Barcamp Mandalay 2013 ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ….
Barcamp ဆိုတာ ဘာလဲ ဒီနှစ်မှ ကျကျနန သိတဲ့ ကျွန်မအတွက်တော့ ဒီပွဲဟာ
အတွေ့အကြုံအသစ်အဆန်းတွေ အများကြီးရတဲ့ပွဲဖြစ်ခဲ့ပါတယ် … Title registration
မှာ volunteer လုပ်ရတာ လွယ်မယ်ထင်ခဲ့ပေမယ့် မှန်းချက်နဲ့
နှမ်းထွက်မကိုက်မှန်း ပွဲအဖွင့်မှာတင် သိလိုက်ရပါတယ် …. ဒီနှစ်မှ volunteer
စလုပ်ဖူးတဲ့ ကျွန်မတို့တွေ အတွေ့အကြုံကမရှိတော့ ယောင်လည်လည် တုံ့နှေးတုံ့နှေးနဲ့
Speaker တွေကို ဘာပြောလို့ပြောရမှန်းမသိ ဘယ်အခန်းပေးလို့ ပေးရမှန်းမသိ …....