Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 29, 2012

Android OS ဖုန်းများတွင် Ubuntu OS တက်၍ အသုံးပြုနိုင်မည်



Photo
လက်ရှိအချိန်တွင် အသုံးပြုလျက်ရှိကြသော Android OS ဖုန်းအချို့ပေါ်တွင် ကွန်ပျူတာများ၌ အသုံးပြုသော Ubuntu OS အား ထည့်သွင်းကာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ Android OS ပေါ်တွင် Ubuntu အားထည့်သွင်း အသုံးပြုရာ၌ ဖုန်းတွင်ပါဝင်သော Android OS အား ဖျက်ရန် မလိုအပ်ဘဲ ကွန်ပျူတာများတွင် Windows  နှစ်ခုတင်ကာ အသုံးပြုသကဲ့သို့ပင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း Ubuntu အား အသုံးပြုနေစဉ်တွင်ပင် ဖုန်းဝင်လာပါကလည်း ဖုန်းပြောနိုင်မည်ဖြစ်ပြီး အသုံး မပြုလိုတော့ပါကလည်း အလွယ်တကူပင် Android OS ဘက်သို့ ပြောင်းလဲသွားကာ ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ CPU စနစ်မြင့်မားသော ဖုန်းများပေါ်တွင် အဆိုပါ စနစ်မှာ ပိုမိုကောင်းမွန်မြန်ဆန်စွာ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် Ubuntu OS အား မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုရာ၌ Samsung Galaxy S III  နှင့် Samsung Galaxy Note ပေါ်တွင် အသုံးပြုရာတွင် ပိုမိုအဆင်ပြေကြောင်းသိရသည်။

“ဖုန်းတွေပေါ်မှာ Ubuntu OS ကိုတင်ပြီး အသုံးပြုတဲ့နေရာမှာတော့ Galaxy SIII နဲ့ Galaxy Note က ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ SIII က CPU မြင့်မားတဲ့အတွက် အသုံးပြုရတာ မြန်ဆန်ပါတယ်။ Galaxy Note ကတော့ ဖုန်းရဲ့ အရွယ်အစားကြီးမားတဲ့အတွက် အသုံးပြုရတဲ့ မြင်ကွင်းတွေမှာ ကောင်းမွန်ပါတယ်” ဟု အဆိုပါ စနစ်အား စတင်ထည့်သွင်း အသုံးပြုသူ X Code မိုဘိုင်းဖုန်းဆိုင်မှ ကိုပြည့်ဖြိုးက ပြောသည်။

Ubuntu စနစ်အား မိုဘိုင်းဖုန်းများပေါ်တွင် ထည့်သွင်းအသုံးပြုရာ၌ ကွန်ပျူတာများပေါ်တွင် အသုံးပြုသကဲ့သို့ပင် အကောင်းဆုံး အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းစနစ် ထည့်သွင်းနိုင်မည့် ဖုန်းများအနေဖြင့် Samsung Galaxy SIII, Galaxy SII, Galaxy Note, Galaxy S, HTC One X, HTC Desire, Desire S, Desire HD အစရှိသော ဖုန်းများပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထည့်သွင်း အသုံးပြုလိုသူများ အနေဖြင့် X Code မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း ၀၉-၅၀၀၄၆၇၂ တွင် ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account