Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 29, 2012

Windows Phone 8 ကို Microsoft တရားဝင် မိတ်ဆက်



Photo
Microsoft  ကုမ္ပဏီမှ ၎င်း၏ မိုဘိုင်း platform  သစ်တစ်ခုဖြစ်သည့် Windows Phone 8 operating system ကို ဆန်ဖရန်စစ္စကို၌ စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း  သိရသည်။
ယင်း WP8 operating system သစ်တွင်multi-core CPU, pixel-packed screen, NFC နှင့် microSD card စသည့်စနစ်များ ထောက်ပံ့ပေးထားပြီး Windows 8 နှင့်လည်း အဆင်ပြေစွာအသုံး ပြုနိုင်မည်ဖြစ်သည်။ ယင်း OS သစ်ဖြင့် multi-core ပရိုဆက်ဆာများကို ကောင်းမွန်စွာ စေခိုင်းနိုင်မည့် အပြင်screen resolution ကိုလည်း 1280x720 မှ 1280x 768 အထိ ကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။

ယခု OS သစ်တွင် microSD card slot များလည်း ထည့်သွင်း ထုတ်လုပ်နိုင်တော့မည့် အပြင် NFC feature ဖြင့် ဖိုင်ဝေမျှခြင်းများ ပြုလုပ်နိုင်သော်လည်း Bluetooth စနစ်ကိုမူ အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ Skype ခေါ်ဆိုမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ပြီး IE 10 browser လည်း ထည့်သွင်းပေးထားကာ WP8 ဖြင့်  ငွေပေးချေမှု စနစ်များလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ User interface ကိုလည်း အသုံးပြုသူ စိတ်ကြိုက်ပြောင်း လဲ၍ အသုံးပြုနိုင်မည်ဖြစ်ကာ အရွယ်အစား အမျိုးမျိုးဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး အောက်တိုဘာလတွင်  စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟေမာ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account