Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 12, 2012

Mobile Q&A



Photo
Q - Android OS ဖုန်းမှာ ဖုန်းက ဖွင့်လိုက်ရင်တော့ အလုပ် လုပ်ပါတယ်။  ဒါပေမယ့် မကြာခဏ သူ့အလိုလို ဖုန်းက ပါဝါကျကျ သွားတတ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

A - Android OS ဖုန်းတွေမှာ အဲလို ဖြစ်တယ်ဆိုရင်တော့ ဖုန်းထဲမှာရှိတဲ့ Task Killer ဆော့ဖ်ဝဲကို စစ်ဆေးသင့်ပါတယ်။ မရှိဘူး ဆိုရင်လည်း ထည့်ထားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Task Killer နဲ့ ဖုန်းထဲက နောက်ခံ Run နေတဲ့ Background Software တွေကို ပိတ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ခံမှာ အလုပ်လုပ်နေတဲ့ Background  ဆော့ဖ်ဝဲတွေ အလုပ်လုပ်နှုန်း များလာရင်၊ Background ဆော့ဖ်ဝဲတွေ များလာရင် ဖုန်းက အရမ်းလေးလံလာပြီး မကြာခဏ ပါဝါကျကျ သွားတာမျိုးတွေ ဖြစ်လာ တတ်ပါတယ်။ အဲဒီလို စစ်ဆေးလို့မှ မဟုတ်ဘူး ဆိုရင်တော့ ဖုန်းရဲ့ ပါဝါစနစ်နဲ့၊ Firmware ကို စစ်ဆေးရမှာ ဖြစ်တဲ့အတွက် ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါတယ်။

Q - iPod Touch တွေကို Apple Pee နဲ့ တွဲပြီး ဖုန်းလိုသုံးတာ အင်တာနက်ပါ သုံးလို့ရပြီလို့ ပြောပါတယ်။ ဒါပေမယ့် သုံးတာမရဘူး ဖြစ်နေပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

A - iPod Touch တွေကို Apple Pee နဲ့တွဲပြီး ဖုန်းလို အသုံးပြုတဲ့နေရာမှာ အင်တာနက် စနစ်ကိုပါ အသုံးပြုလို့ရပြီဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အသုံးပြုလို့ မရဘူး ဆိုတာကတော့ တစ်ခုခုလွဲမှားနေလို့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်သွင်း ရောင်းချပေးပြီး အသုံးပြုဖို့ ပြုလုပ်ပေးနေတဲ့ သူတွေရဲ့ အဆိုအရတော့ Apple Pee တွေမှာ အမျိုးအစားက အစုံရှိနေပါတယ်လို့ ပြောပါတယ်။ အဲဒီထဲကမှ အင်တာနက် စနစ်ပါ သုံးလို့ရတာ တစ်မျိုးပဲ ရှိတယ်လို့လည်း သိထားရပါတယ်။ အဲဒါကြောင့် ကိုယ်အသုံးပြုထားတဲ့ Apple Pee ကို ပြန်ပြီးပြသ မေးမြန်းသင့်ပါတယ်။ Apple Pee တွေကို iPod Touch တွေနဲ့ ချိတ်ပြီး အင်တာနက် သုံးတဲ့နေရာမှာ ဖုန်းလို အသုံးပြုဖို့ရော၊ အင်တာနက်သုံးဖို့ အတွက်ပါ ဆော့ဖ်ဝဲတွေ လိုအပ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ iPod Touch ထဲမှာ အင်တာနက် အသုံးပြုဖို့အတွက် ဆော့ဖ်ဝဲ ထည့်သွင်းပြီးပြီလား၊ မထည့်ရသေးဘူးလား ဆိုတာကလည်း ပြန်ပြီး ပြသစစ်ဆေးသင့်ပါတယ်။
 

1 comments:

ကျွန်မက ၁၅သိန်းနဲ့ gsm လေးရှိပါတယ်။ အဖေ၀ယ်ပေးရတာ။ အရမ်းရင်းနှီးတဲ့ မိတ်ဆွေက oversea call တွေခေါ်ပြီးကျသလောက်ရှင်းပေးမယ်တဲ့။Bill လဲလာရော မပေးနိုင်တော့ပါဘူးတဲ့။သေရော။ စိုက်ပေးဖို့ကတော့ဘယ်မှာရှိမလဲရှင်။ ခုတော့ active call barring ပေါ့။ ခုgsm သတင်းတွေကြားရတော့ပိုစိတ်ဆင်းရဲရပြီ။ မရှိမဲ့ရှိမဲ့လေးနဲ့ဝယ်ပေးထားရတဲ့အဖေ့ကိုမျက်နှာတောင်မပြရဲဘူး။ညံ့လို့ခံရတာနည်းသေးတယ်လို့အားလုံးဝိုင်းဆဲလဲ ခံရမှာပဲ။ ကြံရာမရ sim card လေးပြန်ဖွင့်ချင်တာပဲသိတယ်။ Bill သွားဆောင်လို့တော့မပြောလိုက်ကြပါနဲ့ရှင်။တတ်အားသရွေ့ကူညီကြပါအုံးနော်။ ကျေးဇူးမမေ့ပါဘူး။ Special thanks to all :)

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account