Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 29, 2012

Ubuntu OS ပေါ်တွင် Download Manager များ ထည့်သွင်းပုံ



Photo
Ubuntu OS အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Application တွေ များစွာရှိရာ အင်တာနက် အသုံးပြုတဲ့ Ubuntu User တွေအတွက် အင်တာနက်နဲ့ ဆက်စပ်ပြီး သုံးရမယ့် Application တွေ များစွာ ရှိပါတယ်။  အင်တာနက် အသုံးပြုတဲ့ Application တွေထဲမှ ဒေါင်းလုပ် ပြုလုပ်တဲ့အခါမှာ စွမ်းအားပြည့် ဒေါင်းလုပ်ပြုလုပ်နိုင်မယ့် Ubuntu OS ပေါ်မှာ အသုံးပြုနိုင်မယ့် Download Manager အချို့ ထည့်သွင်း အသုံးပြုပုံကို ရွေးချယ်တင်ပြလိုက်ပါတယ်။

Download Manager တွေဟာ အင်တာနက်ပေါ်တွင် ကိုယ်ဆွဲချင်တဲ့ ရုပ်ရှင်၊ သီးချင်းနဲ့ အခြားသော အသုံးချဆော့ဖ်ဝဲဖိုင်တွေကို စွမ်းအားပြည့် ဒေါင်းလုပ် ပြုလုပ်ပေးနိုင်အောင် စီစဉ်ထားတဲ့ Application တွေ ဖြစ်ပါတယ်။ အချို့အချို့သော Download Manager တွေဟာ Application အနေနဲ့ လာတာမျိုး မဟုတ်ဘဲ Web Browser ထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ Plug in အနေနဲ့ အလွယ်တကူ အသုံးပြုနိုင်တာမျိုး ရှိပါတယ်။ ဒီလို Plug in အနေနဲ့ အသုံးပြုနိုင်တဲ့ Download Manager ကတော့ Mozilla Firefox မှာ အသုံးပြုနိုင်တဲ့ Download Manager Them All ဆိုတဲ့ Download Manager ဖြစ်ပါတယ်။ ဒီ Plug in ကို ထည့်သွင်းဖို့အတွက် www.mozilla.com ဆိုတဲ့ ဝက်ဘ်ဆိုက်ကို ဖွင့်ပြီး အဲဒီကနေ Addons ဆိုတဲ့ Category အောက်မှာ Down Them All ဆိုတာကို Search Box ထဲမှာ ရိုက်ထည့်လိုက်ရင် Down ThemAll ဆိုတဲ့ Plug in ကို ပြမှာ ဖြစ်ပါတယ်။ အဲဒါကို ဒေါင်းလုပ်ပြုလုပ်ပြီး Install ပြုလုပ်လိုက်တယ်ဆိုရင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Application အနေနဲ့ အသုံးပြုချင်သူတွေအတွက် Ubuntu Software Centre ထဲကို သွားပြီး KGet ဆိုတဲ့ Application ကို ရှာဖွေရမှာ ဖြစ်ပါတယ်။ KGet ကို ရှာဖွေဖို့အတွက် Ubuntu Software Centre ရဲ့ Search Box ထဲကနေ KGet  ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်တယ်ဆိုရင် တွေ့ရမှာ ဖြစ်ပါတယ်။ KGet Application ကို တွေ့ရင် Install Button ကို ကလစ်နိုင်ပြီး Authenticate မှာ OS ရဲ့ Login Password ကို ထည့်သွင်းပေးလိုက်ရင် Download ပြုလုပ်ပြီး Install အလိုအလျောက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးရင်တော့ KGet Download Manager ကို ထည့်သွင်းပြီး ဖြစ်သဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

သီလ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account