Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 29, 2012

ကမ္ဘာ့အပါးလွှာဆုံး Acer Aspire S5 Notebook



Photo
CES 2012 ပြပွဲတွင် ကမ္ဘာ့အပါးလွှာဆုံး notebook အဖြစ် မိတ်ဆက်ခဲ့သည့် Acer Aspire S5 ultrabook နှင့် ပတ်သက်ပြီး တန်ဖိုးနှင့် အသေးစိတ် အချက်အလက်များကို  ကုမ္ပဏီမှ ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်ကြောင်း သိရသည်။
Acer S5 391-9880 ultrabook ကို လာမည့် ဇွန်လ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၁,၃၉၉ ဖြင့် စတင်ဈေးကွက်တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ အခြားအသေးစိတ် အချက်အလက်များ အနေဖြင့် အဆိုပါ notebook ကို ချောမွေ့ပြီး တောက်ပြောင်သည့် မဟူရာနက်ရောင် မဂ္ဂနီဆီယမ် ကိုယ်ထည်အသုံးပြု ထုတ်လုပ်ထားပြီး ၁၃.၃ လက်မအရွယ် LED-backlit display ကို 1,366x768-pixel resolution ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ နည်းစနစ်ပိုင်းတွင် Intel ၏ တတိယမျိုးဆက် Core i7-3517U ပရိုဆက်ဆာကို အသုံးပြုထားပြီး 3.0 GHz အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ကာ Turbo Boost နည်းပညာလည်း ပါဝင်ကြောင်း သိရသည်။ DDR3 RAM 4 GB ထည့်သွင်း ပေးထားပြီး သိုလှောင်သိမ်းဆည်းမှုများ အတွက် 256 GB SSD ပါဝင်ကာ USB 3.0 port နှစ်ခုနှင့် Thunderbolt port တစ်ခုလည်း ထည့်သွင်း ထုတ်လုပ်ထားသည်။ အရွယ်အစား အနေဖြင့် အလျား ၁၂.၇၇ လက်မ၊ အနံ ၈.၉၅ လက်မနှင့် အထူ ၀.၅၉ လက်မ ရှိပြီး အလေးချိန် ၂.၆၅ ပေါင် ရှိကြောင်း သိရသည်။ Aspire S5 ၏ port များကို notebook ၏ အနောက်ဘက်တွင် ထည့်သွင်းပေးထားပြီး Magic-Flip solution မှာလည်း အလွန်ကောင်းမွန်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။

ဟေမာ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account