Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 24, 2012

ဗြိတိန် ကုမ္ပဏီ တစ်ခုက ကမ္ဘာ့ ဈေးအသက်သာဆုံး Tablet ကွန်ပျူတာ ထုတ်လုပ်



Photo
ဗြိတိသျှ နည်းပညာ ကုမ္ပဏီတစ်ခုသည် လူတိုင်း အင်တာနက် အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် Wireless ကွန်ရက်ဖြင့် ချိတ်ဆက်နိုင်သည့် ကမ္ဘာ့ ဈေးအသက်သာဆုံး Tablet ကွန်ပျူတာ တစ်ခုကို ဖန်တီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ Tablet ကွန်ပျူတာကို တစ်လုံးလျှင် ဗြိတိန်ငွေ (၂၂) ပေါင်မျှဖြင့် ဈေးကွက်ထဲ ဖြန့်ချီရန် ရည်ရွယ်ထားသည်။ Datawind က ၎င်းတို့၏ Aakash ကွန်ပျူတာ Tablet သည် ယခုလ နှောင်းပိုင်းတွင် ဈေးကွက်ထဲ စတင်ဖြန့်ချီရန် မျှော်လင့်ထားသည်။

အထူးသဖြင့် ဈေးကွက်ထဲတွင် Sony နှင့် Apple တို့၏ Tablet များနှင့် အပြိုင် လူသုံးများပြီး ကမ္ဘာ့အနှံ့ အလုံးရေ ဘီလျံနှင့်ချီ ဖြန့်ချီနိုင်ရန် Datawind က ရှေ့ရှုလျှက်ရှိသည်။ ဟင်ဒီဘာသာဖြင့် နိဗ္ဗာန်ဟု အဓိပ္ပါယ်ရသော Aakash ၏ အစောပိုင်း Version ကို ပြီးခဲ့သည့်နှစ်က IT စီမံကိန်း တစ်ခုအနေဖြင့် ယမန်နှစ်က ဖြန့်ချီခဲ့သေးသည်။ ယင်းကို အိန္ဒိယ အစိုးရက ငွေကြေး ထောက်ပံ့ပေးပြီး Datawind က Tablet ကွန်ပျူတာ အလုံးပေါင်း တစ်သိန်းကို အိန္ဒိယ ကျောင်းသားများအတွက် ထုတ်လုပ်ပေးခဲ့သည်။
 


Version အသစ်မှာ ယခင် Tablet ထက် Feature ပိုင်းတွင် ပိုမို စုံလင်ဖွယ် ရှိနေသည်။ ရောင်းဈေးမှာ (၂၂) ပေါင် (၃၅ ဒေါ်လာမျှ) ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။ Datawind ၏ အမှုဆောင်ချုပ် ဆူနိဆင်းတူလီက “ဒီ Tablet အတွက် ကျွန်တော်တို့ဟာ သီးခြားအမှာစာ (၃) သန်းလောက် လက်ခံ ရရှိထားပါပြီ” ဟု ပြောကြားသွားသည်။ Aakash ၏ အနီးဆုံး ပြိုင်ဘက်သည် ပေါင်စတာလင် (၃၃၀) မျှဖြင့် ရောင်းချနေသည့် Apple ၏ iPad များ ဖြစ်လာဖွယ် ရှိနေသည်။ Aakash သည် iPad ကို နည်းပညာပိုင်းအရ ယှဉ်နိုင်ဖွယ် မရှိသေးသည့်တိုင် ဈေးနှုန်း ခကွာဟချက် အလွန်ကြီးမားနေခြင်းကြောင့် ဈေးကွက်နေရာကို ကျယ်ကျယ်ပြန့်ပြန့် ချုပ်ကိုင်ဖွယ် ရှိနေသည်။

ဆင်းက “iPad သုံးတဲ့သူတွေမှာ Laptop တွေ၊ ကွန်ပျူတာတွေ၊ တခြား Multimedia ပစ္စည်းတွေလည်း ပိုင်ဆိုင်ထားမှာပါ။ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတချို့က ဝင်ငွေ နည်းပါးသူတွေကတော့ အင်တာနက် သုံးဖို့အတွက် ဈေးပေါတဲ့ ကွန်ပျူတာ တစ်လုံးကို မျှော်လင့်နေမှာပဲ။ ဒီအတွက် ကျွန်တော်တို့ အဓိက ကြိုးစားခဲ့တာပါ” ဟု ဆိုသည်။ လက်ရှိတွင် ကမ္ဘာပေါ်၌ မိုဘိုင်းလ်ဖုန်း သုံးစွဲသူ အရေအတွက်သည် (၆) ဘီလျံနီးပါး ရှိလာပြီး အင်တာနက် သုံးစွဲသူ အရေအတွက်မှာ (၂) ဘီလျှံမျှ ရှိနေသည်။ ဆင်းက Wireless ကွန်ရက်များ ဖြန့်ကျက်ထားပြီး အင်တာနက် ချိတ်ဆက်ရန် ဈေးပေါသည့် ကိရိယာများ ရှိနေပါက အင်တာနက် သုံးစွဲသူ အရေအတွက်သည် ယခုထက် တိုးပွားလာမည်ဟုလည်း သုံးသပ်ပြောဆိုသွားသည်။

Source: DailyMail

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account