Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, August 29, 2012

ဗီဇာကတ်များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ရန် ပြင်ဆင်

ဗီဇာကတ်များ ပြည်တွင်း၌ စတင်အသုံးပြု လာနိုင်ရန်အတွက် အီလက်ထရောနစ် ငွေပေးချေမှုစနစ်အား မိတ်ဆက်ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် စတင်ပြင်ဆင် လျက်ရှိကြောင်း  Visa မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဗီဇာကတ်နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ သြဂုတ်လ အတွင်းက ကျင်းပခဲ့ပြီး ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများအား မြန်မာနိုင်ငံ၌ နိုင်ငံတကာ ငွေပေးချေမှု ကတ်ပြားများ လက်ခံခြင်း၊ ထုတ်ပေးခြင်းတို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက် ရက်စွဲဖြင့် Visa က ထုတ်ပြန်ထားသော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဆက်သွယ်ရေး လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်တော့မည်


ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ထိုသို့ပြောင်းလဲ ဖွဲ့စည်းခြင်းနှင့်အတူ မြန်မာတယ်လီကွန်း ကုမ္ပဏီကိုပါ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မြန်မာတယ်လီကွန်း ကုမ္ပဏီအား ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ နိုင်ငံတကာ ရန်ပုံငွေနှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေနှင့် အထောက်အပံ့များ၊ နည်းပညာများ ဆက်သွယ်ရယူလျက် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း မြန်မာတယ်လီကွန်း ကုမ္ပဏီနှင့်အတူ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီ၊ သီးခြားဆက်သွယ်ရေး လုပ်ငန်း ကော်မတီနှစ်ခု စုစုပေါင်း ကုမ္ပဏီ ၄ ခုတို့က ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ယှဉ်ပြိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 

IC Recorder



Photo
သတင်းသမားတွေ၊ လုပ်ငန်းသမားတွေ၊ ရုံးသမားတွေနဲ့ အခြား စိတ်ဝင်စားသူတွေ အဆင်ပြေစေမယ့် Sony ရဲ့ IC Recorder အသစ်တစ်မျိုး ဈေးကွက်ဝင်လာပါတယ်။  မော်ဒယ် ICD-PX 312M ဖြစ်ပြီး ဆိပ်ကမ်းသာလမ်းက F@X ကွန်ပျူတာဆိုင်မှာ ရနိုင်ပါတယ်။ Internal Memory 2 GB ပါဝင်ပြီး ထပ်တိုးချင်ရင် Micro SD နဲ့ M II ကတ် နှစ်မျိုးထည့်သုံးနိုင်ပါတယ်။

Jailbreak ပြုလုပ်ထားသော iDevice များ အချက်အလက် ခိုးယူခံရခြင်း ဖြစ်လာနိုင်သည့်အတွက် သတိပြုသင့်



Photo
iDevice များဖြစ်သော iPhone, iPad များတွင် Jailbreak ပြုလုပ်ထားသော iDevice များ၌ အချက်အလက်များ ခိုးယူသုံးစွဲခံရခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ပါးလွှာပြီး စတိုင်ကျတဲ့ Compact Stereo System



Photo
ပြည်တွင်းဈေးကွက်ကို အသစ်ဝင်ရောက်လာတဲ့ Panasonic အမှတ်တံဆိပ် Compact Stereo System ဖြစ်ပါတယ်။ Auto Sliding Dock ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့အတွက် ပါးလွှာပြီး နံရံကပ်အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ADSL အင်တာနက် လိုင်းများအတွက် Complaint များ ဖြေရှင်းရန် Helpdesk Center အား ဖွင့်လှစ်ထားဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်းအသုံးပြုထားသည့် ADSL လိုင်းများအတွက် Complaint များ ဖြေရှင်းရန် Helpdesk Center အား ဖွင့်လှစ်ထားရှိကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

"ဖခင်တစ်ဦးရဲ့ သတိပေးစကား"


အိုမင်းတဲ့အထိ ငါ့ကိုကျွေးမွေးပါလို့ ငါမတောင်းဆိုဘူး
အဲဒီလိုပဲ နင့်ကိုလည်းအိုမင်းတဲ့အထိ ငါမကျွေးမွေးနိုင်ဘူး
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့အရွယ် နင်ရောက်တဲ့အခါ
ငါရဲ့ဝတ္တရားလည်းပြီးဆုံးပါပြီ။

Samsung Galaxy S Duos ကို တရားဝင်မိတ်ဆက်



Photo
Samsung ကုမ္ပဏီမှ မကြာသေးမီက ထုတ်လုပ်ပေးလိုက်သည့် Galaxy S III နှင့် ပုံသဏ္ဍာန်ချင်း ဆင်တူသော Galaxy S Duos စမတ်ဖုန်းကို ကုမ္ပဏီမှ တရားဝင် မိတ်ဆက်လိုက်ကြောင်း  သိရသည်။

Sunday, August 26, 2012

ဒီတစ်ပတ်အတွက် ဖတ်စရာစာအုပ်လေးများ

ဒီတစ်ပတ်အတွက် ဖတ်စရာစာအုပ်လေးတွေပါ. ကျွန်တော်လည်း ပိုစ့်မတင်ဖြစ်တာ ကြာပြီမို့ လောလောဆယ်တော့ စာအုပ်တွေ

တင်ပေးလိုက်ပါတယ်. နောက်ပိုင်းကျရင်တော့ အစုံ တင်ပေးသွားမှာပါ.လာရောက်သူများကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ.

For You...

 

မိန်းခလေးတယောက် ယောက်ျားလေးတယောက်ကိုချစ်ပ
ဒါပေမဲ့ ကိုယ်ထိန်းသိမ်းတန်ဖိုးထားသင့်တဲ့အရာတွေ
ပျက်စီးဆုံးရှုံးသွားသည်အထိတော့ မချစ်ပါနဲ့

ယောက်ကျားလေးတယောက်
မိန်းခလေးတယောက်ကိုချစ်ပါ
ဒါပေမဲ့ ကိုယ့်ဘဝတခုလုံး အဓိပ္ပါယ်မဲ့သွားရလောက်အောင်ထိတော့ မမိုက်မဲပစ်ပါနဲ့

ခွန်အား စိတ်ဓာတ် III



ကြည်လင်တဲ့ရေတစ်ခွက်ဟာ လှုပ်ဖန်များရင် နောက်သွားတတ်တယ်
နောက်နေတဲ့ရေတစ်ခွက်ဟာ မလှုပ်ရင် အလိုလိုအနယ်ထိုင်ပြီး ကြည်လာတတ်တယ်။

ဒေါက်တာနိုက်တင်ဂေး - သန္ဓေကထာ


ကဲ.. စာဖတ်သူတွေထဲမှာ မိန်းကလေးတွေလည်း ပါမယ်လို့ ကျွန်တော်ထင်ပါတယ်. မြန်မာမိန်းကလေး မှန်ရင်တော့ မိမိတို့ရဲ့ အပျိုစင်ဘ၀ကို တန်ဖိုးထားတတ်ကြတယ်လို့ ကျွန်တော်ကြားဖူးပါတယ်. အခု ဒီစာအုပ်လေးကို တင်လိုက်ရခြင်းရဲ့ အဓိကအကြောင်းကတော့ မိန်းကလေးတို့အတွက် ဆရာမ ဒေါက်တာနိုက်တင်ဂေး ပြောချင်တဲ့အကြောင်းအရာတွေကို သိစေချင်လို့ပါဘဲ. ကျွန်တော့်အနေနဲ့ မိန်းကလေးတွေကို ပြောချင်တာကတော့ မိမိရဲ့ဘ၀ကို တန်ဖိုးထားတတ်ကြပါစေ...

တစ်ခဏတာ ပျော်ရွှင်မှုအတွက် တစ်ဘ၀တာကို အဆုံးမခံလိုက်ပါနဲ့ ညီမလေးရယ်...

VT 3210 LED HDTV



Photo
ကြည်လင်ပြတ်သားသည့် ရုပ်ထွက်ကို ကြည့်ရှုခံစားနိုင်စေမည့် Viewsonic တံဆိပ် LED HDTV အမျိုးအစား ဖြစ်သည်။ Widescreen အမျိုးအစားဖြစ်ပြီး စကရင်အရွယ် ၃၂ လက်မ အကျယ်ရှိသည်။  စကရင်ကို ဘေးတိုက်နှင့် အပေါ်အောက် ၁၇၆ ဒီဂရီမှ စောင်းငဲ့ကြည့်ရှုပါကလည်း ပုံရိပ်နှစ်ထပ် ဖြစ်ခြင်း ဝေဝါးခြင်းမရှိ ကောင်းစွာမြင်တွေ့ရစေသည်။

Windows 8 စမတ်ဖုန်းကို ထုတ်လုပ်မည်

ဖင်လန်ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်သော Nokia နှင့် Microsoft တို့သည် အမေရိကန်ဆော့ဖ်ဝဲ Windows 8 လည်ပတ်မောင်းနှင်မှု စနစ် (Operation system)  ကို အသုံးပြုထားသည့် စမတ်ဖုန်းးကို စက်တင်ဘာ ၅ ရက်တွင် နယူးရောက်မြို့၌ ပွဲထုတ်ပြသမည်ဟု သိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ Nokia သည် ထိုပွဲတွင် ယင်းကုမ္ပဏီထုတ် ပထမဆုံး သင်ပုန်း ကွန်ပျူတာကို မိတ်ဆက်ပြသရန် စီစဉ်နေသည်ဟု ဆိုသည်။

Microsoft ၏ ကုမ္ပဏီအမှတ်တံဆိပ် ပြောင်းလဲ



Photo
Microsoft ကုမ္ပဏီသည် ၎င်းတို့၏ အမှတ်တံဆိပ်ကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲလိုက်ပြီ  ဖြစ်သည်။ Microsoft သည် ၁၉၈၇ ခုနှစ်နောက်ပိုင်းတွင် ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ပထမဆုံးအကြိမ် ပြောင်းလဲမှတ်ပုံတင် အသုံးပြုခြင်းဖြစ်သည်။ ထုတ်ကုန်သစ် အများအပြား မိတ်ဆက်သွားမည့် အစီအစဉ်ကို ပြင်ဆင်နေရာ ကုမ္ပဏီ အမှတ်တံဆိပ်သစ် ပြောင်းလဲ အသုံးပြုခြင်းလည်း အပါအဝင်ဖြစ်သည်။

အသံထွက်အားကောင်းကောင်းဖြင့် BDV E-490 Blu-ray Player



Photo
တေးသီချင်းနားဆင်မှု အသံထွက်အပိုင်းကို (DTSH Master Audio 7.1 Channel) အရည်အသွေးမြင့် အသံထွက်အား ကောင်းကောင်းဖြင့် ခံစားနားဆင်နိုင်မည့်  Sony တံဆိပ် Blu-ray Hone Theatre ဖြစ်သည်။ အခွေစုံကို ဖတ်ပေးနိုင်ပြီး သာမန် DVD စက်များထက် စွမ်းဆောင်ရည် ၅ ဆမြင့်သည့် ကိရိယာဖြစ်သည်။ သာမန် ရုပ်ထွက် စွမ်းရည်ကိုပင် Full HD အရည်အသွေးဖြင့် ပြောင်းလဲတပ်ဆင်ပေးနိုင်သည်။ တေးသီချင်း၊ ရုပ်သံဖိုင်၊ ဓာတ်ပုံများကို ipod, iphone ဖြင့် ချိတ်ဆက်ကြည့်ရှုနားဆင်နိုင်သည်။

Friday, August 24, 2012

Onda Vi30



Photo
Tablet Onda အမှတ်တံဆိပ် Tablet Model Vi30 ဈေးကွက်အတွင်း  ဝင်ရောက်လာပါတယ်။ Android 2.3 System Touch Screen ဖြစ်ပြီး Screen အရွယ်အစားကတော့ 8" အရွယ်အစား ရှိပါတယ်။ Memory အနေနဲ့ Internal Memory 8GB ပါဝင်ပြီး ထပ်တိုး အသုံးပြုလိုပါက SD Card 32GB ထိ Support လုပ်ပေးနိုင်ပါတယ်။

Android OS History



Photo
Android OS စနစ်ကို စတင် အသုံးပြုခဲ့တဲ့ အချိန်တုန်းကတော့ Version 1.0  လို့ခေါ်တဲ့ Astro ဆိုတဲ့ နာမည်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။  အဲဒီနောက်ပိုင်းမှာတော့ OS Version တွေကို တဖြည်းဖြည်း အဆင့်မြှင့်တင် ထုတ်လုပ်ခဲ့ကြပါတယ်။ 1.1  Astro ရဲ့ နောက်မှာတော့ 1.1 Bender ကို ထုတ်လုပ်ခဲ့ပြီး ကြားထဲမှာတော့ 1.2, 1.3, 1.4 တွေကို မထုတ်လုပ်ခဲ့ပါဘူး။ 1.1 ကနေ တိုက်ရိုက် 1.5 ကို ပြောင်းလဲခဲ့ပြီး Vesion 1.5 ကိုတော့ Android Cupcake လို့ ခေါ်တွင်ခဲ့တာကို တွေ့ရပါတယ်။

Samsung GTE 1195



Photo
လိုင်းဆွဲအား ကောင်းမွန်ဖို့အတွက် အဓိက ရည်ရွယ် ထုတ်လုပ်လိုက်တယ်လို့ ဆိုတဲ့ Samsung အမှတ်တံဆိပ်  ဈေးနှုန်းနိမ့် Handset ဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။  Model-GTE 1195 နဲ့ ဝင်ရောက်လာတာဖြစ်ပြီး GSM Sim Card ထည့်သွင်း အသုံးပြုရမယ့် Handset အမျိုးအစား ဖြစ်ပါတယ်။ ခေါက်ဖုန်းဒီဇိုင်းနဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Jabra Extreme 2 Bluetooth



Photo
Jabra အမှတ်တံဆိပ် Extreme 2 Bluetooth တစ်မျိုး ဖြစ်ပါတယ်။  Bluetooth Version 3.0 အသုံးပြုထားမှာဖြစ်ပြီး မိုဘိုင်းဖုန်း ပြောဆိုနိုင်သည့်အပြင် သီချင်းနားဆင်ခြင်းကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။  သီချင်းအား ကျော်ခြင်း၊ ရပ်ခြင်း စတာတွေကိုတော့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ Smartphone, Laptop နှင့် အခြား Bluetooth ပါဝင်တဲ့ Player များဖြင့် ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Promoted News Feed Post ကို Facebook စမ်းသပ် လုပ်ဆောင်နေ



Photo
နာမည်ကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက် Facebook မှ ကုမ္ပဏီ၏ Page များအား like ပြုလုပ်မထားသူများ အတွက်ပါ post များ ဖော်ပြပေးမည့် promoted post အစီအစဉ်ကို စမ်းသပ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။  ဈေးကွက် ထိုးဖောက်သူများ အနေဖြင့် ၎င်းတို့၏ Page မှ Post များကို fan မဟုတ်သူများ အတွက်ပါ ဖော်ပြနိုင်မည်ဖြစ်ပြီး အဆိုပါ ကြော်ငြာ post များကို ကွန်ပျူတာများတွင် သာမက မိုဘိုင်းဖုန်းများပေါ်တွင်ပါ တွေ့မြင်ရမည်ဖြစ်ကြောင်း

ကလော-လွိုင်ကော် ဒစ်ဂျစ်တယ် (PDH) မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းအား Gigabit Ethernet IP ဆက်ကြောင်းအဖြစ် ပြောင်းလဲတပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ကလော-လွိုင်ကော် ဒစ်ဂျစ်တယ် (PDH) မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းအား ခေတ်မီဆက်သွယ်ရေး စနစ်များဖြင့် ချိတ်ဆက် အသုံးပြုနိုင်သည့်  Gigabit Ethernet IP ဆက်ကြောင်းအဖြစ် ပြောင်းလဲ တပ်ဆင်သွားရန် စက်ပစ္စည်းများ ဝယ်ယူရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက အမျိုးသားလွှတ်တော် အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် ပြောကြားလိုက်သည်။

iPhone အသုံးပြုသူများအား iMessage ကိုသာ အသုံးပြုရန် Apple တိုက်တွန်း



Photo
SMS သည် လုံခြုံမှုအပိုင်းတွင် ချို့ယွင်းချက်ရှိကြောင်း iOS ဟက်ကာများက သောကြာနေ့တွင် ပြောကြားခဲ့သည်။  “လုံခြုံမှုသည် အလေးအနက် လိုအပ်ကြောင်း၊ ပေးပို့သူ၏ Message အတွင်းတွင် လက်ခံရရှိသူ မသိနိုင်ရန် မည်သည့် လှည့်စားမှုများ ရှိနေမလဲ။ ဒါဟာ စွန့်စားခန်း တစ်ခုပါပဲ။ အဲဒါဟာ SMS ကန့်သတ်ချက်တွေရဲ့ အကျိုးဆက်ပါပဲ” ဟု  Apple မှ ပြောကြားခဲ့သည်။

မိမိဖုန်းကို Root လုပ်ရန်မလိုဘဲ မြန်မာစာဖြင့် SMS အပြန်အလှန်ပေးပို့နိုင်ပြီ

Root လုပ်ရန်ခဲယဉ်းသည့် ဖုန်းများ၊ Root  မလုပ်ချင်သူများအတွက် Root လုပ်ရန်မလိုဘဲ မြန်မာစာ SMS ကို ထည့်သွင်း၍ အပြန်အလှန် ပေးပို့နိုင်ပြီ ဖြစ်ကြောင်း  အဆိုပါ ဝန်ဆောင်မှုကို ပြုလုပ်ပေးလျက်ရှိသော ဖုန်းဆိုင်မှ သိရသည်။ အဆိုပါ  SMS Software ကို Version 2.1 နှင့်အထက် ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး SMS Software   ထည့်သွင်းထားသူချင်းသော်လည်းကောင်း၊ မြန်မာစာ Font  ထည့်သွင်းထားသူသို့လည်းကောင်း အပြန်အလှန် မြန်မာစာဖြင့် Error ကင်းကင်း ပေးပို့နိုင်မည်ဖြစ်သည်။

Huawei U-8818



Photo
GSM နဲ့ WCDMA Sim Card တွေကို ထည့်သွင်း အသုံးပြုနိုင်တဲ့ Huawei အမှတ်တံဆိပ်  Model U-8818 Handset ဖြစ်ပါတယ်။ Android 2.3 System အသုံးပြုထားတဲ့ Touch Screen Handset  ဖြစ်ပြီး Screen အရွယ်အစားက 4" အရွယ်အစားရှိ TFT Screen ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account