Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, May 9, 2012

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းများ တပ်ဆင်မည်



Photo
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် အတွင်းရှိ လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် ဟိုမိန်းမြို့နယ်ခွဲတို့တွင် GSM/CDMA ဖုန်းလိုင်းများ တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"လင်းခေးမြို့မှာ CDMA-450 တယ်လီဖုန်းလိုင်း တပ်ဆင်ခြင်း လုပ်ငန်းအတွက် စက်မှုအဆောက်အအုံနဲ့ တာဝါဖောင်ဒေးရှင်း လုပ်ငန်းတွေ ပြီးစီးပြီ ဖြစ်ပါတယ်။ တာဝါ၊ Transmission၊ ရေဒီယို တပ်ဆင်ခြင်း လုပ်ငန်းတွေကိုတော့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ မောက်မယ်မြို့ မိုးနဲမြို့၊ မိုင်းပန်မြို့တို့မှာ CDMA-450 တပ်ဆင်ခြင်း လုပ်ငန်းတွေအတွက် စက်ပစ္စည်းတွေ မှာယူထားဆဲ ဖြစ်ပြီး စက်မှု အဆောက်အအုံ၊ တာဝါလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်" ဟု ၎င်းပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မောက်မယ်မြို့၊ မိုးနဲမြို့၊ မိုင်းပန်မြို့တို့၌ ၂၀၁၂ ခုနှစ် ဧပြီလကုန်ခန့်တွင် CDMA-450 တယ်လီဖုန်းများ စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ လင်းခေးမြို့တွင် GSM လိုင်းအင်အား (၃၀၀၀) ဖြင့် ၂၀၁၂၊ သြဂုတ်လကုန်တွင် လည်းကောင်း မိုးနဲမြို့၊ မောက်မယ်မြို့၊ မိုင်းပန်မြို့၊ ဟိုမိန်းမြို့တို့တွင် ၂၀၁၃ သြဂုတ်လကုန်တွင် GSM လိုင်းအင်အား (၁၅၀၀) စီဖြင့် တပ်ဆင်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းညီ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account