Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 12, 2012

ထူးထူးခြားခြား Windows 8 မှာ...



Photo
Explorer Window

Windows Operating System  ၏ အသုံးအဝင်ဆုံး နေရာကို ပြရလျှင် Explorer Window ကိုပင် ပြရပါလိမ့်မည်။  ယနေ့အထိ ထွက်ခဲ့သမျှ Windows Operating System  အားလုံးတွင် explorer window  သည် menu စနစ်ကို အသုံးပြုပါသည်။  Submenu  အားလုံးကို drop down  စနစ်ဖြင့် သုံးစွဲကြရပါသည်။ သို့သော် Windows 8  ၏ explorer window  တွင်မူ Ribbon interface  ပါဝင်လာပါတော့မည်။ Office 2007  ကို သုံးဖူးသူဆိုလျှင် Ribbon interface  ကို ရင်းနှီးပြီး ဖြစ်ပါလိမ့်မည်။ ယင်း interface သည် context sensitive ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိလုပ်ကိုင် ဆောင်ရွက်နေသည့် အလုပ် (ဥပမာ။ ။ ဖိုင်၏ အထွေထွေ လုပ်ငန်းကို ဆောင်ရွက်နေသည်ဟု ဆိုလျှင် Save, Save as, Copy  စသည်) နှင့် ပတ်သက်သည့် ရွေးချယ်ပိုင်ခွင့် တို့ကိုသာ ပြသပါလိမ့်မည်။ သို့သော် OS  စနစ်သစ်သည် application section  ကိုပါ သယ်ဆောင်လာပါသည်။ ယင်း section တွင် ကလစ်နှိပ်လျှင် ရွေးချယ်ပိုင်ခွင့် (option) များကို တွေ့ရပါမည်။ မိမိ အလုပ်လုပ်လိုသည့်ဖိုင်ကို task bar တွင် Pin လုပ်ထားနိုင်ပါသည်။ ယင်းဖိုင်ကို Administrator အနေဖြင့် သော်လည်းကောင်း၊ အခြား  user  တစ်ယောက်အနေဖြင့် သော်လည်းကောင်း ဖွင့်နိုင်ပါသည်။ Compatibility ပြဿနာများကြောင့် ယင်းဖိုင်ကို ဖွင့်မရခဲ့လျှင် ပြဿနာဇာစ်မြစ်ကို ရှာဖွေနိုင်စေပါသည်။  Explorer  စနစ်အသစ်တွင် shortcut tool  လည်း ပါဝင်လာပါသည်။ Short တစ်ခုကို ရွေးချယ်လိုက်သည့်အခါ အဆိုပါ tool ပေါ်နေပါလိမ့်မည်။ ယင်းတွင် option တစ်ရပ်ကိုသာ ရွေးချယ်ခွင့်ရှိပါသည်။ မိမိကြိုတင် ရွေးချယ်ထားသည့် folder အတွက်သာ shortcut ကို အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။

Ribbon

Explorer Window တွင် ထည့်သွင်းပေးထားသော Ribbon သည် နေရာယူလွန်းသည်ဟု ထင်လျှင် ယင်းကို ဖျောက်ထားနိုင်သော နည်းလမ်းရှိပါသည်။ Windows key ကို ဖိထားပြီး R  ကိုနှိပ်ပါ။ Run dialog box  ပေါ်လာပါလိမ့်မည်။  ယင်း box  ထဲမှ ကွက်လပ်တွင် pedit.msc ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။ group policy တွင် ဝင်ရောက် ပြင်ဆင်နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ထိုအခါ Group policy editor ဆီသို့ ရောက်ရှိသွားပါလိမ့်မည်။ left panel ထဲတွင် ရှိသော Computer configuration > Administrative templates > Windows components > Windows explorer tree ထဲသို့ အဆင့်ဆင့် ဝင်ရောက်ပြီး expand လုပ်သွားပါ။ Start Windows Explorer with the Ribbon minimised  တွင် ဘယ်ကလစ် နှစ်ချက်နှိပ်ပါ။ ယင်း၏ value  နေရာတွင် Enable ကို သတ်မှတ်ပေးပါ။ ပြီးလျှင် Ok ကိုနှိပ်ပါ။ ထိုသို့ပြုပြင်ပြီး နောက်ပိုင်း Explorer Window ကို ဖွင့်လိုက်သည့်အခါ default အနေဖြင့် Ribbon ကို လာပြတော့မည် မဟုတ်ပါ။ အကယ်၍ Ribbon ကို မြင်တွေ့ချင်သည်ဟု ဆိုလျှင် Help icon  ၏  ဘယ်ဘက်ရှိ Down Arrow  ကို ဘယ်ကလစ် နှိပ်နိုင်ပါသည်။

Quick Access Toolbar

Explorer Window  တွင် ထူးထူးခြားခြား ထည့်သွင်းလာသည်မှာ Quick Access Toolbar ဖြစ်ပြီး ယင်းကို menu  ၏  အပေါ်ဘက်တွင် ကပ်၍ တွေ့မြင့်နိုင်ပါသည်။  New folder၊ Minimise၊  undo စသည့် အသုံးများသော option  များကို လျင်မြန်စွာ ရယူအသုံးပြုနိုင်စေရန် ပြုလုပ်ထားပါသည်။ ယင်း Toolbar ကိုလည်း မိမိစိတ်ကြိုက် ပြုပြင်စီရင်နိုင်ပါသေးသည်။ ဤသို့ပြုလုပ်နိုင်ရန်  Toolbar  ရှိ default button  များ၏ ညာဘက်ရှိ မြားနေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Explorer Window ၏ caption bar ကို မြင်ရပါမည်။ ယင်းထဲရှိ မိမိအသုံးပြုလိုသော option များကိုရွေးပါ။ Ribbon option တစ်ခုခု အပေါ်တွင်လည်း  ညာကလစ်နှိပ်ပြီး ပေါ်လာသော အကွက်ထဲမှာ Add to Quick Access toolbar ကို ရွေးပေးခြင်းဖြင့် ယင်း option ကို Quick Access toolbar ထဲသို့ ပေါင်းထည့်ထားနိုင်ပါသည်။

File Copy

Windows OS  အစဉ်အဆက်တွင် Explorer  အတွင်းဖိုင်များ ကော်ပီကူးယူသည့်အခါ ကူးယူနေကြောင်းနှင့် မည်မျှလောက် အတိုင်းအတာထိ ပြီးစီးပြီဆိုသည်ကို လေးထောင့် အတုံးငယ်များဖြင့် ပြပါသည်။ Windows 8 တွင်မူ ဖိုင်ကော်ပီ ကူးယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အဆင့်မြှင့်ပေးထားသည့် dialog box တစ်ခု ပါဝင်လာပါသည်။ ဖိုင်ကူးယူမှု လုပ်ငန်းစဉ်တွင် မည်သို့မည်ပုံ ဖြစ်ပျက်လျက် ရှိသည်ကို သတင်းအချက်အလက်များ ပိုမိုပေးပါလိမ့်မည်။ ဖိုင်ကူးယူသည့် လုပ်ငန်းစဉ်တွင် ပြဿနာ တစ်စုံတစ်ရာရှိပါက pause button ကို နှိပ်ပြီး လုပ်ငန်းစဉ်ကို ခေတ္တမျှ ရပ်ဆိုင်းထားနိုင်ပါမည်။ ပြဿနာ ဖြစ်သည့် အခြေအနေတွင် မည်သည့်ဖိုင်များကိုသာ ကူးယူမည် ဖြစ်ပြီး မည်သည့်ဖိုင်များကို ကူးယူမှု မပြုတော့မည် ဖြစ်ကြောင်း ယခင်က ထက်စာလျှင် ပိုမိုလွယ်ကူစွာ ရွေးချယ်လာနိုင်ပါသည်။

Folder Option

Folder option သည် မည်သည့်ဖိုင် အမျိုးအစားတို့ကို ကွယ်ဝှက်ထားမည်၊ မည်သည့်ဖိုင် အမျိုးအစားတို့တွင် file extension ပြသမည့် စသည်တို့ကို ရွေးချယ်ခွင့်ပြုသောနေရာ ဖြစ်ပါသည်။ Virus  ဖိုင်များ ခွဲခြားစစ်ထုတ်ရန်အတွက် အလွန်အသုံးတည့်သော option  ဖြစ်ပါသည်။ Win XP  ထိ explorer Window  ထဲတွင် လွယ်ကူစွာ ရွေးချယ်နိုင်ခဲ့ပြီး Win 7  တွင်မူ Control panel ထဲ ဝင်ရောက် ရွေးချယ်ရပါသည်။ ယခုလည်း Folder option ရွေးချယ်ရသည့်နေရာ ထပ်မံ ပြောင်းလဲသွားပြန်ပါပြီ။   File > Change Folder and search options  တွင် ဝင်ရောက် ရွေးချယ်ပေးခဲ့လျှင် Win XP  တွင် မြင်ခဲ့ဖူးသော dialog box  အဟောင်း ပြန်ပေါ်လာပါလိမ့်မည်။ ယင်းနေရာတွင် ဝင်၍ မရွေးလိုလျှင် Control panel မှ တစ်ဆင့်လည်း ရွေးနိုင်ပါသည်။ Windows Key ကို ဖိထားပြီး R ကိုနှိပ်ပါ။ ပေါ်လာသော box မှ ကွက်လပ်ထဲတွင် Contorl.exe ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ (သို့မဟုတ်) OK ကိုနှိပ်ပါ။ Control Panel ပေါ်လာပါလိမ့်မည်။ ယင်းထဲရှိ View by list  ခေါင်းစဉ်အောက်မှ  Large icons  ကိုရွေးပါ။ ထို့နောက် dialog box  ပေါ်လာစေရန် အတွက် Folder options  နေရာတွင် ဘယ်ကလစ်နှိပ်ပါ။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account