Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, June 6, 2012

ငါးသိန်းတန် CDMA ဖုန်းများတွင် My Ring Tune ကို ဇွန်လမကုန်မီ အသုံးပြုနိုင်ရန် စီစဉ်

ကျပ်ငါးသိန်းတန် CDMA ဖုန်းများ ဖြစ်သည့် CDMA 800 MHz ၀၉၇၃ နှင့် CDMA 450 MHz ၀၉၄၉ တို့တွင် My Ring Tune Service ကို ဇွန်လ မကုန်မီ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း  ၃၁-၅-၂၀၁၂ ရက်က သိရသည်။ အဆိုပါ ဖုန်းခေါ်ဆိုရာတွင် မြည်သောအသံ (တူတူတူ) နေရာ၌ အစားထိုးသော သီချင်းသံ (My Ring Tune) ဝန်ဆောင်မှုကို Fortune International Limited နှင့် မြန်မာ့ ဆက်သွယ်ရေးတို့ ပူးပေါင်း ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
 

“My Ring Tune ကို ကျပ်ငါးသိန်တန် CDMA မှာ ဝန်ဆောင်မှု ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ ဇွန်လထဲမှာ အသုံးပြုနိုင်မှာပါ။ ဒါပြီးရင် တန်ဖိုးနည်းဖုန်းတွေနဲ့ လိုင်းဖုန်းတွေမှာ သုံးနိုင်အောင် ဆက်လက် စီစဉ်သွားမှာပါ” ဟု My Ring Tune မှ တာဝန်ရှိတစ်ဦးက ပြောသည်။ ယင်း My Ring Tune Service ကို ၂၀၁၀ စက်တင်ဘာမှ စတင်ကာ ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ ကျပ် ၁၅ သိန်းတန် GSM, ကျပ် ၁၅ သိန်းတန် CDMA နှင့် ကျပ်ငါးသိန်းတန် GSM တို့တွင် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
 
၎င်း Service တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယသီချင်းများကို အသုံးပြုနိုင်ပြီး အသုံးပြုသူများက မိမိသုံးလိုသောသီချင်းများ ရှိပါကလည်း CD သို့ Stick ဖြင့် လာရောက် ပေးအပ်နိုင်ကြောင်း သိရသည်။ ဂီတအစည်းအရုံးမှ ခွင့်ပြုချက် မရှိသည့် သီချင်းများကိုမူ အသုံးပြုခွင့်ပေးမည် မဟုတ်ကြောင်း အဆိုပါတာဝန်ရှိသူ၏ ထပ်မံ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဝန်ဆောင်မှုကို လစဉ်ကြေး ၂၀၀၀ ကျပ်၊ သီချင်းတစ်ပုဒ် ၃၀၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်ပြီး စတင် ဝန်ဆောင်မှုပေးချိန်မှ လက်ရှိအချိန်အထိ သုံးစွဲသူ ရှစ်သောင်းဝန်းကျင် ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

ခန့်ဟိန်းသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account