Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 24, 2012

တန်ဖိုးနည်းဂျီ မတ် ပထမပတ်အတွင်း လူထုလက် ရောက်မည်

တန်ဖိုးနည်း ဂျီဖုန်းများအား မတ်လ ပထမပတ်တွင် ချပေးနိုင်ရန် ဆက်သွယ်ရေးနှင့် ပူးပေါင်းသည့် ကုမ္ပဏီများအား တိုက်တွန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။  “ဖေဖော်ဝါရီ လကုန် မတ်လ ပထမပတ်မှာ ဖုန်းတွေ ချထားပေးသွားမှာပါ။ မတ်လ ၂ ရက် တောင်သူလယ်သမားနေ့မှာ ရောင်းချပေးနိုင်အောင်တော့ ရည်မှန်းထားပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ တန်ဖိုးနည်း ဂျီဖုန်းများအား လက်ရှိကာလအထိ တန်ဖိုးအတိအကျ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ကျပ်သုံးသိန်းနှင့် နှစ်သိန်းကြားတွင်သာ ရှိမည်ဖြစ်ကြောင်း၊ ၎င်းအပြင် အင်တာနက်သုံးစွဲမှုအတွက် ကျပ်ငါးသိန်းတန် GSM ဖုန်းများကဲ့သို့ ငွေကျပ်တစ်သောင်း ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခု ချထားပေးမယ့် ဖုန်းတွေမှာ အင်တာနက် သုံးစွဲမှုကို ဒေသအလိုက် ကွာခြားမှာပါ။ သုံးစွဲမှုပိုများတဲ့ မြို့ကြီးတွေမှာတော့ မြန်နှုန်းတွေ တိုးမြှင့်ပေးသွားဖို့ ရှိပါတယ်။ ငါးနှစ်အတွင်းတော့ ကျေးလက်ဒေသတွေပါ အင်တာနက် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း ဂျီဖုန်းများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဖြစ်ပြီး ဖုန်းတန်ဖိုးနှုန်းထားများကိုလည်း စီမံကိန်းအလိုက် လျှော့ချပေးသွားမည် ဖြစ်သည်။ ၎င်းအပြင် အာဆီယံနိုင်ငံအချင်းချင်း အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်ရန်အတွက် ယခုနှစ်စီမံကိန်းတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယင်းသို့ တန်ဖိုးနည်း ဂျီဖုန်းများအား စီမံကိန်းအလိုက် ချထားပေးမည် ဖြစ်သော်လည်း သုံးစွဲမှုပိုများသည့် CDMA ဖုန်းများကိုမူ တန်ဖိုးနည်း ဖုန်းများအဖြစ် ပြောင်းလဲချထားပေးမည် မဟုတ်ဟု ဆက်သွယ်ရေး၏ ထုတ်ပြန်မှုများအရ သိရသည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account