Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, May 9, 2012

Not Responding Killer

ကျွန်တော်တို့ တစ်ခါတလေ ကွန်ပျူတာမှာ Program တွေ အများကြီး run ထားချိန်မှာ တချို့ Program တွေ အရမ်းလေးလာပြီး Not Responding ဆိုပြီး ပြလာပါတယ်။ အဲ့ဒီအခါကြရင် ကျွန်တော်တို့ Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး ပိတ်ရတာ အလုပ်ရှုပ်ရသလို တခါတလေလည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အဲ့ဒီလိုမျိုး Task Manager (Ctrl+Alt+Del) ကို ခေါ်ပြီး မပိတ်ရအောင် လုပ်တဲ့နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဒီနည်းကတော့ Desktop ပေါ်မှာ Short cut တစ်ခုဖန်တီးပြီး process တွေကို ပိတ်ခြင်းပဲဖြစ်ပါတယ်။ Desktop ပေါ်မှာ Right click နှိပ်ပြီး New>Shortcut ကို ရွှေးလိုက်ပါ။

Type the location of the item ဆိုတဲ့ နေရာမှာ taskkill.exe /f /fi “status eq not responding” ကို ပုံမှာပြထားတဲ့အတိုင်း ကူးထည့်လိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။

ထို့နောက် မိမိကြိုက်တဲ့အမည်တစ်ခုကို ပေးလိုက်ပါ။ ပြီးရင် Finish ကို နှိပ် လိုက်ပါ။

၂။ နောက်တနည်းကတော့ .bat ဖိုင်ဖန်တီးပြီး ပိတ်လို့လည်းရပါတယ်။ ပထမဦးဆုံး (Window + R) ကို နှိပ်ပြီး Notepad လိုရိုက်ကာ Enter ခေါ်လိုက်ပါ။ ထို့နောက် အောက်မှာပေးထားတဲ့ စာသာကို Notepad ထဲမှာ ကူးထည့်လိုက်ပါ။

@echo off
taskkill.exe /f /fi “status eq not responding”

exit

ထို့နောက် File>Save ကိုနိုပ်ပြီး taskkill.bat လို့အမည်ပေးပြီး Desktop ပေါ်မှာ သိမ်းထားလိုက်ပါ။

၃။ ဒီနည်းကတော့ အလွယ်ကူဆုံးနည်းလေးပါ။ ပထမဦးဆုံး (Window + R) ကို နှိပ်ပြီး လို့ regedit ရိုက်ပြီး enter ခေါက်လိုက်ပါ။ HKey_Current_User\Control Panel\Desktop ထိသွားလိုက်ပါ။ ထို့နောက် Desktop ကို Click နှိပ်လိုက်ပါ။ ထို့နောက် ညာဘက်ခြမ်းမှာရှိတဲ့ AutoEndTask ကို ရှာပြီး Double Click နှိပ်ကာ Value မှာ 1 ဟု ပေးလိုက်ပါ။ ပြီးရင် မိမိကွန်ပျူတာကို Restart ချလိုက်ပါ။ ဒါဆိုရင် Not Responding Programs တွေကို ခေါ်ပြီးပိတ်ပေးစရာမလိုတော့ပါဘူးခင်ဗျာ။
Source : m51a 
ကိုကြေးစားလေးဆိုက်မှ တစ်ဆင့်ဖော်ပြခြင်းဖြစ်ပါတယ်.....

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account