Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 24, 2012

Facebook မှ သူငယ်ချင်းများကို Lists တွင် စနစ်တကျ စီစဉ်ထားခြင်း



Photo
ဒီတစ်ပတ်မှာတော့ Facebook က သူငယ်ချင်းတွေကို Lists feature ထဲမှာ စနစ်တကျ စီစဉ်ထားနိုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။  Facebook ဟာ သူငယ်ချင်းတွေကို Family, Colleagues, Close Friends စသည်ဖြင့် အုပ်စုဖွဲ့ကာ အလွယ်တကူ စီစဉ်ထားနိုင်ရန်အတွက် Lists feature ကို ထည့်သွင်း ပေးထားပါတယ်။ အသုံးပြုပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) Facebook စာမျက်နှာရဲ့ ဘယ်ဘက် sidebar ရှိ Favorites session အောက်မှ More ကို နှိပ်ပါ။

(၂) Lists စာမျက်နှာ ပေါ်လာပါမယ်။ ထိပ်ဘက်မှာ Close Friends နဲ့ Acquaintances တို့ကို တွေ့ရပါမယ်။

(၃) Close Friends ကို နှိပ်ပါ။ စာမျက်နှာသစ်တစ်ခု ပေါ်လာတဲ့အခါမှာ list ထဲ ထည့်နိုင်မယ့် သူငယ်ချင်းစာရင်းကို တွေ့ရပါမယ်။ အဆိုပါ စာရင်းထဲ ထည့်နိုင်မယ့် သူငယ်ချင်း Suggestion တွေကို စာမျက်နှာရဲ့ ညာဘက်မှာ ဖော်ပြပေးထားပါတယ်။ အသုံးပြုသူအနေနဲ့ status update ကို ဝေမျှတဲ့အခါမှာ အဆိုပါ status ကို တွေ့စေချင်သူများအား Friend list  နဲ့ ရွေးချယ် ဖော်ပြနိုင်ပါတယ်။

(၄) Acquaintances list ကိုလည်း အထက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

(၅) သူငယ်ချင်းအသစ်များကို လက်ခံခြင်း၊ ဒါမှမဟုတ် ထည့်သွင်းခြင်းတို့ကို ပြုလုပ်ရာမှာလည်း အဆိုပါ သူငယ်ချင်းများကို Family, Colleagues, Close Friends စသည်ဖြင့် ရွေးချယ်ကာ ထည့်သွင်းနိုင်ပါတယ်။ Facebook ရဲ့ Lists ဟာ Google+ ကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်ခြင်း မရှိပေမယ့်လည်း Facebook အသုံးပြုသူတွေအတွက် အသုံးတည့်စေမယ့် feature ဖြစ်ပါတယ်။

နောင်နောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account