Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 17, 2012

ကွန်ပျူတာတစ်လုံးကို အသုံးပြုသူများစွာ တစ်ပြိုင်နက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည့် ပစ္စည်းတစ်မျိုး ဝင်ရောက်

ပြည်တွင်း နည်းပညာဈေးကွက် အတွင်းသို့ ကွန်ပျူတာတစ်လုံးကို အသုံးပြုသူများစွာ တစ်ပြိုင်နက် ချိတ်ဆက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည့် Station+ အမည်ဖြင့် ပစ္စည်းတစ်မျိုး ဝင်ရောက်လာကြောင်း  သိရသည်။ “ဒီပစ္စည်းက ကွန်ပျူတာ တစ်လုံးကို တခြားအသုံးပြုသူတွေ ထပ်မံချိတ်ဆက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ တစ်ယောက် ချိတ်သုံးမယ်ဆိုရင် Device တစ်ခုအသုံးပြုရမှာ ဖြစ်ပြီး နှစ်ယောက် ချိတ်သုံးမယ်ဆိုရင်တော့ Device နှစ်ခု ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်ခံရမယ့် ကွန်ပျူတာအနေနဲ့ Device ငါးခု အသုံးပြုမယ်ဆိုရင်တော့ Dual Core နဲ့ Memory 2GB လောက် ရှိဖို့လိုအပ်ပါတယ်။ Device ဆယ်ခု ချိတ်ဆက် အသုံးပြုမယ် ဆိုရင်တော့ Core i3, Memory 4GB  ရှိရမှာ ဖြစ်ပါတယ်။ 3D ဂိမ်းကလွဲပြီး Application တော်တော်များများကို အသုံးပြုနိုင်ပါတယ်။ Network နဲ့ ချိတ်သုံးတာနဲ့ USB နဲ့ ချိတ်သုံးတာ ဆိုပြီး နှစ်မျိုး ဝင်ရောက်ပါတယ်” ဟု Micro Computer Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
USB စနစ်သုံး STV-02 မော်ဒယ်တွင် USB ပို့ နှစ်ခု၊ Audio In/Out ပါဝင်ပြီး၊ STV-04 မော်ဒယ်တွင် USB ပို့ လေးခုနှင့် Audio In/Out တို့ ပါဝင်သည်။ Lan Model ဖြစ်သည့် STL-01 တွင် USB ပို့ ၃ ခု နှင့် Audio In/Out တို့ ပါဝင်သည်။ ဈေးနှုန်းမှာ (1 to 10 units အတွင်း) ၈၀,၀၀၀ ကျပ် ဝန်းကျင် ဖြစ်ပြီး၊ ၁၀ ခုနှင့် အထက်ဆိုပါက ၇၀၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ဝယ်ယူအသုံးပြုလိုသူများ အနေဖြင့် Micro Computer Co.,Ltd. ဖုန်း-၂၉၄၅၀၃၊ ၂၀၂၄၅၃၊ ၇၂၁၆၆၈၊ ၃၉၈၈၆၆ နှင့် ၃၉၈၈၆၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူ အသုံးပြုနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account