Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, June 6, 2012

ပုံမှန်ထက် အဆတစ်ထောင် မြန်စေတဲ့ ကြိုးမဲ့ကွန်ရက် ချစ်ပ်စက်



Photo
စမတ်ဖုန်းများအတွက် ကြိုးမဲ့ကွန်ရက် ချိတ်ဆက်မှုအတွက် ပုံမှန်ထက် အဆတစ်ထောင် မြန်ဆန်စေမည့် ဆီလီကွန် ချစ်ပ်ပြား အသေးစားများကို  စင်ကာပူနိုင်ငံ နန်ယန်း နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ယခုအချိန်မှာ အောင်မြင်စွာ တီထွင်လိုက်ကြပြီ ဖြစ်သည်။
ယင်းချစ်ပ်ပြားများကိုသာ စမတ်ဖုန်းများမှာ အသုံးပြုသွားမည် ဆိုလျှင် နှစ်နာရီစာမျှ ကြာသော ဗီဒီယိုဖိုင်များကိုပင် မိနစ်ဝက်ခန့် အတွင်းမှာ ပေးပို့နိုင်တော့မည် ဖြစ်သည်။ သီချင်းများကိုသာ ကူးယူမည်ဆိုလျှင် စက္ကန့်ပိုင်း အတွင်းမှာပင် သီချင်းပေါင်းများစွာ ကူးယူနိုင်တော့မည်လည်း ဖြစ်သည်။ နိုင်ငံပေါင်းစုံမှ ကုမ္ပဏီကြီးများကလည်း ယင်းချစ်ပ်ပြားများကို ထုတ်လုပ်ခွင့်ရလျှင် ထုတ်လုပ်လိုကြောင်း၊ ထုတ်လုပ်ခွင့် မရလျှင်လည်း ၎င်းတို့၏ စမတ်ဖုန်းများမှာ ယင်းချစ်ပ်ပြားများကို အသုံးပြုလိုကြောင်းလည်း သိရသည်။ ယင်းချစ်ပ်ပြားများကို မူပိုင်ခွင့်နှင့် ထုတ်ဝေခွင့်များကိုလည်း လျှောက်ထားပြီးဖြစ်ကြောင်း  နန်ယန်း နည်းပညာတက္ကသိုလ်မှ သုတေသန ပညာရှင်များက ဆိုသည်။ ယင်းချစ်ပ်ပြားမှာ လက်မအရွယ်မျှသာ ရှိ၍ အရွယ်သေးငယ်သော်လည်း ရုပ်သံ အရည်အသွေး အဆင့်မြင့်သည့် ရုပ်ရှင်ကားကြီးများအား ကွန်ပျူတာမှ ရုပ်မြင်သံကြားစက်များသို့ လွှဲပြောင်း ပို့ဆောင်ပေးရာမှာ များစွာ အသုံးတွင်ကျယ်ကြောင်းလည်း ထပ်လောင်း သိရသည်။ ယင်းချစ်ပ်ပြား အသေးစားများကို ထုတ်လုပ်မည့် စီမံကိန်းကို လွန်ခဲ့သည့် နှစ်နှစ်လောက်ကတည်းက နန်ယန်း နည်းပညာတက္ကသိုလ် (အင်န်တီယူ)၊ သိပ္ပံအေဂျင်စီ စသော နည်းပညာနှင့် သုတေသန အဖွဲ့အစည်းများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

(TST, 25 May)
ကျော်မိုးဟိန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account