Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 24, 2012

ကနဦး အင်တာနက် တပ်ဆင်သုံးစွဲခ အခမဲ့ ပေးတော့မည်

မည်သူမဆို အင်တာနက် သုံးစွဲနိုင်ရန်အတွက် ကနဦး အင်တာနက် တပ်ဆင်သုံးစွဲခများကို အခမဲ့ ပေးသွားနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ သိရသည်။  “လူတိုင်းလူတိုင်း အင်တာနက် သုံးစွဲနိုင်ရေးအတွက် Zero Initial Set up Fee နဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၁၁) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး အခမ်းအနား၌ နိုင်ငံတော် သမ္မတကြီးက မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ အားလုံးတွင်လည်း အိုင်စီတီကို အဓိကထားပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများအထိ အိုင်စီတီ အသုံးပြုမှု ပျံ့နှံ့သွားစေရေးတို့ အတွက် မိမိတို့ အစိုးရသစ် လက်ထက်တွင် တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

“Connection ပိုင်းကို တစ်မြို့လုံး လွှမ်းခြုံမှု ရှိအောင်တော့ ဆောင်ရွက်ပေးထားတယ်။ ၈၅ ရာခိုင်နှုန်းလောက်တော့ ရတယ်။ ဒီက လိုင်းအခြေအနေက ကိုရီးယားနဲ့ စင်ကာပူထက် သုံးဆလောက် မြင့်တယ်။ တစ်ဦးချင်း သုံးစွဲတဲ့ User ပေါ်မှာ မူတည်တယ်။ ယူတဲ့ Service Plan ပေါ်မှာလဲ မူတည်တယ်” ဟု Red Link မှ Senior Vice President ဦးရှိန်းသူအောင်က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသည့် Subscriber သည် လေးသောင်းခန့်သာ ရှိသည့်အတွက် Population Penetration ၏ ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိပြီး အိမ်နီးချင်း အာရှနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ယှဉ်ကြည့်လျှင် ရာခိုင်နှုန်း နည်းပါးနေသေးကြောင်း သိရသည်။ ယခုအခါ WiMAX တိုးချဲ့ စီမံကိန်းအတွက် POP များ တိုးချဲ့ တည်ဆောက် ပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွှမ်းခြုံမိအောင် တည်ဆောက်ထားကြောင်း၊ ယင်းအပြင် Coverage ရရှိသေးသည့် မြို့နယ်များကိုလည်း ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ Red Link Broadband Wi-MAX Service တပ်ဆင်ပါက ကျပ်ခြောက်သိန်းသုံးသောင်း ကုန်ကျမည်ဖြစ်ပြီး Service Plan အနေဖြင့် သုံးမျိုး ခွဲခြားထားကြောင်း သိရသည်။

ဖူးပွင့်သော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account