Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 24, 2012

Windows 8 တွင် ပါဝင်မည့် Metro apps စာရင်း ထွက်ပေါ်လာ



Photo
Windows operating system သစ်၏ pre-release version တစ်ခုဖြစ်သော Windows 8 Consumer Preview ကို ဖေဖော်ဝါရီလ ၂၉ ရက်တွင်  မည်သူမဆို download ပြုလုပ်နိုင်ရန် အတွက် Microsoft မှ စီစဉ်နေကြောင်းနှင့် အဆိုပါ operating system သစ်တွင် အပြီးသတ် ပြုလုပ်ထားသည့် Metro application များ ပါဝင်လာမည် ဖြစ်ကြောင်း Microsoft ၏အစီအစဉ်ကို သိရှိသူများ၏ ပြောကြားချက်များကို ကိုးကားကာ The Verge သတင်းဌာနမှ ဖော်ပြခဲ့သည်။ OS သစ်တွင် ပါဝင်လာမည့် Metro app များမှာ Calendar, Camera, Mail, Messaging, Music, People, Photos, SkyDrive နှင့် Video တို့ ဖြစ်သည်။ လက်ရှိတွင် အဆိုပါ app များသာ ပါဝင်မည် ဖြစ်သော်လည်း အသုံးပြုသူများထံ Preview မရောက်မီ အချိန်အထိ ထပ်မံ ပါဝင်လာဖွယ် ရှိကြောင်း သိရသည်။ အထက်ပါ Metro app များအနက် Mail, Calendar, People နှင့် Messaging တို့မှာ အဓိကကျသည့် ဆက်သွယ်ရေး app များ ဖြစ်ကြောင်း၊ Messaging app တွင် SMS အထောက်အပံ့ ထည့်သွင်းရန် Microsoft မှ ကြိုးပမ်းနေကြောင်း သတင်းရင်းမြစ် တစ်ခုမှ The Verge သို့ ပြောကြားချက် သိရသည်။
 
၎င်း Metro app များကို Windows Store သစ်မှ တစ်ဆင့် update လုပ်နိုင်မည် ဖြစ်သည်။ Sky Drive မှာ Windows 8 ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပြီး ၎င်းကို local  PC နှင့် cloud အကြား ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် Microsoft  မှ မျှော်လင့်ထားကြောင်း သိရသည်။ Sky Drive သည် 25GB ပမာဏရှိသည့် ဖိုင်များကို cloud အခြေခံ သိုလှောင်မှုစနစ် ဝန်ဆောင်မှုများတွင် တိုက်ရိုက် သိမ်းဆည်းစေနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ဖြန့်ချိမည့် Windows 8 Consumer Preview တွင် Windows Storer မှတစ်ဆင့် တိုက်ရိုက်ရယူ ကစားနိုင်မည့် ဂိမ်းများ ပါဝင်လာမည် ဖြစ်ပြီး အဆိုပါ ဂိမ်းများတွင် Angry Birds, Toy Soldiers, Ms Splosion Man, Reckless Racing နှင့် Rocket Riot တို့ ပါဝင်ကြောင်း သိရသည်။

နောင်နောင်
Ref: CNET

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account