Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, May 3, 2012

နိုင်ငံတကာသို့ ခေါ်ဆိုနိုင်သည့် Y talk ခေါ်ဆိုခ မေလ ၁ ရက်မှ စတင်လျှော့ချ



Photo
နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်သည့် Y talk ခေါ်ဆိုခများကို မေလ ၁ ရက်မှ စတင် လျှော့ချလိုက်ပြီ ဖြစ်ကြောင်း  VMG ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ၂၅-၄-၂၀၁၂ ရက်တွင် ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ Y talk က တရားဝင် အွန်လိုင်းဖုန်းခေါ်ဆိုစနစ် ဆိုပေမယ့် တရားမဝင် Pfingo နဲ့ Skype စနစ်ကို မဖယ်ရှားနိုင်သေးတဲ့ အတွက်ရော နောက်သုံးစွဲသူတွေရဲ့ တောင်းဆိုမှုကြောင့်ရော အခုလို ဈေးနှုန်းတွေ လျှော့ချပေးလိုက်တာပါ။ အရင်က Pfingo နဲ့ ဈေးကွာပေမယ့် အခု Pfingo ဈေးနှုန်းထက် လျော့သွားပါပြီ။ ဒီလို ဈေးလျှော့ချဖို့ကို မြန်မာ့ဆက်သွယ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်တာပါ” ဟု ယင်းက ပြောကြားသည်။
 
Y talk  စနစ်ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခမှာ ခေါ်ဆိုသည့် နိုင်ငံပေါ် မူတည်၍ တစ်မိနစ်လျှင် ကျပ် ၁၅၀ မှ ၃၀၀ အထိရှိပြီး၊ မေလ ၁ ရက်မှ စတင်၍ ဈေးနှုန်း လျှော့ချလိုက်ကြောင်း၊ လက်ရှိတွင် Y talk ဖြင့် ဖုန်းခေါ်ဆိုရန် Account တစ်ခု ဝယ်ယူရပြီး ငွေဖြည့်ကတ်ပါ ဝယ်ယူ အသုံးပြုရကြောင်း၊ Y talk စနစ်ကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်သေးကြောင်း သိရသည်။ Y talk ခေါ်ဆိုခများကို Pfingo ခေါ်ဆိုခနည်းတူ ဈေးလျှော့ချလိုက်သော်လည်း Y talk စနစ်မှာ အရည်အသွေး ပိုမိုကောင်းမွန်ပြီး အင်တာနက် မြန်နှုန်းကျနေသည့် အချိန်တွင်ပါ အသုံးပြုနိုင်ကြောင်း၊ Y talk သုံးစွဲသည့် VOIP ဆော့ဖ်ဝဲကို အခမဲ့ ဖြန့်ဝေလျက်ရှိပြီး ဝက်ဘ်ဆိုက်များတွင်ပါ အခမဲ့ Download ပြုလုပ်သုံးစွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းနုဝေ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account