Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 24, 2012

Ubuntu OS ပေါ်တွင် Truecrypt ကို Install ပြုလုပ်ပုံ



Photo
Ubuntu အသုံးပြုသူတွေအတွက် Ubuntu OS ပေါ်မှာ မိမိရဲ့ဖိုင်တွေ၊ ဖိုဒါတွေကို တခြားသူတွေ ဝင်ရောက်သုံးစွဲခြင်းမှ ကာကွယ်နိုင်ရန် အတွက် Truecrypt နဲ့ ကာကွယ်တားဆီးပုံကို ဖော်ပြလိုက်ပါတယ်။  TrueCrypt ကို Install ပြုလုပ်ဖို့အတွက် ပထမဦးဆုံး www.truecrypt.org/downloads ဆိုတဲ့ အင်တာနက်စာမျက်နှာကို သွားရမှာ ဖြစ်ပါတယ်။ TrueCrypt ဝက်ဘ်ဆိုက်ကို ရောက်ပြီဆိုရင် Windows အတွက်ရယ် Mac OS အတွက်ရယ်နဲ့ Linux အတွက်ရယ်ဆိုပြီး ဒေါင်းလုပ် လုပ်ဖို့ ပေးထားပါတယ်။ အဲဒီကမှ Linux ထဲကနေ ရွေးချယ်ပြီး ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။ TrueCrypt ကို Install ပြုလုပ်ဖို့အတွက် ဒေါင်းလုပ် လုပ်ယူထားတဲ့ ဖိုင်ကို Desktop ပေါ် တင်ထားလိုက်ပါ။ Desktop ပေါ် တင်ထားပြီးပြီဆိုရင် Install ပြုလုပ်ဖို့အတွက်က မိမိနှစ်သက်သလို Graphic Mode နဲ့ Command Line Mode ကြိုက်နှစ်သက်သလို အလွယ်တကူ Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Graphic Mode ကနေ Install ပြုလုပ်မယ်ဆိုရင် ဒေါင်းလုပ်ပြုလုပ်ထားတဲ့ ဖိုင်ကို Rick Click နှိပ်ပြီး External Here ဆိုတာကို ရွေးချယ်ပြီး ကလစ်နှိပ်လိုက်ပါ။ ပြီးသွားရင်တော့ truecypt 7.1 a-setup-x86 ဆိုတဲ့ ဖိုင်တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီဖိုင်ကို Double Click နှိပ်လိုက်ရင် Install ပြုလုပ်ဖို့အတွက် box တစ်ခု ကျလာမှာ ဖြစ်ပါတယ်။ အဲဒီ box မှာ Run in Terminal နဲ့ Run Button ကနေ နှစ်သက်ရာကို ရွေးချယ်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Command Line ကနေ Install ပြုလုပ်ချင်သူတွေအတွက် Desktop ရှိတဲ့ လမ်းကြောင်းကို သွားရမှာ ဖြစ်ပါတယ်။ Desktop ပေါ်ရောက်ဖို့အတွက် #cd/~Desktop ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ #./truecrypt7.1 a-setup-x86 ဆိုတဲ့ command ကိုရိုက်ထည့်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Dash home Button ကို ကလစ်နှိပ်လိုက်ပါ။ Shortcut နဲ့ခေါ်ဆိုပါက Super Key ကိုနှိပ်လိုက်ပါ။ Super Key ဆိုတာကတော့ Windows ပေါ်မှာဆိုရင်တော့ Windows Key ကို ခေါ်ပါတယ်။ ပြီးရင် TrueCrypt လို့ ရိုက်ထည့်လိုက်ပြီး Application ကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ TrueCrypt ကို Install ပြုလုပ်ခြင်း ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account