်ပိုပြီး ကျယ်ပြန့်လာအောင်၊ Rule of Law ခိုင်ခိုင်မာမာ ဖြစ်ထွန်း ပေါ်ပေါက်လာအောင်၊ ပုဂ္ဂလိကကဏ္ဍ ဒီထက်ပိုပြီး စွမ်းအားကောင်းလာအောင်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဒီထက်ပိုပြီး မြင့်မားလာအောင်၊ အခြေခံ အဆောက်အအုံနဲ့ လူမှုဖူလုံရေး အဆောက်အအုံတွေ ဒီထက်ပိုပြီး အရည်အသွေး မြင့်မားလာအောင်၊ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ လူနေမှုဘဝတွေ ဒီထက်ပိုပြီး တိုးတက်မြင့်မားလာအောင် ကျွန်တော်တို့ အများကြီး ကြိုးပမ်းကြရဦးမှာပါ။

မိဘပြည်သူတွေ ဖြစ်ချင်နေတဲ့၊ မိဘပြည်သူတွေ လိုလားနေတဲ့၊ မိဘပြည်သူတွေ တစ်သက်လုံး မျှော်လင့်နေကြတဲ့ တစ်ဦးချင်းဝင်ငွေ တိုးတက်မြင့်မားပြီး၊ စီးပွားရေးသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးမှာ အရာရာ Rule of Law ခိုင်မာလျက် စိတ်အေးချမ်းသာစွာ၊ ဂုဏ်သိက္ခာမြင့်မားစွာ အသက်ရှင်နေထိုင် ရပ်တည်နိုင်တဲ့ မြန်မာ့လူ့ဘောင် အဖွဲ့စည်းကြီး ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဆက်လက်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ မဏ္ဍိုင်တွေ အနေနဲ့လည်း ကျွန်တော်တို့အစိုးရကို ပိုမိုခိုင်မာ အားကောင်းအောင် အပြန်အလှန် နားလည်မှု၊ ယုံကြည်လေးစားမှု၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတွေနဲ့ ကူညီပေးကြပါ၊ မိဘပြည်သူများကလည်း ကျွန်တော်တို့ အစိုးရကို ထိန်းကျောင်းတည့်မတ် ပေးကြပါ၊ အားလုံးသော Stake holder များ အနေနဲ့လည်း ကျွန်တော်တို့ လူ့အဖွဲ့စည်းကြီး တိုးတက်ခိုင်မာလာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ အလေးအနက်ထား တိုက်တွန်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရ အနေနဲ့ မိဘပြည်သူများ မျှော်လင့်ထားတဲ့အတိုင်း အချိန်တိုတိုအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အရာထင်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒတွေ အလုံးစုံ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အသက်နဲ့ ခန္ဓာကိုယ် စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာ ပြုထားကြသူများပီပီ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျား။

ရတနာပုံသတင်း

Thursday, March 1, 2012

တန်ဖိုးနည်းဂျီ ကျပ်နှစ်သိန်းဖြင့် ရောင်းမည်

တန်ဖိုးနည်း ဂျီဖုန်းများအား ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။  ယခင် တန်ဖိုးနည်း ဂျီဖုန်းများကို ကျပ်နှစ်သိန်း အထက်နှင့် ကျပ်သုံးသိန်းကြား ရောင်းချပေးသွားမည်ဟု သတင်းများ ထုတ်ပြန်ထားခဲ့သည်။ "မတ်လ ပထမပတ် အတွင်းမှာပဲ ဖုန်းတွေ ချထားပေးသွားမှာပါ။ နှုန်းထားကတော့ ကျပ်နှစ်သိန်းနဲ့ပဲ ရောင်းချပေးမှာပါ။ ငါးသိန်းတန် ဂျီဖုန်းတွေ ရောင်းချပေးသလိုမျိုးပဲ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ နေ့ချင်းပြီးစနစ်နဲ့ ရောင်းချပေးသွားမှာပါ" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

နှစ်သိန်းတန် ဂျီဖုန်းများအား ပထမရစ်အဖြစ် အလုံးရေ တစ်သန်းခွဲ ချထားပေးမည်ဖြစ်ပြီး ဖုန်းသုံးစွဲမှုများသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် အလုံးရေ အများဆုံး ချထားပေးမည် ဖြစ်သည်။ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများကိုမူ သုံးစွဲမှုအပေါ် မူတည်၍ ချထားပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ရန်ကုန်ကိုတော့ အလုံးရေ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ နောက်ပိုင်းဖုန်းတွေ ထပ်ချပေးရင်လည်း ရန်ကုန်ကိုပဲ အလုံးရေ ပိုများပြီး ပေးမှာပါ။ ဒါကလည်း ဖုန်းသုံးစွဲမှုများလို့ ချထားပေးခြင်း ဖြစ်ပါတယ်" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ယင်းသို့ ဖုန်းများ ချထားပေးရာတွင် အင်တာနက် သုံးစွဲမှုအတွက် ကျပ်ငါးသိန်းတန် ဂျီဖုန်းများကဲ့သို့ ငွေကျပ်တစ်သောင်း ပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် မြန်နှုန်းများကိုလည်း ယခင်ထက် တိုးမြှင့်ပေးထားကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နှစ်သိန်းဖုန်းများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးသွားမည် ဖြစ်ပြီး စီမံကိန်းအလိုက် ဖုန်းတန်ဖိုး နှုန်းထားများကို လျှော့ချပေးမည် ဖြစ်ကြောင်း၊ ၎င်းအပြင် အာဆီယံ နိုင်ငံအချင်းချင်း အပြန်အလှန် သယ်ဆောင် အသုံးပြုခွင့်ကိုလည်း စီမံကိန်း ကာလတွင် အပြီးသတ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အောင်ဇော်

ဂျီအက်စ်အမ်ဖုန်းများ ခေါ်ဆိုရခက်ခဲခြင်း၊ လိုင်းကျခြင်းများ ဖြစ်ပေါ်

ပြည်တွင်းတွင် အသုံးပြုနေသော ဂျီအက်စ်အမ်ဖုန်းများ ယခုရက်ပိုင်းအတွင်း လိုင်းကျခြင်း၊ ခေါ်ဆိုရ ခက်ခဲခြင်းများ ဖြစ်ပေါ်နေကြောင်း  အသုံးပြုသူများနှင့် ဖုန်းဆိုင်များက တညီတညွတ်တည်း ပြောသည်။ ယင်းကဲ့သို့ ဂျီအက်စ်အမ်ဖုန်းများ  ခေါ်ဆိုရ ခက်ခဲခြင်း၊ လိုင်းကျခြင်းများ ဖြစ်ပေါ်ခြင်းမှာ ယခုလပိုင်းအတွင်းတွင် ပိုမိုဖြစ်ပေါ်ပြီး အသုံးပြုရ ပိုမို ကောင်းမွန်လာခြင်း မရှိကြောင်း သုံးစွဲသူများက ဆိုသည်။  ယခုလ ၁၃ ရက်နေ့တွင်လည်း ဂျီအက်စ်အမ်ဖုန်းများ လိုင်းပြတ်တောက်ခြင်း ဖြစ်ပေါ်ခဲ့ပြီး ညနေ  ၄ နာရီခန့်တွင် နာရီဝက်ခန့် လိုင်းပြတ်သွားခြင်း ဖြစ်သည်။ ဂျီအက်စ်အမ်ဖုန်း အသုံးပြုသူတစ်ဦးက “ပြီးခဲ့တဲ့ တနင်္လာနေ့က  ဂျီအက်စ်အမ်ဖုန်းတွေ လိုင်းပြတ်သွားတယ်။ နာရီဝက်လောက်  ခေါ်လို့မရဘူး။ အပြင်က ခေါ်တော့လည်း ခေါ်လို့မရဘူး ပြောတယ်။ အပြင်ပီစီအိုမှာ ဆက်တော့ ဂျီအက်စ်အမ်ဖုန်းတွေ လိုင်းကျနေတယ်  ပြောတယ်။ နာရီဝက်လောက် ဖြစ်တယ်။  အခုရက်ပိုင်း ခေါ်ရတာလိုင်း သိပ်မကောင်းဘူး” ဟု ပြောသည်။

အခြားမိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးကလည်း “ကျွန်တော်တို့ဆို ဒီရက်ပိုင်း ဖုန်းခေါ်ရတာ လိုင်းအရမ်းကျပ်တယ်။ ခေါ်ရတာ မကောင်းဘူး။ ခေါ်လိုက်တာနဲ့ callend ဖြစ်ဖြစ်သွားတယ်။ ပြီးတော့ ခေါ်တဲ့ဖုန်းက  ဂျီအက်စ်အမ်ဆိုရင် ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတယ်ပဲ ပြောတယ်။ ခေါ်ရတာခက်တယ်။  ကိုင်ထားရင်လည်း လိုင်းမမိတာက များတယ်။ ၇၃ တွေကတော့ လိုင်းမိတာများတယ်။ ကြားတာတော့ ဆက်သွယ်ရေးက လိုင်းတွေချဲ့နေလို့ မမိတာလည်း ဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဖြစ်နေတာက များတယ်။ ဖုန်းတွေကလည်း ထပ်ချပေးတော့မယ်။ ထပ်ချပေးမယ့် ဖုန်းတွေကလည်း ဂျီအက်စ်အမ် ဖုန်းတွေပဲဆိုတော့ နောက်ဆိုပိုပြီးတော့ လိုင်းကျပ်သွားမလား စိုးရိမ်တယ်။ အခုကိုကိုင်ရတာ မကောင်းဘူးလေ” ဟု သူ၏အမြင်ကို ပြောသည်။

ပြည်တွင်း မိုဘိုင်းဖုန်းဆိုင် တစ်ဆိုင်ဖြစ်သော Mr. Fone မှ အထွေထွေမန်နေဂျာ ကိုစည်သူက “ဒီရက်ပိုင်းမှာ ဂျီအက်စ်အမ်တွေ လိုင်းမမိတာ တော်တော်ဖြစ်နေပါတယ်။ ဆက်သွယ်ရေးအနေနဲ့လည်း လိုင်းတွေကို ထပ်ချဲ့နေတယ်လို့တော့ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်တော့ မြို့စွန်လို အရင်ကမမိတဲ့ နေရာတွေမှာ လိုင်းမိလာတယ်။ ပြောရရင် obstac ဧရိယာတွေမှာ လိုင်းမိလာတယ်။ ဒါပေမဲ့ downtown  ဧရိယာတွေမှာ လိုင်းက ပိုပိုကျပ်လာတယ်။ တာဝါတိုင်တွေ ထပ်တိုးလို့ အရင်မမိတဲ့ နေရာတွေမှာ လိုင်းပိုမိလာတယ်။ Downtown ကတော့ ညနေ ၄ နာရီ  ၅ နာရီလောက်ဆို လုံးဝဖုန်းပြောလို့ မကောင်းဘူး။ ပြောရင် မကြားရဘူး။ ပြီးရင် ကျသွားတယ်။ ပြီးတော့ ပြန်ခေါ်ရင် ဆက်သွယ်မှု ဧရိယာပြင်ပလို့ ပြောတယ်။ အဲဒီတော့  ဖုန်းလိုင်းတွေ ထပ်ချရင် အဲဒီပြဿနာကို ဘယ်လိုရှင်းမလဲဆိုတာ လိုလာပါပြီ။ သုံးသူကလည်း အဲဒါကို စိုးရိမ်နေကြတာ။ အခုတောင် လိုင်းက သိပ်မကောင်းဘူး။ ထပ်ချပေးမယ့် လိုင်းတွေကလည်း ဂျီအက်စ်အမ်ပဲဆိုတော့ အခုထက် လိုင်းပိုကျပ်သွားမှာ စိုးနေကြတယ်။ ထပ်ချပေးမှာကလည်း နောက်လထဲဆိုတော့ အခုဆို လိုင်းထပ်တိုးထားတယ်ဆိုရင် လိုင်းက ပိုကောင်းနေရမှာပါ။ ဒါပေမဲ့ အခုက မကောင်းဘူး။ လိုင်းက ပိုဆိုးနေတယ်။ အဲဒါကိုတော့ ရှင်းပေးစေချင်ပါတယ်။ ဟိုရက်က ဖုန်းလိုင်းမကောင်းတာ ဝယ်သူတွေကတောင် လှမ်းမေးနေတယ်။ ကျွန်တော်တို့က ကျွန်တော်တို့လည်း ဖြစ်နေပါတယ်ဆိုပြီး ပြန်ပြောရတယ်။ ကျွန်တော်တို့လည်း သုံးစွဲသူအနေနဲ့ လိုင်းကောင်းချင်ပါတယ်။ အဲဒါကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးစေချင်ပါတယ်” ဟု သူ၏အမြင်ကို ပြောသည်။

မိုဘိုင်းဟန်းဆက် အရောင်းဆိုင် တစ်ဆိုင်ကလည်း “ကျွန်တော်တို့အနေနဲ့ ဟန်းဆက်ရောင်းရတာမှာလည်း ပြဿနာရှိပါတယ်။ ဘာလို့လည်းဆိုတော့ လိုင်းမမိဘူးဆိုရင် ကျွန်တော်တို့ ရောင်းပေးလိုက်တဲ့ ဟန်းဆက်ကပဲ မကောင်းတာလားဆိုတာ ပြဿနာရှိတယ်။ ပြီးတော့ customer  က ကျွန်တော်တို့ဆီကို complain  ပြန်လာတယ်။ ဟန်းဆက်ကြောင့် ဖြစ်တာလားပေါ့။ ကျွန်တော်တို့မှာ ပြန်ရှင်းနေရတယ်။ လိုင်းမမိတိုင်းလည်း ဟန်းဆက်ကြောင့် မဟုတ်ဘူးဆိုတာကို ပြောရတယ်” ဟု သူ၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။

တင်ဇာအောင်

ဘီလ်စနစ်သုံး ဖုန်းများအား ကြိုတင်ငွေဖြည့်ကတ် အဖြစ်သို့ အပြီးသတ် ပြောင်းလဲရန် ကြေညာ



Photo
ဘီလ်စနစ်သုံး ဖုန်းများဖြစ်သည့် GSM ဖုန်းများနှင့် ၀၁-၂၃၀ နံပါတ်ဖြင့်စသော အော်တို တယ်လီဖုန်းများကို ကြိုတင် ငွေပေးကတ် စနစ်သို့ အပြီးသတ် ပြောင်းလဲတော့မည်  ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်သည်။ မတ်လ (၁) ရက်နေ့မှစ၍ စတင် ပြောင်းလဲမည်ဖြစ်ပြီး ၀၁-၂၃၀ ဖြင့်စသော အော်တို တယ်လီဖုန်း (လိုင်းဖုန်း) များကို ကြိုတင် ငွေဖြည့်ကတ်စနစ်သို့ ပြောင်းလဲလိုသော ဖုန်းများအနေဖြင့် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး လမ်း (၄၀) တွင် ရယူနိုင်မည် ဖြစ်ကြောင်း ကြိုတင်ငွေပေးကတ်အဖြစ်သို့ ပြောင်းလဲလိုသော GSM ဖုန်းများအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပေးပို့ထားသော SMS မှ YES ကို ရိုက်နှိပ်၍ လည်းကောင်း၊ နံပါတ် ၁၈၈၁၂ သို့ YES ဟု တိုက်ရိုက်နှိပ်၍ လည်းကောင်း (၁၅.၄.၂၀၁၂) ရက်နေ့တွင် အကြောင်းပြန်ရန် လိုအပ်ကြောင်း သိရသည်။ ကြိုတင် ငွေပေးကတ်စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများအနေဖြင့် မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်းခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး ကြိုတင် ငွေပေးသွင်းထားသော တယ်လီဖုန်းများသည် ကြိုတင် ငွေပေးကတ်စနစ်အဖြစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက် ပိုငွေကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းပေးမည် ဖြစ်ကြောင်း သိရသည်။
 
Prepaid စနစ်သို့ ပြောင်းလဲရန် အဆိုပြုထားသည့် GSM  မိုဘိုင်းတယ်လီဖုန်းများကို သက်ဆိုင်ရာ GSM အိတ်ချိန်း နယ်မြေအလိုက် (၁.၃.၂၀၁၂) ရက်နေ့တွင် ၀၉-၂၀၊ ၀၉-၂၁၊ ၀၉-၂၂၊ ၀၉-၂၃၊ ၀၉-၂၄၊ ၀၉-၅၅ နံပါတ်များအား လည်းကောင်း၊ (၁.၅.၂၀၁၂) ရက်နေ့မှစ၍ ကျန်ရှိသည့် နံပါတ်များအားလည်းကောင်း အဆင့်ဆင့် Prepaid စနစ်သို့ စတင် ပြောင်းလဲ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် GSM တယ်လီဖုန်းသုံးစွဲသူများ၏ Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်ပေးမည့် တယ်လီဖုန်းများအား အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု မပြတ်တောက်စေရေး အတွက် တစ်ထောင်ကျပ် ကြိုတင် ဖြည့်တင်းပေးထားမည်ဖြစ်ပြီး ၎င်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည်ဖြစ်ကြောင်း သိရသည်။ Prepaid Top-Up-Card များကို အမှတ်(၁၀၃)၊ လမ်း(၄၀)၊ ကျောက်တံတားမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်း၊ ငွေစာရင်းရုံးတို့တွင် ဦးစွာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်း-၁၈၇၆ သို့ ဆက်သွယ် မေးမြန်းနိုင်သည်ဟု သတင်း ထုတ်ပြန်ထားသည်။

(၂၀၁၂)-ခု ၊မတ်လအတွက် - ကံကြမ္မာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။ မိမိအား ပြဿနာ လုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေး ကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်း ရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက်အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက် စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့်မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ် ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရစရာရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာ ပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။


တနင်္လာသားသမီးများအတွက်

ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီး အဆုံးရှုံး အလေအလွင့်များ နေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆို ဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့် အခက်အခဲနှင့် ကြုံသည်ဖြစ်စေ အားကိုးမရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ် သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရတတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေး တတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောက်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။


အင်္ဂါသားသမီးများအတွက်

အလုပ်နေရာ အိမ်နေရာအသစ်ရခြင်း၊ နေရာထိုင်ခင်း မွမ်းမံပြင်ဆင်ရခြင်း ပြောင်းရွှေ့ရခြင်းများ ကြုံတတ်သည်။ ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါး သွားတတ်သည်။ ခြေထောက်တွင် အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။


ဗုဒ္ဓဟူးသားသမီးများအတွက်

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင်ပါ။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှထွက်သွားလိမ့်မည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘောသူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့် ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။


ကြာသပတေးသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန် ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ်ပစ္စည်း လက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမား ကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ ၊ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။


သောကြာသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့ သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော် ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊


စနေသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ် သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာ တတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ


ဤဟောစာတမ်းကို ဆရာဟိန်းတင့်ဇော်မှ ဟောပြောပေးထားခြင်းဖြစ်ပါသည်။
အားလုံးကိုခင်မင်လေးစားလျက်.....
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Wednesday, February 29, 2012

iPhone ကို ယှဉ်ပြိုင်မည့် Android OS ဖုန်းများ MWC 2012 ပွဲတွင် စတင်မိတ်ဆက်



Photo
Android OS ကို အသုံးပြုသည့် ဖုန်းများသည် Apple ၏ iPhone ကို ယှဉ်ပြိုင်ရန်အတွက် Quad-core အမျိုးအစား Processor များဖြင့် ပွဲထွက်လာခဲ့သည်။ မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ (၃) ခုက လက်ရှိ မြန်နှုန်းအမြင့်ဆုံး Dual-Core များထက် နှစ်ဆပိုမြန်သည့် Quad-Core အသုံးပြုထားသည့် ဖုန်းအသစ်များကို ဘာစီလိုနာတွင် ကျင်းပလျက်ရှိသည့် Mobile World Congress 2012 တွင် အသီးသီး မိတ်ဆက်ခဲ့သည်။ HTC၊ LG နှင့် Huawei တို့သည် Android ၏ ဈေးကွက်ကို ပိုမိုဖြန့်ကျက်နိုင်မည့် ဖုန်းများအား ယခုနှစ်ကုန်ပိုင်းတွင် ရောင်းချရန် ရည်ရွယ်ထားသည်။
 
(iPhone ကို ယှဉ်ပြိုင်မည့် HTC, LG, Huawei)

ယင်းဖုန်းများကို ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ စတင်ရောင်းချဖွယ်ရှိသည်။ ထိုဖုန်း အားလုံးသည် Android 4.0 ကို အသုံးပြုထားပြီး iPhone 4S ထက် မြန်နှုန်းမြင့်မားမည်ဖြစ်သည်။ Apple ၏ နောက်ဆုံးထုတ် မိုဘိုင်းလ်ဖုန်းသည် Dual-Core A5 Porcessor ကိုသာ အသုံးပြုထားသည်။ သို့သော်လည်း Apple ၏ နောက်ထပ် iPhone မျိုးဆက်သစ်ကိုလည်း ယခုနှစ်အတွင်းပင် စတင်ရောင်းချဖွယ် ရှိနေရာ Android ၏ ဖုန်းများနှင့် အပြိုင် ဖြစ်လာနိုင်သည်။ Quad-Core ကို အသုံးပြုထားသည့် HTC One သည် (၄.၇) လက်မအရွယ် Screen နှင့် 8 megapixel ကင်မရာတို့ ပါဝင်သည်။
 
(iPhone နှင့် HTC, LG, Huawei တို့၏ စမတ်ဖုန်းအသစ်များ၏ စွမ်းဆောင်ရည်နှိုင်းယှဉ်ချက်)

Huawei ကလည်း Ascend D quad ဖြင့် ပွဲထွက်လာပြီး ကမ္ဘာပေါ်တွင် မြန်နှုန်း အမြင့်ဆုံး ဖုန်းဖြစ်ရမည်ဟု ကြွေးကြော်ထားသည်။ ၎င်းဖုန်းတွင် အသုံးပြုထားသည့် Processor သည် K3V2 Quad-Core 1.5GHz ဖြစ်ပြီး လက်ရှိ ဖုန်းများထက် စွမ်းအင်သုံးစွဲမှု (၃၀)ရာခိုင်နှုန်းထိ သက်သာမည်ဟုလည်း ဆိုသည်။ ကိုရီးယားမှ LG ကလည်း Optimus 4X HD ကို Quad-Core အသုံးပြုကာ ဖန်တီးခဲ့သည်။ ထိုဖုန်းသည် Nvidia ၏ Tegra 3 Quad Core ကို အသုံးပြုထားရာ Graphic စွမ်းဆောင်မှုပိုင်းတွင် အလွန် အားကောင်းဖွယ် ရှိနေပြီး 16GB Storage ပမာဏထိ အလွယ်တကူ သိုလှောင် ထည့်သွင်းနိုင်မည်ဟု သိရှိရသည်။

Source: DailyMail

Tuesday, February 28, 2012

ရေပန်းစားလာသည့် All in one Computer များ


Photo
ရေပန်းစားလာသည့် All in one Computer ဆိုသည်မှာ စားပွဲတင် PC အမျိုးအစား ကွန်ပျူတာ၏ System Unit နှင့် Monitor တို့ကို တစ်ပေါင်းတည်း ပြုလုပ်ထားသော ကွန်ပျူတာ ဖြစ်သည်။  Apple ကုမ္ပဏီမှ ခပ်စောစော ကာလများကပင် ၎င်းအမျိုးအစား ကွန်ပျူတာများကို ထုတ်လုပ်ခဲ့ပြီး ၁၉၈၀ ပြည့်လွန် ကာလများက Original Macintosh များသည်လည်း ကောင်း ၁၉၉၀ နောက်ပိုင်းတွင် iMac ကွန်ပျူတာများသည် လည်းကောင်း ထင်ရှားသော Model များ ဖြစ်သည်။ All in one Computer များသည် အခြားသော Desktop အမျိုးအစား ကွန်ပျူတာများထက် ပိုမို ကျစ်လစ်ပေါ့ပါးပြီး ရွှေ့ပြောင်းသယ်ယူရ လွယ်ကူသည်။

နံရံမှ မီးပလပ် ဖြုတ်လိုက်ရုံဖြင့် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ရွှေ့ပြောင်း သယ်ယူနိုင်သကဲ့သို့ ၎င်းအတွက် နေရာချထားရာတွင်လည်း သမားရိုးကျ Desktop PC များထက် များစွာ ဝန်ကျဉ်းသည်။ Laptop ကွန်ပျူတာများနှင့် အလားတူစွာ All in one computer များသည်လည်း အလွန်ကျစ်လစ်စွာ  ဖွဲ့စည်း တည်ဆောက်ထားရသောကြောင့် မူလတပ်ဆင်ထားသည့် အစိတ်အပိုင်းများကို လဲလှယ်တပ်ဆင်ရန် (သို့) အဆင့်မြှင့်တင်ရန် ခက်ခဲနိုင်ပါသည်။ သို့ရာတွင် နောက်ပိုင်းထုတ် မော်ဒယ်များတွင်မူ အဆင့်မြှင့်တင်နိုင်သော အချို့ အစိတ်အပိုင်းများ တပ်ဆင် ထုတ်လုပ်လာကြသည်ကို တွေ့သည်။ ထို့ပြင် ၎င်း All in one computer များတွင် Touch Screen စွမ်းဆောင်ရည်များ ထည့်သွင်း တပ်ဆင် လာခြင်းသည်လည်း အားသာချက် တစ်ရပ်ဖြစ်သည်။ ယခင်က All in one computer ဈေးကွက်ကို Apple မှ iMac ကွန်ပျူတာများသာ ကြီးစိုးထားသော်လည်း HP Touch Smart IQ500t, Touch Smart IQ816 နှင့် Dell Studio One 19 စသည်တို့ကဲ့သို့ Multi Touch စွမ်းဆောင်ရည်များပါ ပါရှိသည့် စွမ်းဆောင်ရည်မြင့် All in one အမျိုးအစား ကွန်ပျူတာများ ထွက်ပေါ်လာ အပြီးတွင် All in one ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ကြီးထွားလာသည်။

သို့ရာတွင် Apple \ iMac PC သည် Performance အားဖြင့် ထိပ်ဆုံး အနေအထားတွင် ရပ်တည်နေဆဲပင် ဖြစ်သည်။ All in one PC များနှင့် Desktop Computer များ All in one PC များသည် ယခု လက်ရှိကာလတွင် စွမ်းဆောင်ရည်ပိုင်း၊ ဒီဇိုင်းပိုင်း၊ အရည်အသွေးပိုင်း၌ ယခင်နှစ်များထက် များစွာ တိုးတက်လာသည် မှန်သော်လည်း အမြင့်ဆုံး စွမ်းဆောင်ရည် အတွက်မူ နေရာ အကန့်အသတ် Processor အပူချိန်နှင့် Power အကန့်အသတ်များကြောင့် Desktop ကွန်ပျူတာကြီးများကို မယှဉ်ပြိုင်နိုင်သေးပေ။ အထူးသဖြင့် 3D Game နှင့် Video Graphic ဒီဇိုင်း ပြုလုပ်ခြင်းကဲ့သို့ အမြင့်ဆုံး Performance အတွက် အထူးပြု ထုတ်လုပ်ထားသည့် Dell's StudioXPS 435 နှင့် Alienware Aurora TM ကဲ့သို့ ကွန်ပျူတာများ၏  စွမ်းဆောင်ရည်ကို မယှဉ်ပြိုင်နိုင်သေးပေ။ သို့ရာတွင် All in one Computer တွင်လည်း များစွာသော အားသာချက်တို့ ရှိနေပါသည်။ ဈေးကွက်အတွင်း ရှိနေသော ၎င်းအမျိုးအစား ကွန်ပျူတာ အားလုံးလိုလိုတွင် အနည်းဆုံး Single Touch Display ပါရှိသည်။ ငွေအနည်းငယ် ထပ်သုံးနိုင်ပါက Multi Touch စွမ်းဆောင်ရည် ပါရှိသော Dell's Studio One 19 သို့မဟုတ် HP \ Touch Smart PCs တစ်မျိုးမျိုး ရရှိနိုင်သည်။

၎င်း Touch Screen စွမ်းဆောင်ရည်သည် မိသားစု ဖျော်ဖြေရေး အသုံးပြုသော ကွန်ပျူတာများ အတွက် လည်းကောင်း၊ ကလေးများ ပညာသင်ကြားခြင်း အထောက်အကူအဖြစ် လည်းကောင်း၊ သရုပ်ပြ ရှင်းလင်း တင်ပြရာတွင် လည်းကောင်း များစွာ အသုံးဝင်သော စွမ်းဆောင်ရည်တစ်ခု ဖြစ်သည်။ အခြား ကောင်းမွန်သော အချက်များမှာ Multimedia Speaker များ တစ်ခါတည်း  တပ်ဆင်ပါရှိခြင်း၊ Webcam ပါရှိခြင်း၊ Wireless Network များ ပါရှိခြင်းနှင့် TV Station များမှ ထုတ်လွှင့်သော Channel များ ဖမ်းယူရန် အချို့သော မော်ဒယ်များတွင် TV Tuner ပါရှိခြင်း စသည်တို့ ဖြစ်သည်။ Desktop Computer များသည် ပါရှိသည့် အစိတ်အပိုင်းတို့ကို ရိုးရှင်းစွာ အဆင့်မြှင့် လဲလှယ်ခြင်းဖြင့်  အလွယ်တကူ အသက် ဆက်နိုင်သော်လည်း All in one တွင် အစိတ်အပိုင်းများ လဲလှယ် အဆင့်မြှင့်တင်ရန် အကန့်အသတ် များစွာ ရှိနေသည်။ အချို့သော မော်ဒယ်များတွင် RAM, Hard Drive, Optical Drive, Fans စသည်တို့ လဲလှယ်နိုင်သော်လည်း အချို့တွင်မူ RAM နှင့် Hard Drive လောက်သာ လဲလှယ် တပ်ဆင်နိုင်ပါသည်။ Dell ကဲ့သို့သော အချို့ မော်ဒယ်များတွင်မူ မည်သည့် အစိတ်အပိုင်းမျှ လဲလှယ် မရသည်လည်း ရှိပါသည်။

All in one နှင့် Laptop Computer များ သင်၏ လိုအပ်ချက်သည် တစ်လုံးတည်းနှင့် အားလုံး ပြီးပြည့်စုံသည့် ကွန်ပျူတာတစ်လုံး ဖြစ်ပါက Laptop ကွန်ပျူတာများကိုလည်း ထည့်သွင်း စဉ်းစားနိုင်သည်။ Laptop ကွန်ပျူတာများသည် All in one computer များကဲ့သို့ နံရံတွင် ပလပ်ထိုးရန်ပင် မလိုဘဲ အသုံးပြုနိုင်သည်။ သို့ရာတွင် အများစုသော Laptop များသည် 12" နှင့် 14" Screen မျက်နှာပြင်များသာ ရှိပြီး 15" နှင့် အထက်များသည် ဈေးနှုန်း မြင့်တတ်ကာ Screen အရည်အသွေးမှာလည်း All in one computer လောက် မကောင်းတတ်ပေ။ ထို့ပြင် All in one computer ကဲ့သို့  21" Multitouch Screen လောက် ဖြစ်ရန်မူကား ခဲယဉ်းလှပေသည်။  အချုပ်အားဖြင့် ဆိုရသော် All in one Computer တစ်လုံး ဝယ်ယူရာတွင် နောင် အဆင့်မြှင့်တင်ရန် အနည်းငယ် ခက်ခဲနိုင်သဖြင့် မိမိ အသုံးပြုမည့် အနေအထားနှင့် စိတ်တိုင်းကျလောက်မည့် ဖွဲ့စည်း တည်ဆောက်ထားမှုကို သေသေချာချာ ရွေးချယ်ရန် လိုအပ်သည်။ Touch Screen များတွင် Single Touch နှင့် Multi Touch ကို သေချာစိစစ် ရွေးချယ်ရန် လိုအပ်ပါသည်။

ထို့ပြင် Computer Service Center များ အနေနှင့် သာမန်ထက်  အနည်းငယ် ပို၍ အနုစိတ် တည်ဆောက်ထားသော All in one Computer ကို ပြင်ဆင်ရန် အခက်အခဲ ရှိနိုင်သဖြင့် သက်ဆိုင်ရာ ကုမ္ပဏီ Service Center မှ နောက်ပိုင်း တာဝန်ယူ ပြင်ဆင်ပေးနိုင်မှုကိုပါ ဂရုပြု ရွေးချယ်ရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုငယ်လေး (မန္တလေး)

Monday, February 27, 2012

တန်ဖိုးနည်း GSM ဖုန်း မတ်လ ပထမအပတ် အတွင်း စတင် သုံးစွဲခွင့် ပြုမည်



Photo
တန်ဖိုးနည်း GSM ဖုန်းများကို မတ်လ ပထမအပတ်အတွင်း အများပြည်သူများသို့ စတင်သုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “တန်ဖိုးနည်း GSM ဖုန်းတွေကို မတ်လ ပထမပတ်အတွင်း ချပေးမယ်။ အရင်က ပြောထားတဲ့ အတိုင်းပဲ One stop Servie စနစ်နဲ့ပဲ ရောင်းချပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
အဆိုပါ တန်ဖိုးနည်း GSM ဖုန်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လအတွင်း အများပြည်သူများကို ချပေးနိုင်ရန် စီစဉ်နေကြောင်း၊ ဈေးနှုန်းမှာမူ ကျပ်သုံးသိန်း ဝန်းကျင် ဖြစ်ပြီး အဆိုပါ နှုန်းထားထက် ပိုရန်မရှိကြောင်း၊ ဈေးနှုန်း အတိအကျကိုမူ ယခုအချိန်အထိ တိတိကျကျ တွက်ချက်ထားခြင်း မရှိသေးကြောင်း၊ ယခင် GSM ဖုန်းများ ချပေးခဲ့သည့် အတိုင်း လိုအပ်သည့် စာရွက်စာတမ်းများဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဇန်နဝါရီလအတွင်း ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မတ်လဆန်း အတွင်း ချပေးမည့် တန်ဖိုးနည်း GSM ဖုန်း ပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။

G-talk ကို စားလုံးပုံစံတမျိုးလေးနဲ့ရေး ချင်သူများအတွက်

ကျွန်တော်ဒါလေးကိုတော့အကိုတစ်ယောက်ဆီကတွေ့ လို့ပြန်၇ှယ်ပေးလိုက်တာပါ။ g-talk သုံးတဲ့သူတွေအတွက်
တော့သုံးကြည့်လို့၇တာပေါ့ဗျာ......မိမိတို့ပုံမှန်သုံးနေကြစာလုံးလေးတွေကို စာလုံအမဲလေးနဲ့ပေါ်ချင်တဲ့သူများ
အတွက်တော့...

*NAYMIN* လို့၇ိုက်လိုက်ပါ။စာလုံးလေး g-talk ဘောက်ထဲမှာပေါ်လာတဲ့အခါ   NAYMIN ဆိုပြီးပေါ်လာပါလိမ့်
မယ်။





နောက်တစ်မျိုးကတော့စာလုံးအစောင်းလေးတွေနဲ့ပေါ်ချင်တဲ့သူတွေအတွက်ပါ။
_NAYMIN_ လို့၇ိုက်လိုက်ပါ။စာလုံးလေး g-talk ဘောက်ထဲမှာပေါ်လာတဲ့အခါ  NAYMIN ဆိုပြီးပေါ်လာပါလိမ့်
မယ်။

မြန်မာဖောင့်တော့မ၇ဘူးနော်.......

အားလုံးပဲအဆင်ပြေကြပါစေ.........ကျေးဇူးတင်ပါတယ်ခင်ဗျာ.....

Google Plus အားစတင်လေ့လာခြင်း ( ၂ )



ကျွန်တော်ဟိုနေ့က Google + ကိုအသုံးပြုနိုင်ဖို့အတွက်ဘယ်လို Register လုပ်ပြီးဝင်ရောက်ရမယ်ဆိုတာကို
ရှင်းပြရင်းနဲ့စတင်မိတ်ဆက်ပေးခဲ့ပြီးပါပြီ..အခုဆိုရင်အားလုံးပဲ Google + မှာမိမိတို့ရဲ့ကိုယ်ပိုင် Profile တစ်ခု
ပိုင်ဆိုင်သွားပြီလို့ ထင်ပါတယ်..ဒီနေ့တော့ကျွန်တော်တို့ Google + ကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်
ဗျာ..

Google ဟာသူရဲ့ Project အသစ်ဖြစ်တဲ့ Google Plus ကို Facebook ကိုကျော်လွှားနိုင်ဖို့အတွက်ဆန်းသစ်တဲ့
နည်းပညာတွေကို ပေါင်းစပ်ပြီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်.. ကျွန်တော်တို့အရင်က Facebook မှာအသုံးပြုတဲ့
အခါမှာတစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဖြစ်သွားပြီဆိုတာနဲ့ မိမိနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေ
ကိုမိမိက အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်ကိုသာထုတ်ဖော်ပြချင်တာဖြစ်ပေမယ့် အကြောင်းအရာတစ်
 ခုကို Share လိုက်ပြီဆိုတာနဲ့ မိမိသိစေချင်သူရော မသိစေချင်သူများအားလုံးပါ မိမိ Share လိုက်တဲ့အ
ကြောင်းအရာကိုသိရှိမှာဖြစ်ပါတယ်.. အဲ့လိုအားနည်းချက်တွေကို Google Plus က Circle ဆိုတဲ့ Feature ကို
အသုံးပြုပြီး ထိန်းချုပ်ပေးသွားမှာဖြစ်ပါတယ်


Google Plus မှာပါဝင်တဲ့  Circles ဟာကျယ်ပြန်လှတဲ့ Social Network ကြီးထဲမှာ မိမိတို့ခင်မင်ရင်းနှီးတဲ့အုပ်
စုလိုက် Contacts လုပ်ပေးနိုင်တဲ့အတွက် မိမိကဒီအကြောင်းအရာတစ်ခုကို မိမိနဲ့အရင်းနှီးဆုံး မိတ်ဆွေသူ
ငယ်ချင်းများကိုသာ Share ပေးချင်တာလား ၊ ဒါမှမဟုတ် အားလုံးကိုသိစေချင်တဲ့သဘောနဲ့ Share ချင်တာ
လား ၊စသည်ဖြင့်ခွဲခြား လုပ်ဆောင်ပိုင်ခွင့်တွေပါဝင်ပါတယ်..မိမိတို့စိတ်ကြိုက် Circle တွေကို Create ပြုလုပ်
နိုင်ပြီး ကျယ်ပြန့်လှတဲ့  Social Network ကြီးထဲမှာ ကိုယ်ပိုင် Home Circle များတည်ဆောက်ပြီး Share တွေ
လုပ်ဆောင်နိုင်ခြင်းဟာ Facebook နဲ့မတူညီတဲ့ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါတယ်..
 

နောက်ထပ်ထူးခြားစွာပါဝင်လာတဲ့ Feature တစ်ခုကတော့ Hangouts ပါ..Hangouts မှာဆိုရင်မိမိတို့တစ်ဦး
ချင်း Contect လုပ်ကာ Single Video Chat မှသည် Group Chat အထိအသုံးပြုနိုင်တဲ့ Feature ကိုထည့်
သွင်းပေးထားပါတယ်..ကျွန်တော်အပေါ်မှာပြောခဲ့သလို Home Group လေးတွေတည်ဆောက်ပြီး ဝေးကွာ
နေကြတဲ့မိသားစုဝင်များ မိမိတို့လုပ်ငန်းဆောင်တာများ ပြီးဆုံးတဲ့အခါမှာ ပုံမှန်မိသားစုတွေ သိုက်သိုက်ဝန်းဝန်း
နဲ့တွေ့စုံကြသလို တွေ့ဆုံနိုင်အောင်ဖန်တီး ပေးထားတာကလဲ Google Plus မှာပါဝင်တဲ့Hangouts ရဲ့ထူးခြား
ချက်တစ်ခုပါပဲ..။Group Chat တစ်ခုဟာ အများဆုံး လူ ( ၁၀ ) ယောက်အထိပါဝင်နိုင်တာကိုတွေ့ရပါတယ်..
ဒီကောင်လေးကိုအသုံးပြုမယ် ဆိုရင်တော့ GoogleVoiceAndVideoSetup  လေးကို Download  ချပြီးမိမိတို့
အသုံးပြုမဲ့ ကွန်ပျူတာတွေမှာ Install လုပ်ပေးဖို့လိုပါလိမ့်မယ်..

The Google+ project: Explore Hangouts ကိုလည်းအောက်မှာလေ့လာကြည့်နိုင်ပါတယ်..
 
 
Sparks ကတော့ရှာဖွေစုဆောင်း မှတ်သားရတာကြိုက်နှစ်သက် သူများအတွက်အရမ်းကိုအသုံးဝင်စေမယ့်
Feature လေးပါ..အရင်လို Google မှာသက်သက်လိုက်ရှာမနေတော့ပဲ မိမိဖတ်ချင်တဲ့အကြောင်းအရာတစ်
ခုကို Sparks မှာရိုက်ရှာမယ်ဗျာ..တွေ့ပြီဆိုတာနဲ့  Share  ကိုနှိပ်လိုက်ပါ..ပြီးရင် Add circles or people
to share with...ကနေပြီးတော့ မိမိကအားလုံးကို ဒီအကြောင်းကို Share ပေးချင်တာလား  ဒါမှာမဟုတ်မိမိဘာ
သာသီးသန့်သိမ်းထားချင်တာလား ဆိုတာကို သက်ဆိုင်ရာ Circle လိုက်ရွေးပြီး Share ပေးထားယုံပါပဲ..
စိတ်ကြိုက်အကြောင်းအရာတွေအကုန်လုံးကို မိမိကိုယ်ပိုင် Circle ထဲမှာထည့်ပြီးသိမ်းထားယုံပါပဲ..

The Google+ project: Explore Sparks  နဲ့ပါတ်သတ်ပြီးအောက်မှာလေ့လာကြည့်နိုင်ပါတယ်..
 
 
နောက်ထပ်လေ့လာချင်သူများကိုမိတ်ဆက်ပေးချင်တာကတော့ Google + နဲ့  Facebook  ရဲ့ကွာခြားချက်
ပါ..အောက်ပုံကိုလေ့လာကြည့်လိုက်ရင်ဘာတွေကွာခြားချက်ရှိလဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်..





ဒါကတော့ Google Plus မှာပါဝင်တဲ့ Feature လေးတွေကိုလေ့လာကြည့်ရင်းနဲ့ Google + နဲ့ Facebook 
နှိုင်းယှဉ်ချက်လေးကိုပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်..နောက်ရက်တွေမှာလဲဆက်ပြီးတော့
လေ့လာမိတာလေးတွေကိုမျှဝေပေးသွားပါအုံးမယ်.. 

Google Plus အားစတင်လေ့လာကြည့်ခြင်း



ကျွန်တော် ဒီရက်ပိုင်းစာသိပ်မရေးဖြစ်ဘူး ဖြစ်နေတာနည်းနည်းကြာသွားတယ်..ဒီနေ့တော့အခုနောက်ပိုင်း
လူတိုင်းလဲစိတ်ဝင်စားမယ်လို့ထင်တဲ့ Google Plus ထွက်နေတယ်ဆိုတာသာသိပြီးခုချိန်ထိမသုံးဖြစ်သေးတဲ့
သူများပါအလွယ်တကူ အသုံးပြုဖြစ်သွားအောင် Google Plus ကိုဘယ်လိုစပြီးဝင်ရောက်ရမယ်ဘယ်လိုအသုံး
ပြုရမယ်ဆိုတာကိုကျွန်တော်လေ့လာမိသလောက်ပြန်ပြီးတော့မျှဝေပေးသွားချင်ပါတယ်..။ကျွန်တော်အခုမှ
ဒီအကြောင်းကိုရေးဖြစ်တာနောက်များကျနေပြီလားမသိဘူးနော်..ကျွန်တော်လဲ Google Plus ထွက်တယ်ဆို
တာသိပေမယ့် တစ်ခြားလုပ်စရာလေးတွေ ရှိနေတာနဲ့အခုမှ မိတ်ဆက်ဖြစ်တာကိုတော့ နားလည်ပေးစေချင်
ပါတယ်..။

Google Plus ဆိုတာဘာလဲ
  
Google Plus အကြောင်းကိုအခုအချိန်လောက်ဆိုရင်တော့တော်တော်များများလဲသိနေလောက်ပြီလို့ထင်ပါ
တယ်..။ကျွန်တော် အများကြီးအတွင်းကျကျတော့ မိတ်မဆက်ပေးတော့ဘူးနော်.. Google Plus ဆိုတာဘာ
လဲဆိုတော့ ယခုကျွန်တော့်တို့ ခေတ်အစားဆုံး Social Network တစ်ခုဖြစ်တဲ့ Facebook ကိုစိန်ခေါ်ဖို့အတွက်
Google ကနေအသစ်ထပ်မံ ထွက်ပေါ်လာတဲ့ Project တစ်ခုဖြစ်ပါတယ်..June 28, 2011 မှာ G00gle Plus
ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး နှစ်ပါတ်အတွင်းမှာ အသုံးပြုသူဦးရေ ၁၀ မီလီယံ အထိရှိခဲ့ပါတယ်..တစ်ကမ္ဘာ
လုံးရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတယ်ဆိုရင်လဲမမှားနိုင်ပါဘူး..အခုအချိန်မှာတော့ လေးပါတ်အတွင်းမှာအသုံးပြု
သူ ၂၅ မီလီယံအထိရှိလာပြီဖြစ်ပါတယ်..Google + မှာဘာသာစကား ၄၀ ကျော်ကိုလဲထည့်သွင်းပေးထား
တာကိုတွေ့ရပါတယ်..Google ဟာသူရဲ့ Project အသစ်ကို တဖြည်းဖြည်း အရှိန်အဟုန်မြင့် လာနေပြီဖြစ်ပါ
တယ်..ကျွန်တော်တို့ပြီးခဲ့တဲ့ August 11 ရက်နေ့ကဆိုရင်လဲ Social Gaming တွေကိုထပ်မံထည့်သွင်းပေးခဲ့ပါ
တယ်..ယခုအချိန်မှာ Google Plus ဟာစမ်းသပ်စဲ "limited" trial အဆင့်မှာပဲ ရှိသေးတာ ဖြစ်တဲ့အတွက်အသုံး
ပြုချင်သူတွေအနေနဲ့ Registration လုပ်မယ်ဆိုရင် Invitation ရှိမှသာပြုလုပ်နိုင်မှာဖြစ်ပါတယ်..ဆိုလိုချင်တာ
ကတော့ကျွန်တော်တို့က Google Plus မှာ Registration လုပ်မယ်ဆိုရင် မိမိတို့ရဲ့မိတ်ဆွေသူငယ်ချင်းတစ်
ယောက်ယောက်က နေပြီးမိမိရဲ့ G-Mail အကောင့်ကို Invite လုပ်ပေးဖို့လိုပါလိမ့်မယ်..ဒါမှသာကျွန်တော်တို့
အနေနဲ့ Google + ကို Register လုပ်ပြီးဝင်ရောက်နိုင်မှာဖြစ်ပါတယ်..ဒါကတော့ Google Plus နဲ့ပါတ်သတ်တဲ့
အကြမ်းမျဉ်းမိတ်ဆက် ပေးခြင်းလောက်ပါပဲ..သူမှာပါဝင်တဲ့အသုံးပြုလို့ရမယ့် Feature တွေ ဖွဲ့စည်းပုံတွေကို
တော့ကျွန်တော်နောက်မှာသူအဆင့်လိုက်ဆက်ပြီးရှင်းပြပေးသွားပါမယ်..

ကဲအရင်ဆုံး Google Plus ကို Regiser လုပ်ပြီးဝင်ရောက်နိုင်ဖို့ကြိုးစားကြည့်ရအောင်ဗျာ..ပထမအရင်ဆုံး
ကျွန်တော်အောက်မှာ ပေးထားတဲ့လင့်လေးကို သွားလိုက်ပါ..မိမိတို့အသုံးပြုမဲ့ G-Mail အကောင့်ကိုတော့
ဝင်ထားပေးဖို့ လိုပါလိမ့်မယ်..အောက်လင့်ကိုရောက်ပြီ ဆိုရင်တော့သူကအောက်ကပုံလေးအတိုင်းပြနေ
ပါလိမ့်မယ်..ကျွန်တော်အပေါ်မှာရှင်းပြခဲ့သလိုပဲသူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်ကိုမိမိရဲ့ အသုံး
ပြုမဲ့ G-Mail အကောင့်ကို Invite လုပ်ခိုင်းလိုက်ပါ..။ဒါဆိုရင် Register လုပ်ခွင့်ရသွားပါလိမ့်မယ်..။မိမိရဲ့သူ
ငယ်ချင်းမိတ်ဆွေတွေထဲမှာအသုံးပြုတဲ့သူမရှိသေးလို့ Register လုပ်ဖို့အခက်အခဲရှိနေသူများကျွန်တော့်
ဆီကိုသာ အသုံးပြုမဲ့အကောင့်ကိုမေးလ်ကနေပို့ပေးပါ..ကျွန်တော် Invite လုပ်ပေးပါမယ်...ကဲဒီလောက်ဆို
ရင်တော့ Register လုပ်ဖို့အဆင်ပြေသွားပြီလို့ထင်ပါတယ်..

G00gle Plus ကို Register လုပ်ဖို့အတွက်  ဒီလင့်လေး ကနေသွားလိုက်ပါ..




အပေါ်ကပုံကမိမိရဲ့အကောင့်ကို Invitation မရမှီဖော်ပြပေးမဲ့ပုံပါ.။ကဲ Register လုပ်ခွင့်ရပြီဆိုတာရင်တော့
အောက်မှာပြထားတဲ့ပုံလေးအတိုင်းလိုက်လုပ်ပေးလိုက်ယုံပါပဲ...





ကဲဒါဆိုရင်တော့ Google Plus စာမျက်နှာတစ်ခုကိုမိမိတို့ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်..



ကျွန်တော်တဲ့ Profile ကိုပြင်ဆင်တာတွေကတော့ Facebook နဲ့အ၇မ်းကွာဟချက်မရှိပါဘူး..Facebook သုံး
ဖူးသူတိုင်းအလွယ်တကူသုံးတက်သွားပါလိမ့်မယ်..လောလောဆယ် Register လုပ်ပြီးတဲ့အချိန်ထိ ကျွန်တော်
အားသာချက်နှစ်ခုတွေ့ထားပါတယ်..အဲ့ဒါတွေကဘာတွေလဲဆိုတော့ Register လုပ်ဖို့အတွက် Facebook မှာ
လိုသီးသန့်အကောင့်တစ်ခု ထပ်ပြီးတော့ ဖောက်စရာမလိုတော့ပဲ G-Mail အကောင့်တစ်ခုရှိနေယုံနဲ့လွယ်
လွယ်ကူကူပဲ Register လုပ်ခွင့်ပေးထားပါတယ်..နောက်တစ်ချက်ကတော့ အရင်ကလို Facebook တစ်ခု
G-Mail တစ်ခုဖွင့်နေစရာမလိုတော့ပါဘူး..Google Plus မှာတင် မိမိရဲ့ G-Mail အကောင့်ထဲမှာရှိတဲ့သူတွေ
နဲ့စကားပြောနိုင်မှာဖြစ်ပါတယ်..ဒီနေ့တော့ Registeration ပြုလုပ်ခြင်းနဲ့ပဲအဆုံးသတ်လိုက်ရအောင်ဗျာ..
နောက်နေမှာဆက်ပြီးတော့သူမှာပါဝင်တဲ့ Feature တွေနဲ့ဖွဲစည်းပုံလေးတွေကိုထပ်ပြီးမိတ်ဆက်ပေးသွား
ပါမယ်..

Sunday, February 26, 2012

ifile ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း ifile.it နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် ifile.it ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် ifile.it ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း Request Download Ticket ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ.














  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







  • တစ်ကယ်လို့မှ Download link မကျလာခဲ့ဘူးဆိုရင်တော့ အောက်ကပုံအတိုင်း if it doesn’t pleace click
    here ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ Download link တန်းကျလာပါလိမ့်မယ်...













ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Ziddu ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း ziddu နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် ziddu ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် Ziddu ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း Download  ဆိုတဲ့  အကွက်လေးကို နှိပ်လိုက်ပါ.










  • ပြီးတာနဲ့ အောက်က ပြထားတဲ့ ပုံထဲကအတိုင်း ဘေးဖက်မှာရှိတဲ့ နံပါတ်အတိုင်း အကွက်ထဲမှာ ရိုက်ထည့်ပြီးတော့ Download ဆိုတဲ့ အကွက်ကို နှိပ်လိုက်ရမှာဖြစ်ပါတယ်.









  •  အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..








ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Zshare ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း zshare နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် zshare ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် Zshare ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း Download Now! ဆိုတဲ့ အ၀ါရောင် အကွက်လေးကို နှိပ်လိုက်ပါ.














  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Mediafire ဆိုက်ကနေ ဘယ်လို Download လုပ်ရမလဲ

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း mediafire နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် mediafire ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် Mediafire ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း click here to start download from mediafire ဆိုတဲ့ အပြာရောင် စာတမ်းကို နှိပ်လိုက်ပါ.














  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..







ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များ



တန်ဖိုးအရှိဆုံးပုဂ္ဂိုလ်
လောကကြီးထဲမှာ အဖိုးအလွန်တန်ဆုံး ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို
ဖော်ထုတ်ပေးပါဆိုရင် ဘုန်းကြီးကတော့ "ဘုရား" ကိုပဲ ထုတ်ပြမယ်။
Buddha
If anyone asked me who is the greatest person in this world; I would
say the "Buddha".
မယုံကြည်မှု
လူတွေဟာ ကိုယ်ဥာဏ်မမီရင် သူများသိတာကို မယုံကြည်၊ အမှန်ကို မထင်ကြဘူး။
Above their heads
People often don't belive in what others know because it is above
their heads. They think that is not true.
ကြီးပွားတယ်ဆိုတာ
လောကမှာ ကြီးပွားတယ်ဆိုတာ ထီပေါက်မှ, စီးပွားရေးကောင်းမှလို့ ထင်နေကြတယ်။
ဟုတ်မှန်တဲ့ သဘာဝဓမ္မများကို လေ့လာပွားများနေရင် စိတ်နေစိတ်ထား
ကြီးပွားတာပဲ။
Getting on People think that one gets on well only when one wins a
lottery tickt or has good business. However, if one can contemplate
upon the natural phenomena and purify one's mind , one gets on very
well indeed.
၂၀၁၂ ခုနှစ် ဇန်န၀ါရီလထုတ် အပ္ပာမာဒ ဓမ္မရသ မဂ္ဂဇင်းမှ ကူးယူပြီး ပြန်လည်မျှဝေပါသည်။
မြတ်လေးမွန်

တရုတ်မှတစ်ဆင့် ချိတ်ဆက်ထားသော ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှု ယခုလအပြီးပြင်မည်

တရုတ်နိုင်ငံမှတစ်ဆင့် အင်တာနက် ချိတ်ဆက်ထားသည့် ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုကို ယခုလအတွင်း အပြီးသတ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

အဆိုပါ ဆက်ကြောင်းမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြတ်တောက်သွားခြင်း ဖြစ်ပြီး ယခုအချိန်အထိ ပြင်ဆင်ထားနိုင်ခြင်း မရှိသေးပေ။ “အင်တာနက် အဓိက သုံးစွဲနေတဲ့ ဆက်ကြောင်းတော့ မဟုတ်ပါဘူး၊ အရန်ဆက်ကြောင်း တစ်ခုပါ၊ ပြတ်တောက်ပြီး ရက်ပိုင်းအတွင်း တစ်ကြိမ် ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏပဲကြာတယ်။ ပြန်ပြတ်တောက်သွားတဲ့ အတွက်ကြောင့် နောက်တစ်ကြိမ် ထပ်မံ ပြင်ဆင်ရမှာပါ။ ဒီလထဲမှာတော့ အပြီးသတ် ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဆက်ကြောင်း ပြတ်တောက်မှု အပြီးသတ် ပြင်ဆင်နိုင်ခြင်း မရှိသည့် အတွက်ကြောင့် ပြည်တွင်း အင်တာနက်မြန်နှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိပြီး အင်တာနက်သုံးစွဲသူ အနည်းငယ် ကျဆင်းသွားကြောင်း အင်တာနက်ဆိုင်များမှ သိရသည်။
 
“ပြီးခဲ့တဲ့လက SE-ME-WE-၃ ပြတ်တောက်လို့ အင်တာနက် ကွန်နက်ရှင်တွေကျပြီး လူတောင်မရှိဘူး၊ အခု တရုတ်နဲ့ ချိတ်ထားတဲ့ ဆက်ကြောင်း ထပ်ပြတ်တယ်လို့ သတင်းတွေမှာ ဖတ်ရတယ်၊ ဒီတစ်ကြိမ် ပြတ်တောက်တာ မသိသာပေမယ့် ကြာရင် ဒီလိုခဏခဏ ပြတ်တောက်နေရင် အင်တာနက် လာသုံးတဲ့သူ ရှိမှာတောင် မဟုတ်တော့ဘူး။ ဆိုင်ဆက်ဖွင့်ဖို့အတွက်တော့ မြန်နှုန်း ပြန်ကောင်းလာဖို့ပဲ ဆုတောင်းနေရတော့မှာပေါ့” ဟု ပုဇွန်တောင်မြို့နယ်ရှိ King Star အင်တာနက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်တွင်း၌ အင်တာနက် သုံးစွဲနိုင်ရန်အတွက် အဓိက ချိတ်ဆက်ထားသည့် ဆက်ကြောင်းမှာ SE-ME-WE - 3 ဆက်ကြောင်းဖြစ်ပြီး ၎င်းဆက်ကြောင်း အပြင် အရန်ဆက်ကြောင်းများ ဖြစ်သည့် တရုတ်-မြန်မာ ဆက်ကြောင်း၊ ထိုင်း-မြန်မာ ဆက်ကြောင်း စသည့် အရန်ဆက်ကြောင်းများ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

အင်တာနက် အသုံးပြုနည်း လမ်းညွန် ( E-Book )

အခု ကျွန်တော် တင်ပေးလိုက်တဲ့ စာအုပ်လေးက အင်တာနက် အသုံးပြုနည်း လမ်းညွန် ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ကျွန်တော်တို့ အများစုက အင်တာနက်ကို လက်ရှိ အသုံးပြုနေကြတော့ အင်တာနက်ပဲ လမ်းညွန်းမလိုပါဘူးကွာ .. သုံးရင်းနဲ့ သိသွားပါလိမ့်မယ်လို့ .. ယူဆချင် ယူဆကြပါလိမ့်မယ် .. ဒါပေမယ့် အခု ကျွန်တော် တင်ပေးလိုက်တဲ့ စာအုပ်လေးမှာ အင်တာနက် ချိတ်ပုံ အင်တာနက် ပေါ်မှာ ရှိတဲ့ Webpage တွေရဲ့ အခေါ်အဝေါ်တွေ .. အင်တာနက်ကို စတင် အသုံးပြု သူတွေအတွက် တစ်ဆင့်ချင်း အသုံးပြု ပုံတွေကို ရေးသားပေးထားပါတယ် .. ဒီစာအုပ်လေးကို ဖတ်ကြည့် ခြင်းဖြင့် သင့်အတွက် အင်တာနက် နဲ့ပါတ်သတ်ပြီး မသိရှိသေးတဲ့ ဗဟုသုတတွေကိုတော့ ရရှိစေမှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 


Download လုပ်ရန် link များ

Saturday, February 25, 2012

Facebook ၏ လုပ်ဆောင်ချက်များ ( E-Book )


ကျွန်တော်ကို အကိုတစ်ယောက် တောင်းနေတာတော့ ကြာပါပြီ .. အခုမှ တင်ပေးဖြစ်တာပါ .. Facebook အသုံး ပြုနည်း စာအုပ်လေးပါ .. Facebook ကတော့ အခုအချိန်မှာ လူအများ စုအသုံး ပြုနေကြပါပြီ .. အခုမှ စသုံးမဲ့ သူတွေ အတွက်တော့ အထောက်အကူ ပြုပါလိမ့်မယ် .. သုံးနေတဲ့ သူတွေလည်း မိမိတို့ မသိသေးတဲ့ Facebook ရဲ့ Feature တွေကို ဒီစာအုပ်လေး ဖတ်ပြီး စမ်းသပ်လို့ ရတာပေါ့ဗျာ .. ကျွန်တော် သုံးနေရာ ခွဲပြီး တင်ပေး ထားပါတယ် လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 


ဟက်ကာ လက်စွဲ ( မြန်မာပြန် ) ( E-Book )

အခု တင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ Hacker Underground Handbook ဆိုတဲ့ စာအုပ်လေးကို မြန်မာလို ဘာသာ ပြန်ပြီး ရေးသားထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ၀ါသနာ ပါလို့ ဖတ်ချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်လေးကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..




အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Related Posts Plugin for WordPress, Blogger...

My Account