Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, May 9, 2012

မိုဘိုင်းဖုန်းများအတွက် အင်တာနက် ဝန်ဆောင်မှု မေလ ၇ ရက်နေ့က ပြန်လည်ချပေး



Photo
လက်ရှိ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းတယ်လီဖုန်းများအတွက် အင်တာနက် ဝန်ဆောင်မှုကို ၇-၅-၂၀၁၂ ရက်က စတင်ချပေးခဲ့ပြီး ယခင်ကျပ် ၁၅ သိန်းတန်၊ ကျပ် ငါးသိန်းတန်၊ ဂျီအက်စ်အမ်၊ CDMA 800 ဖုန်းများလည်း ပါဝင်ကြောင်း၊  မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ၃-၅-၂၀၁၂ တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အင်တာနက် ဝန်ဆောင်မှုတွေကို နိုင်ငံတကာရဲ့ စံအတိုင်းပဲ အများဆုံး ပေးနိုင်အောင် လုပ်သွားမယ်။ တောက်လျှောက် ပေးနိုင်အောင်လည်း Data Service တွေကို တိုးချဲ့နေပါတယ်။ ဖုန်းအလုံးရေကိုတော့ ကန့်သတ်ချက်မထားပါဘူး။ ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့နယ်တွေမှာလည်း တစ်ပြိုင်နက်တည်းရအောင် လုပ်ပေးသွားမှာပါ။ ရန်ကုန် လိုအပ်ချက် တော်တော်များများကိုလည်း ပေးသွားမှာပါ။ အင်တာနက် မြန်နှုန်းကတော့ 3G မှာ နည်းနည်း ပိုကောင်းမယ်။ 2.75 G ကတော့ နည်းနည်း နှေးနေဦးမယ်။ နိုင်ငံတကာက အင်တာနက် ဆက်ကြောင်းတွေကို ဝယ်ယူ တည်ဆောက်နေပါတယ်။ အင်တာနက် ဝန်ဆောင်မှုကို မိုဘိုင်းဖုန်းအားလုံးကို ပေးသွားမှာပါ” ဟု ယင်းက ပြောကြားသည်။
 
မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူ တစ်ဦးကလည်း “အခုလို အင်တာနက် ဝန်ဆောင်မှုတွေ ပြန်ပေးတော့ ကောင်းပါတယ်။ အားလုံးကလည်း အခုချိန်မှာ လိုချင်နေကြတာပါ။ ဒါပေမဲ့ လိုင်းကိုတော့ ကောင်းစေချင်တယ်။ ဖုန်းပြောဆိုမှုတွေကိုတော့ ဘာမှ မထိခိုက်ပါဘူး။ အလုံးရေကတော့ မကန့်သတ်ဘူးဆိုပေမယ့် ကန့်သတ်လိုက်မှာကိုတော့ မလိုချင်ပါဘူး” ဟု ပြောကြားသည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တပ်ဆင်ပေးထားသည့် မိုဘိုင်းဖုန်းများအား အင်တာနက် ဝန်ဆောင်မှုတွင် မိုဘိုင်းဖုန်းများ အားလုံးအတွက် အင်တာနက် တပ်ဆင်ခ ကျပ်တစ်သောင်း သတ်မှတ်ထားပြီး GSM 2.75 (EDGE) အတွက် သုံးစွဲခ တစ်မိနစ်လျှင် နှစ်ကျပ်၊ WCDMA (3G) အတွက် သုံးစွဲခ တစ်မိနစ်လျှင် လေးကျပ်နှင့် CDMA 800 (EVDO) အတွက် သုံးစွဲခ တစ်မိနစ်လျှင် လေးကျပ်တို့ ဖြစ်ကြောင်း သိရသည်။ အင်တာနက် ဝန်ဆောင်မှုများကို ယခင် လျှောက်ထားသည့်အတိုင်း မြန်မာ့ ဆက်သွယ်ရေး၏ အစဉ်အလာအရသာ လျှောက်ထားရကြောင်း သိရသည်။

ပြည့်ရည်ဖူး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account