Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, May 3, 2012

ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ Post-paid မှ Pre-paid ပြောင်းခြင်းကို မေလ ပထမပတ်တွင် စတင်မည်



Photo
ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို မေလ ပထမပတ်တွင် post-paid မှ Pre-paid စနစ်သို့ စတင်ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း  ၂၆-၄-၂၀၁၂ ရက်နေ့တွင် Call Center မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ကျွန်မတို့ လာမယ့် ၁-၅-၂၀၁၂ ရက်နေ့မှာ Pre-paid စနစ်ကို စပြီးသုံးစွဲမှာပါ။
ကျွန်မတို့ဘက်က Post-paid စနစ်ကနေ Pre-paid ကတ်စနစ်ကို သုံးချင်တဲ့ သူတွေကို မက်ဆေ့ခ်ျပို့ပြီး ပြောင်းမပြောင်း မေးမြန်းခဲ့ပါတယ်။ ကျွန်မတို့ ဇန်နဝါရီလလောက်ကစပြီး မက်ဆေ့ခ်ျတွေ ပို့ခဲ့တာပါ။ အခု မေလမှာ စသုံးလို့ ရမယ့် ဖုန်းတွေက ဧပြီလကုန်အထိ YES ဆိုပြီး ပြန်ပို့တဲ့ ဖုန်းအားလုံးကို ပြောင်းပေးတာပါ။ ဒါပေမဲ့ မေလ ၁ ရက်နေ့ နောက်ပိုင်း သုံးချင်တယ် ဆိုရင်တော့ ၁၈၈၁၂ ကို မက်ဆေ့ခ်ျ ပို့ပေးရမှာပါ။ လက်ရှိ လိုင်းဖုန်းတွေကတော့ အလုံက ဖုန်းတွေမှာပဲ Pre-paid စနစ် သုံးသေးတယ်” ဟု ပြောကြားသည်။ Post-paid စနစ်မှ Pre-paid စနစ်ကို ပြောင်းလဲသုံးစွဲသည့် ဖုန်းများတွင် ဖုန်းဘီများ ကျန်ရှိလျှင်လည်း Pre-paid ကတ်အတွင်း ပေါင်းထည့်ပေးသွားမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ဖုန်းသုံးစွဲသူများ အဆင်ပြေစေရန် ကြားခံအဖြစ် ကျပ် ၁၀၀၀ ကို ထည့်သွင်းပေးထားမည် ဖြစ်ကြောင်း သိရသည်။ ပြီးမှသာ ဖုန်းငွေဖြည့်သည့်အခါ အဆိုပါငွေကို ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စနစ်ကို ပြောင်းလဲသည့် ဖုန်းများသည် ၀၉-၅၀၊ ၀၉-၅၁၊ ၀၉-၅၂၊ ၀၉-၃၊ ၀၉-၅၄ ကုတ်နံပါတ်ဖြင့်စသော ဂျီအက်စ်အမ်ဖုန်းများ ဖြစ်ကြောင်း သိရသည်။

ပြည့်ရည်ဖူး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account