Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 17, 2012

Google က Android app အရွယ်အစားကို 4GB အထိ တိုးမြှင့်ပေးခဲ့ By Internet Journal

Google ကုမ္ပဏီက Android app ၏ အများဆုံး အရွယ်အစား ပမာဏကို 50MB  မှ 4GB သို့ တိုးမြှင့်ပေးခဲ့ကြောင်း Android Developers blog တွင် ဖော်ပြခဲ့သည်။  မူလက Android application များ၏ အရွယ်အစားကို အများဆုံး 50MB  အထိသာ ကန့်သတ်ထားခဲ့ကြောင်း၊ ၎င်းသည် app အများစုအတွက် အဆင်ပြေကြောင်း၊ အရွယ်အစား သေးငယ်ခြင်းအတွက် အသုံးပြုသူများ download ပြုလုပ်ရာတွင် အဆင်ပြေစေသော်လည်း အရည်အသွေးမြင့် 3D interactive ဂိမ်းကဲ့သို့သော app များအတွက် ရင်းမြစ်များ လိုအပ်သောကြောင့် အရွယ်အစားပမာဏကို 4GB သို့ တိုးမြှင့်ရခြင်းဖြစ်ကြောင်း ဆော့ဖ်ဝဲဖန်တီးသူ Tim Bray က အထက်ပါ blog တွင် ရေးသား ဖော်ပြခဲ့သည်။ ထို့အတွက် app အရွယ်အစားသည် 4GB  အထိ ရှိလာမည်ဖြစ်ပြီး APK ဟု ခေါ်သော Android Package ဖိုင်များကိုမူ 50MB အထိသာ ဆက်လက် ကန့်သတ်ထားမည် ဖြစ်ကြောင်း၊ အဆိုပါ APK ကို expasion  ဖိုင်များနှင့် ချိတ်ဆက်ထားပြီး app တစ်ခုချင်းစီတွင် 2GB ပမာဏအရွယ်ရှိ expansion ဖိုင်နှစ်ခု ပါဝင်မည်ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။ အထက်ပါ 4GB ပမာဏအရွယ်အထိ တိုးမြှင့် သတ်မှတ်ခြင်းသည် developer များအတွက် အထောက်အကူပေးသော်လည်း Android ထုတ်ကုန် ထုတ်လုပ်သူများအနေဖြင့် onboard သိုလှောင်မှုပမာဏကို တိုးမြှင့်ထုတ်လုပ်ရဖွယ် ရှိသည်ဟု သိရသည်။  

နောင်နောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account