Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 12, 2012

နိုင်ငံရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သဘောထားအမြင် စစ်တမ်းများ www.myanmaraffairs.com ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပြီ



Photo
မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုမှသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူတို့၏ သဘောထားအမြင် စစ်တမ်းများ ကောက်ယူမှု အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန်အတွက်  (www.myanmaraffairs.com) ဝက်ဘ်ဆိုက် လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “ဒီဝက်ဆိုက်ကို လုပ်ပေးတဲ့ ရည်ရွယ်ချက်က ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်ဖို့ရယ်၊ သူတို့ဘာတွေ ခံစားနေရသလဲ၊ ဘာတွေ ဖြစ်ချင်သလဲ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအပေါ် ဘယ်လို တွေ့မြင်လဲဆိုတာတွေကို သိစေချင်တယ်။ ဒီအချက်အလက်တွေကိုလဲ လိုအပ်တဲ့ ပြည်သူတွေက သုံးစွဲနိုင်အောင်လို့ လွှင့်တင်ရခြင်း ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။ အဆိုပါ မြန်မာ့ရေးရာ ဝက်ဘ်ဆိုက်ကို ယခုချိန်မှစ၍ တစ်နှစ်အတွင်း အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး နောက်ပိုင်းတွင် အသင်းဝင်ကြေး ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း ယင်းဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ ကြေညာသည့်ပွဲတွင် ဦးဝင်းမျိုးသူက ဆက်လက် ပြောသည်။ ယင်းဝက်ဘ်ဆိုက်ကို နိုင်ငံရေးပါတီများမှလည်း ဝင်ရောက် ကြည့်ရှု အသုံးပြုနိုင်ပြီး မိမိတို့ပါတီနှင့် ပတ်သက်၍ ပြည်သူများ သဘောထားအမြင်ကို ကြည့်ရှုလိုပါကလည်း လက်ခံဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှိကြောင်း သိရသည်။ အဆိုပါ ဝက်ဆိုက်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၂၈ ရက်က မီကာဆာဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းဝက်ဘ်ဆိုက်ကို နိုင်ငံရေး ပါတီများမှလည်း ဝင်ရောက်ကြည့်ရှု အသုံးပြုနိုင်ပြီး မိမိတို့ပါတီနှင့် ပတ်သက်၍ ပြည်သူများ သဘောထားအမြင်ကို ကြည့်ရှုလိုပါကလည်း လက်ခံဆောင်ရွက်ပေးမည့် အစီအစဉ်များ ရှိကြောင်း သိရသည်။ အဆိုပါ ဝက်ဆိုက်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၂၈ ရက်က မီကာဆာဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငွေစန္ဒီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account