Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 17, 2012

မြန်မာ၌ ကျင်းပမည့် ဆီးဂိမ်းတွင် အင်တာနက်မြန်နှုန်း အနည်းဆုံး 10 G ပေးမည်

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အင်တာနက်မြန်နှုန်း အနည်းဆုံး 10G ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “မြန်နှုန်းတွေ တိုးမြှင့်ပေးဖို့အတွက် အပိုင်းလိုက် ဆောင်ရွက်သွားမှာပါ။ မြန်နှုန်း 20G အထိ ပေးသွားဖို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိန့်ကြားထားတာ ရှိပါတယ်။ လောလောဆယ် 3.5G ပထမအကြိမ် တိုးပေးထားပါတယ်။ ၂၀၁၃ ဆီးဂိမ်းရောက်ရင်တော့ အနည်းဆုံး 10G လောက် ရှိသွားမှာပါ။ အဲဒီလောက် မြန်နှုန်းမြင့်လာရင် အင်တာနက်သုံးစွဲမှု အဆင်ပြေသွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိတွင် ပြည်တွင်း၌ ပေးထားသည့် အင်တာနက်မြန်နှုန်းမှာ 5G အထိသာ ရှိသောကြောင့် အင်တာနက်သုံးစွဲမှုမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေကြောင်း ၎င်းထံမှ သိရသည်။

“အဓိကတော့ ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတွေရဲ့ အနိုင်အရှုံး ရလဒ်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးမယ့် နိုင်ငံတကာ မီဒီယာတွေ အဆင်ပြေပြေ သတင်းပို့နိုင်ဖို့အတွက် ဆောင်ရွက်ပေးတာပါ။ ဆီးဂိမ်းပြီးသွားရင်လည်း မြန်နှုန်း 10G ကို ဆက်လက်ပေးသွားဖို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ ယင်းသို့ အင်တာနက်မြန်နှုန်း တိုးမြှင့်ပေးနိုင်ရန်အတွက် လက်ရှိ အင်တာနက်ပေးနေသည့် ရေအောက်ဖိုင်ဘာဆက်ကြောင်း SE-ME-WE-3 အပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင် စသည်တို့မှ ကုမ္ပဏီကြီးများနှင့် စတင် ဆွေးနွေးလျက်ရှိပြီး ယခုနှစ်ကုန်ခန့်တွင် အပြီးသတ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “အင်တာနက်မြန်နှုန်းတွေ တိုးမြှင့်ပေးလိုက်ရင်တော့ မြန်မာနိုင်ငံအနေနဲ့ အင်တာနက်သုံးစွဲသူ ဒီထက်ပိုများလာမှာပါ။ လက်ရှိ နိုင်ငံတကာနဲ့ယှဉ်ရင် အင်တာနက်သုံးစွဲမှု အတိုင်းအတာက အတော်လေးနည်းနေပါသေးတယ်” ဟု အိုင်တီကျွမ်းကျင်သူ ကိုသီဟက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်တွင်းအင်တာနက်မြန်နှုန်း မြှင့်တင်ရေးအတွက် လက်ရှိတွင် SE-ME-WE-3 အပြင် SE-ME-WE-4 နှင့် SE-ME-WE-5 ဆက်ကြောင်း ထပ်မံချိတ်ဆက်သွားရန် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account