Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, March 17, 2012

Ytalk VoIP Softphone စနစ်ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ အင်တာနက်သုံး ဖုန်းခေါ်ဆိုမှုစနစ် စတင် အသုံးပြုနိုင်ပြီ

မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော် ဝန်ဆောင်မှုပေးမည့် Ytalk VoIP Softphone, Ytalk Calling စနစ်ဖြင့်  မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ အင်တာနက်သုံး ဖုန်းခေါ်ဆိုမှုစနစ် စတင်အသုံးပြုနိုင်ကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၂ ခုနှစ် မတ်လ (၁၁) ရက်၊ နေ့လည် (၃) နာရီ အချိန်က မန္တလေးမြို့ Hotel Mandalay ရှိ စံပယ်ဖြူ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် VMG TELECOMS Co.,Ltd မှ ဒါရိုက်တာကိုအောင်ထွန်း၊ MD ဖြစ်သူ သရုပ်ဆောင် စမိုင်းတို့နှင့်အတူ အဖွဲ့ဝင်များမှ Ytalk VoIP Softphone စနစ်သုံးစွဲမှု အကြောင်းများကို အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ VMG TELECOMS Co.,Ltd ကို ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့တာဖြစ်ပြီး UK အခြေစိုက် TELECOM ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်၍ Ytalk VoIP Calling စနစ်ကို MPT, Yatanarpon တို့နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ အင်တာနက်မှတဆင့် ဖုန်းပြောဆိုရာမှာ  Gtalk, Pfingo တို့ဖြင့် တရားမဝင်အသုံးပြုလျက်ရှိကြောင်း၊ ဒါကြောင့် Ytalk စနစ်ဖြင့် ကွန်ပျူတာမှာ ဆော့ဖ်ဝဲလ်အသစ်ထည့်ပြီး softphone နှင့်ပတ်သက်တဲ့ အရာမှန်သမျှ အင်တာနက်ဆိုင်တိုင်းသို့ အခမဲ့ပေးထားကြောင်း၊ ဖုန်းခေါ်ဆိုနိုင်ဖို့ Calling Card များကို အင်တာနက်ဆိုင်မှာ ဝယ်ယူနိုင်သလို Value Money ကိုလည်း ကြည့်ရှု့နိုင်မယ့် အပြင် အသံကိုလည်း ကြည်ကြည်လင်လင် ပြောဆိုနိုင်ကြောင်းနှင့် အဆိုပါ ဆော့ဖ်ဝဲကိုတော့ အင်တာနက်ဆိုင်မှာပင် အသုံးပြုထားကြောင်း Ytalk မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ Ytalk ဆိုသည်မှာ အင်တာနက်မှတဆင့် တစ်ကမ္ဘာလုံးရှိ ဖုန်းများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဆက်သွယ်ခေါ်ဆို အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလ်စနစ်ဖြစ်ပြီး Ytalk ကို အသုံးပြုလိုပါက-
(၁) Ytalk Account ကိုဝယ်ယူပါ။ User Name နှင့် Password ကို ရရှိပါမည်။
(၂) သင့် Account သို့ ငွေဖြည့်ရန်အတွက် Recharge/ Topup Card ကိုဝယ်ယူပါ။
(၃) http://voip.yatanarpon.com.mm တွင် သင့် Account ၏ Username နှင့် Password ဖြင့် Login လုပ်ပါ။
(၄) Recharge Page တွင် သင့် Recharge Card ၏ လျှို့ဝှက်နံပါတ် (Recharge Code) ကို နှိပ်ပါ။
(၅) သင့် Account နှင့် ဖုန်းဆက်ရန် ငွေဝင်ရှိပါမည်။
(၆) Ytalk Software တွင် သင့် Account Username နှင့် Password ဖြင့် Login လုပ်ပါ။
(၇) သင်နှစ်သက်ရာ နိုင်ငံ၏ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါပြီ။ (ဥပမာ-006590000)

Ytalk ဝန်ဆောင်မှုအတွက် ကိုအောင်ထွန်းနှင့် ဇနီးဖြစ်သူ သရုပ်ဆောင် စမိုင်းတို့က ဦးစီးလုပ်ဆောင်နေတာဖြစ်ကြောင်း သိရှိရပါသည်။ ကိုယ်စားလှယ်ယူရန်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် VMG TELECOMS Co.Ltd ဖုန်း ၀၁-၅၄၅၂၂၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account