Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, May 3, 2012

တန်ဖိုးနည်းဖုန်းများ အင်တာနက် သုံးစွဲခွင့် လျှောက်ထားရာတွင် ယခင် ကျပ်ငါးသိန်း ဖုန်းများအတိုင်း ငွေပေးသွင်းရမည်ဟုဆို



Photo
လက်ရှိ ချထားပေးလျက်ရှိသော တန်ဖိုးနည်းဖုန်းများ အင်တာနက် သုံးစွဲခွင့် လျှောက်ထားရာတွင် ယခင်ကျပ်ငါးသိန်း ဖုန်းများအတိုင်း ငွေပေးသွင်းရမည်ဖြစ်ကြောင်း  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၂၅-၄-၂၀၁၂ ရက် တွင် ပြောကြားသည်။
“အရင်က ကျပ်ငါးသိန်း ဂျီဖုန်းတွေအတွက် အင်တာနက် သုံးစွဲခွင့်မှာ ငွေကျပ်တစ်သောင်း သွင်းရတယ်။ CDMA 800MHz တွေအတွက်က သုံးသောင်းသွင်းရတယ်။ အခု တန်ဖိုးနည်းဖုန်းတွေ အင်တာနက်လျှောက်ရင်လည်း ဒီလိုပဲ ပေးသွင်းရမှာပါ။ အင်တာနက်သုံးစွဲခွင့်ကို မေလ ပထမပတ်လောက်မှာ GSM ရော၊ WCDMA ကိုပါ ချထားပေးမှာပါ” ဟု ၎င်းက ပြောကြားသည်။
 
တန်ဖိုးနည်းဖုန်းများကို ရောင်းချပေးနေသည့် မိုဘိုင်းဆိုင်တစ်ဆိုင်မှ ပုဂ္ဂိုလ်တစ်ဦးက “အင်တာနက်ကို မေလဆန်းလောက် ချပေးမယ်လို့ ကြားတယ်။ အရင်က ကျပ်တစ်သောင်းလို့ ပြောတယ်။ အခုတော့ သုံးသောင်းလို့လည်း ကြားတယ်။ အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့ ဆိုင်တွေမှာပဲ အင်တာနက် လျှောက်လို့ရမှာလား။ ဘယ်မှာ လျှောက်ရမလဲဆိုတာ မပြောသေးဘူး” ဟု အင်တာနက် လျှောက်ထားခွင့်နှင့် ပတ်သက်၍ ပြောကြားသည်။ အင်တာနက်သုံးစွဲခွင့် တိုင်းဒေသကြီးများ၏ မြို့ကြီးများ၌သာ အသုံးပြုနိုင်ပြီး ယခု အသုံးပြုခွင့်ပေးလျှင်လည်း ထိုမြို့ကြီးများအားလုံး အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း၊ အင်တာနက် သုံးစွဲခွင့်မှာလည်း ယခင်ဖုန်းများနည်းတူ တစ်မိနစ်လေးကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

နှင်းနုဝေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account