Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, May 9, 2012

Ubuntu tablet နှင့် စမတ်ဖုန်းများ ၂၀၁၃ တွင် ထွက်ပေါ်လာဖွယ်ရှိ



Photo
Linux အခြေခံ open source operating system (OS) ဖြစ်သည့် Ubuntu ကို အခြေခံထားသည့် tablet နှင့် စမတ်ဖုန်းများ ထုတ်လုပ်ရန် အတွက်  ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ ဆွေးနွေးတိုင်ပင်နေကြောင်း Canonical ဆော့ဖ်ဝဲကုမ္ပဏီမှ ပြောကြားခဲ့ပြီး ယင်းထုတ်ကုန်သစ်များကို လာမည့် ၂၀၁၃ ခုနှစ်အတွင်း ဈေးကွက်ထဲ၌ စတင် မြင်တွေ့ရန် မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါ သတင်းကို Canonical ၏ ထိပ်တန်းကိုယ်စားလှယ် တစ်ဦးဖြစ်သည့် Yu Liqaing က tech.sina.com.cn သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဆက်စပ်ပစ္စည်း ကုမ္ပဏီများကလည်း ၎င်းကိစ္စတွင် စိတ်ပါဝင်စားမှု ရှိကြောင်းနှင့် Ubuntu အသုံးပြု tablet များကို ပိုမိုထုတ်လုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ကုမ္ပဏီ၏ ဈေးကွက်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သူ Dan Han ကလည်း ၎င်းတို့ ကုမ္ပဏီအနေဖြင့် Ubuntu အခြေခံ desktop နှင့် laptop များကို ဈေးကွက်အတွင်း တင်ပို့ရောင်းချခြင်းဖြင့် ၎င်းတို့၏ လက်လီစတိုးများမှ ရောင်းချသည့် ဈေးကွက်ကို ပိုမို ချဲ့ထွင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ HP ကုမ္ပဏီမှလည်း Ubuntu အခြေခံ desktop နှင့် laptop များကို  မကြာမီအချိန်အတွင်း စတင်ဖြန့်ဖြူးတော့မည် ဖြစ်ကြောင်း Dan  က ဆက်လက် ပြောကြားခဲ့သည်။ Canonical ကို စတင်တည်ထောင်ခဲ့သူ Mark Shuttleworth သည် ပြီးခဲ့သည့်နှစ်မှ စတင်ပြီး tablet နှင့် စမတ်ဖုန်း ဈေးကွက်အပေါ် ၎င်း၏ စိတ်ဝင်စားမှုကို ဖော်ပြခဲ့ခြင်းဖြစ်သည်။  
ဟေမာ
Ref: ZDNet Asia

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account