Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, June 6, 2012

နိုင်ငံများ၌ တစ်နိုင်ငံလုံးကိုပင် ပျက်စီးသွားစေနိုင်လောက်အောင် အင်အားပြင်းထန်သည့် ကမ္ဘာ့အားအကောင်းဆုံး ကွန်ပျူတာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်မည်



Photo
၂၀၁၀ ပြည့်နှစ်က အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို တိုက်ခိုက်ခဲ့သော Stuxnet ဗိုင်းရပ်စ်ပြီးနောက်  တတိယမြောက် အဓိက ဆိုက်ဘာလက်နက်အဖြစ် Flame အမည်ရှိ ကွန်ပျူတာဗိုင်းရပ်စ် ထွက်ပေါ်လာသည်။
ယင်းမှာ Star Wars ရုပ်ရှင်ကားထဲမှ ဗီလိန်၏ အမည်ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယင်းသည် လုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းသွားစေကာ နိုင်ငံတစ်ခုလုံးကို ပျက်စီးသွားစေနိုင်လောက်အောင် ပြင်းထန်သောကြောင့်  ယင်းနှင့် ပတ်သက်၍ ကာကွယ်ရေးအတွက် အရေးပေါ် သတိပေးချက် ထုတ်ပြန်ရန် ကုလသမဂ္ဂက စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂ ကွန်ပျူတာလုံခြုံရေး အကြီးအကဲ မာကိုအိုဘီဆိုက “ဒီဗိုင်းရပ်စ်ဟာ ကျွန်တော်တို့ တွေ့ကြုံဖူးသမျှထဲမှာ အဆိုးရွားဆုံး ဗိုင်းရပ်စ်ပါပဲ” ဟု ပြောကြားခဲ့သည်။ သူက အီရန်နိုင်ငံ၏ ကွန်ပျူတာစနစ်များထဲ ဖောက်ဝင်ရန်အတွက် အလွန်အင်အားပြင်းထန်သော ဗိုင်းရပ်စ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု၏ နောက်ကွယ်၌ ၎င်းတို့ရှိနေသည် ဆိုခြင်းကို မေလ ၂၈ ရက်နေ့က ငြင်းဆိုလိုက်သည်။ ယခုပေါ်ပေါက်လာသော ဗိုင်းရပ်စ်သည် အလွန် ထူးထွေဆန်းပြားသော Spyware အမျိုးအစားဖြစ်ပြီး ဆူဒန်၊ ဆော်ဒီအာရေဗျ၊ လက်ဘနွန်နှင့် အီဂျစ်တို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ ကွန်ပျူတာများကို ဟက်ကင်းလုပ်ရန် ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် အီရန်နိုင်ငံမှာ ပင်မပစ်မှတ်ဖြစ်သည်ဟု ဆိုသည်။ ယင်းသည် Malicious Software အများစုထက် အဆပေါင်း ၁၀၀ ခန့် ပိုမိုအားကောင်းသည်ဟု ဆိုသည်။ ယင်းကို ဖော်ထုတ်ခဲ့သည်မှာ ရုရှား အင်တာနက်လုံခြုံရေး ကုမ္ပဏီဖြစ်သော Kapersky ဖြစ်သည်။ ကုလသမဂ္ဂ ကွန်ပျူတာလုံခြုံရေး အကြီးအကဲ မာကိုအိုဘီဆိုက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ အရေးကြီးသော အခြေခံ အဆောက်အအုံများအနေဖြင့် အဆိုပါ ဗိုင်းရပ်စ်၏ အန္တရာယ်ရှိနေသောကြောင့် သတိပေးချက်ထုတ်ပြန်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

(DM, 29.5.12)
NYM

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account