Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, May 9, 2012

မိုက်ခရိုဆော့ဖ် ကုမ္ပဏီက မြန်မာတွင် ရင်းနှီးမြှုနှံရန် ဆန္ဒရှိနေပြီး Piracy ကို စိုးရိမ်မိဟုဆို



Photo
ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေသော်လည်း မြန်မာနိုင်ငံ၏ မူပိုင်ခွင့်နှင့် ပုံတူကူးပွားခြင်း (Piracy) များကို စိုးရိမ်မိနေကြောင်း သိရသည်။  မြန်မာနိုင်ငံတွင် များစွာသော လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေသော်လည်း ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားကို စိုးရွံ့မိနေကြဆဲပင် ဖြစ်နေကာ EU နှင့် အမေရိကန်တို့၏ ပိတ်ဆို့မှုအချို့ ကျန်နေသေးခြင်းက ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲအချို့ ဖြစ်နေသေးသည်ဟု သိရသည်။

မိုက်ခရိုဆော့ဖ် အနေဖြင့် မြန်မာနိုင်ငံကို ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် အတွက် စဉ်းစားနေပြီး မြန်မာနိုင်ငံ၏ အသိပညာနှင့် လုပ်နိုင်ကိုင်နိုင်စွမ်းအား၊ နည်းဥပဒေသဆိုင်ရာ အကာအကွယ်ပေးမှုနှင့် မူပိုင်ခွင့်ဆိုင်ရာ တရားဥပဒေ အဆုံးအဖြတ်များအား နည်းနေခြင်းက ၎င်းတို့ကို ခက်ခဲစေသည်ဟု ဆိုသည်။ “အဲဒီမှာ IP စနစ် မရှိဘူး၊ ကုန်သွယ်မှု အမှတ်တံဆိပ် မရှိဘူး။ တစ်ခုခုကို တစ်ယောက်က စလိုက်တာနဲ့ နောက်က မူပိုင်ခွင့် ပြဿနာတွေကို ဖြေရှင်းဖို့ ဥပဒေ မရှိသေးဘူး” ဟု မိုက်ခရိုဆော့ဖ်၏ အာရှပစိဖိတ် ဒါရိုက်တာ Wee Cho Hua က ပြောကြားသည်။

၎င်း၏အဆိုအရ ကံကောင်းထောက်မစွာဖြင့် အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုက နောက်ပြန်ဆုတ်သွားနိုင်သည့် အနေအထားကြောင့် မိုက်ခရိုဆော့ဖ် အနေဖြင့် မြန်မာအစိုးရနှင့် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်သွားရဦးမည် ဖြစ်ကြောင်း သိရသည်။ မူပိုင်ခွင့် ခိုးယူမှုနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် အကြီးဆုံးအဆင့်တွင် ရှိနေပြီး ၂၀၀၆ ခုနှစ်က ၈၈ ရာခိုင်နှုန်းအထိ ရှိခဲ့ရာ ၎င်းတို့၏ လျှော့ချနိုင်မှုအရ ၂၀၁၀ တွင် ၈၃ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း၊ အင်ဒိုနီးရှားတွင် ၈၅ ရာခိုင်နှုန်းမှ ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနေကာ ကမ္ဘာတစ်ဝန်းတွင် ၄၂ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ ကျဆင်းစ ပြုလာနေကြောင်း မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍကို မိုက်ခရိုဆော့ဖ်အပြင် Google Inc ကလည်း စိတ်ဝင်စားမှုများ ရှိနေပြီး နည်းပညာဆိုင်ရာ နိုင်ငံတကာ ကုမ္ပဏီကြီးများကလည်း စောင့်ကြည့်နေကြသည်ဟု သိရသည်။

အေဝိုင်အီး

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account