Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, May 9, 2012

မိုဘိုင်းဖုန်းများအတွက် e-Topup ကတ်စနစ်ကို အသုံးပြုရန် စီစဉ်




Photo
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကြိုတင်ငွေပေးကတ် စနစ်များကို မူလပုံစံမှ e-Topup ကတ်စနစ်ပုံစံသို့ ပြောင်းလဲ ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။  အဆိုပါ e-Topup ကတ်စနစ်မှာ ကြိုတင်ငွေပေးကတ် ဖြည့်သွင်းရာတွင် ပုံမှန် ရိုက်သွင်း၍ ကုတ်နံပါတ် ထည့်သွင်းမှုအစား အီလက်ထရွန်နစ်နည်းပညာဖြင့် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိ ဖြည့်သွင်းနေတဲ့ ကြိုတင်ငွေပေးကတ်တွေကို တချို့လူတွေ မသွင်းတတ်တာလည်း ရှိတယ်။ e-Topup ကတ်စနစ်က ဆိုင်မှာ စက်နဲ့တစ်ခါတည်း ထည့်သွင်း ပေးလိုက်ရုံပါပဲ” ဟု ၎င်းက ပြောသည်။
 

ပြည်တွင်း အသုံးပြုလျက်ရှိသော GSM ကြိုတင် ငွေပေးကတ်စနစ်သုံး ဖုန်းများတွင် တစ်သောင်းတန်၊ သုံးသောင်းတန် Topup ကတ်ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ယခုစီစဉ်နေသည့် e-Topup စနစ်ကိုလည်း ၎င်းပုံစံအတိုင်းပင် တစ်သောင်းတန်နှင့် သုံးသောင်းတန်ဟူ၍ နှစ်မျိုး ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေဖြည့်သွင်းလိုသူများအနေဖြင့် မိုဘိုင်းဖုန်းဆိုင်သို့ လာရောက်ကာ မိမိဖြည့်သွင်းမည့် ငွေအမောင့်ပမာဏကို ကောင်တာသို့ ပြောရုံဖြင့် ကောင်တာမှ တာဝန်ရှိသူက e-Topup စက်ကို အသုံးပြုကာ ငွေဖြည့်သွင်းပေးမည် ဖြစ်သည်။ ၎င်း e-Topup ကတ်ကို မိုဘိုင်းဖုန်းများ ရောင်းချပေးလျက်ရှိသော ဆိုင်များတွင် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်သည်။ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဖုန်းများတွင် ကြိုတင်ငွေပေးကတ် အသုံးပြုသော ဖုန်းများအတွက် Topup ကတ် အမျိုးအစားသုံးမျိုး ခွဲခြားထားကြောင်း၊ ၎င်းတို့မှာ GSM ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်၊ CDMA ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်နှင့် အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်တို့ ဖြစ်ကြောင်း သိရသည်။ GSM နှင့် CDMA ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို နီးစပ်ရာ မိုဘိုင်းဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်ပြီး အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို သတ်မှတ် အရောင်းဌာနများတွင်သာ ဝယ်ယူနိုင်သေးကြောင်း သိရသည်။

မြင့်ကျော်လှိုင်၊ ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account