Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 12, 2012

GSM Repeater တပ်ဆင်ထားပါက ဖြုတ်ရန် မြန်မာ့ဆက်သွယ်ရေးက အကြောင်းကြားထား


Photo 
လိုင်းဆွဲအားများ ပိုမိုကောင်းမွန်စေရေး အတွက် GSM ဖုန်းများတွင် တပ်ဆင်ထားသော Repeater များကို ဖြုတ်ရန် မြန်မာ့ဆက်သွယ်ရေးက အကြောင်းကြားချက်ကို ၃၁-၁-၂၀၁၂ ရက်က  GSM  ဖုန်းများသို့ SMS (စာတိုပို့စနစ်) ဖြင့် ပေးပို့ခဲ့ကြောင်း  သိရသည်။ ဆက်လက်၍ Call Center မှ တာဝန်ရှိသူ တစ်ဦးက “အခု လက်ရှိမှာ GSM သုံးတဲ့သူအချို့က လိုင်းဆွဲအား ကောင်းဖို့အတွက် Repeater တွေကို ထပ်ပြီး တပ်ကြတယ်။ ဒါတွေက တရားဝင်လည်း မဟုတ်တဲ့အတွက် ဖြုတ်ပစ်ဖို့ ဆက်သွယ်ရေးက တရားဝင် ကြေညာထားတယ်။ အခုဆိုရင် ဆက်သွယ်ရေးကလည်း လိုင်းဆွဲအားတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတဲ့ အတွက် Repeater တွေကို ဖြုတ်ပြီး သုံးကြည့်စေချင်တယ်” ဟု ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက “ကျွန်တော်တို့ဘက်က ဒီ Repeater တွေကို အမြန်ဆုံးဖြုတ်ဖို့ ပြောထားတယ်။ တတ်နိုင်သမျှ မြန်မြန်ဖြုတ်စေချင်တယ်။ တကယ်လို့ မဖြုတ်ရင်တော့ ဥပဒေအရ အရေးယူရမှာပါ။ ဆက်သွယ်ရေးဘက်ကလည်း လိုင်းတွေကို အကောင်းဆုံး လုပ်ထားပါတယ်” ဟု ယင်းက ပြောကြားသည်။ အဆိုပါ Repeater များကို ဖြုတ်၍ GSM ဖုန်းကို အသုံးပြုပါက လိုင်းဆွဲအားမကောင်းလျှင် Call Center ၏ နံပါတ် ၁၈၇၆ သို့ အကြောင်းကြား၍ သုံးစွဲသူ အမည်၊ ဖုန်းနံပါတ်များ၊ နေရပ် လိပ်စာတွေကို ပေးပို့ပါက မြန်မာ့ဆက်သွယ်ရေးသို့ အကြောင်းကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ Repeater များ ဖြုတ်ခိုင်းခြင်းသည် အခြား GSM သုံးစွဲသူများကိုပါ အနှောင့်အယှက် ဖြစ်စေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။     

ပြည့်ရည်ဖူး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account