Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 29, 2012

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Network Operation Center တည်ထောင်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက Network Operation Center (NOC) ကို ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။  အဆိုပါ ဆောင်ရွက်ချက်အတွက်  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ “ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ Network ချို့ယွင်းမှုတွေကို လှမ်းကြည့်နိုင်အောင် Network Operation Center တည်ထောင်တာ ဖြစ်ပါတယ်။ ဘယ်ဆက်သွယ်ရေးစခန်းမှာ ဘယ်လိုအမှား (Fault) ဖြစ်နေတယ်ဆိုတာကို စင်တာက နေလှမ်းကြည့်နိုင်မှာ ဖြစ်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက NOC နှင့် ပတ်သက်၍ ပြောကြားသည်။


အဆိုပါ Network Operation Center ကို နေပြည်တော်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ည ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် Network Operation Center (NOC) ဆောင်ရွက်ရန်အတွက် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ကြောင်း သိရသည်။ Preliminary Survey for NOC Set-Up and Management Services  အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား လုပ်ငန်းအပ်နှံ ဆောင်ရွက်လိုကြောင်း၊ ၎င်း NOC ၌ တပ်ဆင်မည့်စ နစ်များမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် လက်ရှိ အသုံးပြုလျက်ရှိသော စနစ်များအားလုံးနှင့် တွဲဖက် အသုံးပြုနိုင်ရမည် ဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စားသော ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ပူးပေါင်းဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဖိတ်ခေါ်ထားပြီး အဆိုပါ လုပ်ငန်းအတွက် Preliminary Surveys Proposal များအား အိတ်ဖွင့်တင်ဒါပေးသွင်းရ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းကို စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအနေဖြင့် ဖုန်း-၀၆၇-၈၁၀၀၆၇၈ နှင့် ၀၆၇-၈၁၀၀၃၂၂ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account