Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, June 6, 2012

၂၀၁၃ SEA GAMES တွင် ဝိုင်ဖိုင်သုံးနိုင်ရန် စီစဉ်ပေးမည်



Photo
၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAMES) ကျင်းပသည့် အားကစားကွင်းများတွင် ဝိုင်ဖိုင်ဖြင့် အင်တာနက် သုံးနိုင်စေရန် စီစဉ်ပေးမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

အဆိုပါ အားကစား ပြိုင်ပွဲအတွက် အင်တာနက် မြန်နှုန်း 20 G အထိ ပေးသွားရန် ဆောင်ရွက်လျက် ရှိသည့်အပြင် ဝိုင်ဖိုင် ထုတ်လွှင့်ပေးမည့် ဧရိယာများကိုလည်း တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ဝိုင်ဖိုင်စနစ်နဲ့ အင်တာနက် သုံးစွဲခွင့် ပေးဖို့အတွက် ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မယ့် IT ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပါတယ်။ အဓိကကတော့ ပြိုင်ပွဲ အနိုင်အရှုံး ရလဒ်တွေ အချိန်နဲ့ တစ်ပြေးညီ သတင်းပို့နိုင်အောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

လက်ရှိတွင် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ အတွက် မြို့ကြီးလေးမြို့မှ အားကစားကွင်းများကို အသုံးပြုသွားမည် ဖြစ်ပြီး ဝိုင်ဖိုင်စနစ် ပေးရာတွင် ၎င်းကွင်းအားလုံးကို ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အားကစားကွင်း တည်ရှိရာ မြို့တွေအလိုက် ဝိုင်ဖိုင်စနစ်ကို ပေးမှာပါ။ ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီတွေကိုလည်း သက်ဆိုင်ရာ ကွင်းတွေအလိုက် သတ်မှတ်ပေးပြီး ဝန်ဆောင်မှု ပေးသွားခိုင်းမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကျင်းပပြုလုပ်မည့် မြို့ကြီးလေးမြို့နှင့် အားကစားကွင်းများမှာ နေပြည်တော် တိုင်းဒေသကြီးတွင် ဇဗ္ဗူသီရိ အားကစားကွင်းနှင့် အားကစားရွာ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် သုဝဏ္ဏ အားကစားကွင်းနှင့် အခြား အားကစားကွင်း အချို့၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အားကစားကွင်း အချို့နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ကမ်းခြေများ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အားကစားကွင်းများ အတွက် ထားရှိပေးမည့် အင်တာနက် မြန်နှုန်းများနှင့် ဝိုင်ဖိုင် စနစ်များအတွက် စတင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိနေပြီး ပြိုင်ပွဲမစတင်မီ အချိန်၌ အပြီးသတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အင်တာနက် မြန်နှုန်းများ တိုးမြှင့်ပေးရန်ကိုလည်း အပိုင်းလိုက် ဆောင်ရွက်ပေးလျက် ရှိပြီး လက်ရှိတွင် အင်တာနက် ပေးနိုင်သည့် ပမာဏ 10 G အထိ ရှိနေပြီ ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။         

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account