Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 12, 2012

IT Questions & Answers



Photo
ကျွန်တော်ဟာ Facebook အသုံးပြုသူ တစ်ယောက်ပါ။  Facebook ပေါ်မှာရှိတဲ့ Group တစ်ခုထဲကို ဝင်မိရာက Group Chat ထဲမှာ ပြောသမျှ စာတွေအားလုံး ကျွန်တော်ရဲ့ Chat ထဲမှာ လာပေါ်လိုပေါ်၊ Group ထဲမှာ လူတစ်ယောက်ယောက် ပို့စ်တင်လိုက်တိုင်း ကျွန်တော့် ဂျီမေးလ်ထဲ Notification တွေ ရောက်လိုရောက်ဖြစ်နေလို့ ဘယ်လို ပိတ်ထားလို့ ရပါသလဲ။
 
သင့်ရဲ့ Facebook Page ညာဘက် အပေါ်ဆုံးထောင့်မှာရှိတဲ့ သင့်အမည်ကို Click လုပ်ရင် Account Menu ကျလာပါလိမ့်မယ်။ အဲဒီထဲမှ Account Settings ကို ရွေးပြီး ပွင့်လာတဲ့ စာမျက်နှာ ဘယ်ဘက်ခြမ်းက Notification ကို ထပ်နှိပ်လိုက်ပါ။ All Notification ဆိုတဲ့ စာသားကို ရောက်တဲ့အထိ စာမျက်နှာကို ဆင်းယူသွားပြီ Change Email Settings for Individual Groups ဆိုတဲ့ လင့်ခ်ကို နှိပ်ပါမယ်။ ပေါ်လာတဲ့ Box မှာ ကိုယ်အီးမေးလ် မလိုချင်တဲ့ Group တွေအကုန်လုံးကို အမှတ်ခြစ်ဖြုတ်လိုက်ပါ။ Save Button ကိုနှိပ်ပေးဖို့တော့ လိုပါလိမ့်မယ်။ Notification Setting တွေကို ပြင်ချင်တယ် ဆိုရင်တော့ News Feed Page ရဲ့ ဘယ်ဘက်က Group နာမည်ကို တိုက်ရိုက်နှိပ်ပြီး Group ထဲဝင်ကာ စာမျက်နှာ အပေါ်ဆုံးက Edit Setting Button ကိုနှိပ်ပြီး Group Member တွေ ပို့စ်တင်တဲ့ အခါတိုင်း ဘယ်လို အသိပေးမလဲ ဆိုတာကို ပြင်ယူလို့ ရပါတယ်။ အားလုံးပြီးသွားရင် Save Setting Button ကိုနှိပ်ပေးပါ။

ကျွန်တော့် ကွန်ပျူတာမှာ Defragment Program ကို Run လို့ မရတော့ပါဘူး။ Run တိုင်းမှာ Error တက်နေတယ်။ ဘယ်လိုလုပ်ရမလဲ။

ကွန်ပျူတာရဲ့ အမြန်နှုန်းကို ထိုက်သင့်သလောက် မြှင့်တင်ပေးနိုင်တဲ့ Disk Defragmenter Program ဟာ ဖိုင်စနစ်တွေကို ပြန်စီပေးတဲ့ အလုပ် လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချို့ဖိုင်တွေ folder တွေမှာ Error တက်နေရင် သူ့ကို Run လို့ မရနိုင်ပါဘူး။ ဒီတော့ My Computer ကိုဖွင့် Defragment လုပ်တိုင်းက Error Message ပြတဲ့ Hard Drive ကို Right Click နှိပ်ပြီး Properties ကိုဝင်၊ ထပ်ပွင့်လာတဲ့ Windows ထဲမှာ Tools ဆိုတဲ့ စာသားပါတဲ့ Tab ကိုထပ်ဖွင့်လိုက်ပါ။ Error Checking ဆိုတဲ့ အောက်က Check Now Button ကိုနှိပ်လိုက်ပါ။ Check  Disk Box ပေါ်လာရင် Option နှစ်ခုစလုံးကို အမှတ်ခြစ်ပေးပြီး Start ကိုနှိပ်လိုက်ပါ။ ကွန်ပျူတာကို Restart ချပေးဖို့လိုကြောင်း စာပေါ်လာပြီး နောက်တစ်ကြိမ် စက်ပြန်အတက်မှာ အမှား စစ်ပေးပါလိမ့်မယ်။ အမှားစစ်ပြီးပြီ ဆိုရင်တော့ Defragment ပြန်လုပ်လို့ရပါပြီ။ Virus တွေရှိရင်လည်း Defragment လုပ်လို့ မရတာကို သတိပြုသင့်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account