Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, March 23, 2012

တောင်ကြီးမြို့တွင် ဘားကမ့်တောင်ကြီး ၂၀၁၂ ကျင်းပပြုလုပ်မည်



Photo
တောင်ကြီးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် Barcamp Taunggyi 2012 ဘားကမ့်တောင်ကြီး ၂၀၁၂ အား  ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကျင်းပပြုလုပ်မည့် နေရာမှာ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်ဖြစ်ပြီး မတ် ၂၄၊ မတ် ၂၅ နေ့ရက်များတွင် စိတ်ဝင်စားသူ မည်သူမဆို ဘားကမ့်စ်တောင်ကြီးတွင် ပါဝင်နိုင်ကြောင်း ပွဲစီစဉ်သူများ၏ ပြောပြချက်အရ သိရသည်။ ဘားကမ့်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး အားလုံး ပါဝင်ဆင်နွဲနိုင်တဲ့ အတတ်ပညာ၊ နည်းပညာ၊ အသိပညာ ဖလှယ်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘားကမ်းပွဲတွေမှာ ပုံမှန်ဆွေးနွေးပွဲ၊ အစည်းအဝေးတွေ့ဆုံပွဲ စတာတွေကို ကြိုတင်စီမံထားတဲ့ ခေါင်းစဉ်တွေ သတ်မှတ်ထားခြင်း မရှိဘဲ၊ ဘားကမ်းရဲ့ အသက်ကတော့ (Participating) ကိုယ်တိုင်ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။ ဘားကမ့်ပွဲတွင် ပါဝင်လိုသူများအနေဖြင့် မိမိဆွေးနွေးပါဝင်လိုသည့် အကြောင်းအရာအား ကန့်သတ်ချက်မထားဘဲ အတတ်ပညာ၊ နည်းပညာပိုင်း အစစအရာရာ ပါဝင်ကြောင်း သိရသည်။

Sunday, March 18, 2012

ရန်ကုန်ပြည်လမ်း နယ်မြို့အချို့တွင် GSM, CDMA ဖုန်းလိုင်းများ ဆက်သွယ်မှုစွမ်းရည် ကျဆင်းနေ



Photo
ရန်ကုန် ပြည်လမ်းတွင်ရှိသော GSM, CDMA ဖုန်းလိုင်းများအချို့ ဆက်သွယ်ရေးစွမ်းရည် ကျဆင်းမှုများ  မကြာခဏ ကြုံတွေ့နေရသည်ဟု ယင်းဒေသများရှိ လက်ကိုင်ဖုန်း သုံးစွဲနေကြသူများ၏ ပြောဆိုမှုများ ဆက်တိုက် ကြားသိနေရသည်။ GSM စနစ်နှင့် CDMA စနစ်တွင် CDMA စနစ်ကပိုပြီး အဖြစ်များကြောင်းနှင့် ပဲခူးတိုင်း သုံးဆယ်မြို့သည် သာယာဝတီနှင့် ၂ မိုင်သာ ကွာဝေးသော်လည်း CDMA 450 မီဂါဟတ်(စ်) လိုင်းများမှာ စွမ်းရည်နိမ့်ကျမှုတွေ ဖြစ်နေကြောင်း နံနက် ၇ နာရီမှ ၁၀ နာရီ အတွင်းဆိုလျှင် ဆက်သွယ်၍ မရသည်ကများကြောင်း၊ ဥက္ကံမြို့ဆိုလျှင် တစ်နေ့လုံးနီးပါး CDMA 450 ဆက်သွယ်၍ မရရှိကြောင်း၊ ကြို့ပင်ကောက်မြို့တွင်လည်း မရတဲ့အချိန်များကြောင်း ထောက်ကြံ့အထွက် မင်္ဂလာဒုံတစ်ဝိုက်တွင်လည်း ဆက်သွယ်ရခက်ခဲကြောင်း ထိုမြို့နယ်များရှိ CDMA 450 လိုင်းသုံးစွဲသူများက ပြောဆိုနေကြကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင်လည်း CDMA 450 ကိုင်တွယ် သုံးစွဲနေကြသူများမှာ အများနှင့်မတူ သိသာထင်ရှားစွာဖြင့် ကြီးကြီး၊ သေးသေး အင်တာနာတိုင်များ တောက်လျှောက်ထောင်၍ သွားလာပြောဆိုနေကြရသည်ကို နေ့စဉ် တွေ့ရှိနေကြရသည်။ အထက်ပါ မြို့နယ်များတွင် ဈေးအတက်အကျရှိသော ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားသူ ကုန်သည်များမှာ လက်ကိုင်ဖုန်းများကို အားထား၍ ဈေးနှုန်း စုံစမ်းရောင်းဝယ်ကြသည်။ ယခုအခါ နံနက်ပိုင်း CDMA များ လိုင်းဆွဲအားကျဆင်း၍ ဆက်သွယ်မှု ပြတ်တောက်စဉ် ဖြစ်ပေါ်လာသော တက်ဈေးကျဈေးများကြောင့် အချို့ကုန်သည်များ သိန်းနှင့်ချီ၍ နစ်နာဆုံးရှုံးမှုများရှိသည်ဟု ကုန်သည်များက ညည်းညူ ပြောဆိုနေကြကြောင်း သိရသည်။


ဥယျာဉ်မှူး

Saturday, March 17, 2012

Internet Download Manager 6.10 Build 2 Final



ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ Build 7  Beta Version လေးတင်ပေးလိုက်ပါတယ်။  ဒီနေ့ Build 5 ထပ်ထွက်ပါတယ်။ ကျွန်တော်လည်းနည်းနည်း လေးနောက်ကျသွားပါတယ်။    IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်. အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက် ပါဗျာ..
Internet Download Manager 6.08 Build 1  

Downloading from mediafire

အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ )


ကျွန်တော် အခု အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ ) လေး ထပ်ပြီးတော့ ရှယ် ပေးလိုက်ပါတယ် http://mmzone.co.nr/  မှာ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တင်ပေးနေပါတယ် .. အခုလို အင်တာနက် ပေါ်မှာရှိတဲ့ ကွန်ပျူတာ ၀ါသနာရှင်များ အတွက် တကူတက Scan ဖတ်ပြီး တင်တင်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. ကျွန်တော့်လိုပဲ အပြင်မှာ ၀ယ်ဖတ်ဖို့ အဆင်မပြေတဲ့ သူများ အဆင်ပြေအောင် ပြန်ရှယ် ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ ချသွားလိုက်ပါ .. 

 









Box



Photo
Box ဟာ Android Phone များမှာ ထည့်သွင်း အသုံးပြုနိုင်မယ့် Application တစ်ခုဖြစ်ပါတယ်။  Box ဟာ Online Storage တစ်ခု ဖြစ်ပြီး 50 GB ပမာဏအထိ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Box ကို အသုံးပြုဖို့ အတွက် Connection နဲ့အတူ eMail Account တစ်ခုလို အပ်ပါတယ်။ Box ကို Install  ပြုလုပ်ပြီးချိန်မှာတော့ Box Mobile Guide, What is Box နဲ့ Video File တစ်ခုဖြစ်တဲ့ Box for Android Intro တို့ကို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ File တွေကို ဒေါင်းလုပ် ရယူပြီး လေ့လာနိုင်သလို Document, Photo, Movie ဖိုင်တွေကိုလည်း Upload ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 50 GB ပမာဏ သတ်မှတ်ပေးထားတဲ့ အတွက် Document, Photo, Movie များစွာကို သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ File များကို သိမ်းဆည်းတဲ့ နေရာမှာလည်း Foler သစ် တည်ဆောင်ပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ မိမိ Upload ပြုလုပ်တဲ့ ဖိုင်တွေ များနေပြီဆိုရင်လည်း၊ ပြန်လည် ရှာဖွေနိုင်ဖို့ အတွက် Search ပါဝင်လာပါတယ်။ Storage ပမာဏ များပြားတဲ့ Online Storage တစ်ခုဖြစ်ပါတယ်။

ကွန်ပျူတာတစ်လုံးကို အသုံးပြုသူများစွာ တစ်ပြိုင်နက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည့် ပစ္စည်းတစ်မျိုး ဝင်ရောက်

ပြည်တွင်း နည်းပညာဈေးကွက် အတွင်းသို့ ကွန်ပျူတာတစ်လုံးကို အသုံးပြုသူများစွာ တစ်ပြိုင်နက် ချိတ်ဆက် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည့် Station+ အမည်ဖြင့် ပစ္စည်းတစ်မျိုး ဝင်ရောက်လာကြောင်း  သိရသည်။ “ဒီပစ္စည်းက ကွန်ပျူတာ တစ်လုံးကို တခြားအသုံးပြုသူတွေ ထပ်မံချိတ်ဆက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ တစ်ယောက် ချိတ်သုံးမယ်ဆိုရင် Device တစ်ခုအသုံးပြုရမှာ ဖြစ်ပြီး နှစ်ယောက် ချိတ်သုံးမယ်ဆိုရင်တော့ Device နှစ်ခု ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်ခံရမယ့် ကွန်ပျူတာအနေနဲ့ Device ငါးခု အသုံးပြုမယ်ဆိုရင်တော့ Dual Core နဲ့ Memory 2GB လောက် ရှိဖို့လိုအပ်ပါတယ်။ Device ဆယ်ခု ချိတ်ဆက် အသုံးပြုမယ် ဆိုရင်တော့ Core i3, Memory 4GB  ရှိရမှာ ဖြစ်ပါတယ်။ 3D ဂိမ်းကလွဲပြီး Application တော်တော်များများကို အသုံးပြုနိုင်ပါတယ်။ Network နဲ့ ချိတ်သုံးတာနဲ့ USB နဲ့ ချိတ်သုံးတာ ဆိုပြီး နှစ်မျိုး ဝင်ရောက်ပါတယ်” ဟု Micro Computer Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
USB စနစ်သုံး STV-02 မော်ဒယ်တွင် USB ပို့ နှစ်ခု၊ Audio In/Out ပါဝင်ပြီး၊ STV-04 မော်ဒယ်တွင် USB ပို့ လေးခုနှင့် Audio In/Out တို့ ပါဝင်သည်။ Lan Model ဖြစ်သည့် STL-01 တွင် USB ပို့ ၃ ခု နှင့် Audio In/Out တို့ ပါဝင်သည်။ ဈေးနှုန်းမှာ (1 to 10 units အတွင်း) ၈၀,၀၀၀ ကျပ် ဝန်းကျင် ဖြစ်ပြီး၊ ၁၀ ခုနှင့် အထက်ဆိုပါက ၇၀၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ ဝယ်ယူအသုံးပြုလိုသူများ အနေဖြင့် Micro Computer Co.,Ltd. ဖုန်း-၂၉၄၅၀၃၊ ၂၀၂၄၅၃၊ ၇၂၁၆၆၈၊ ၃၉၈၈၆၆ နှင့် ၃၉၈၈၆၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူ အသုံးပြုနိုင်ကြောင်း သိရသည်။

Ytalk VoIP Softphone စနစ်ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ အင်တာနက်သုံး ဖုန်းခေါ်ဆိုမှုစနစ် စတင် အသုံးပြုနိုင်ပြီ

မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော် ဝန်ဆောင်မှုပေးမည့် Ytalk VoIP Softphone, Ytalk Calling စနစ်ဖြင့်  မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာ အင်တာနက်သုံး ဖုန်းခေါ်ဆိုမှုစနစ် စတင်အသုံးပြုနိုင်ကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၂ ခုနှစ် မတ်လ (၁၁) ရက်၊ နေ့လည် (၃) နာရီ အချိန်က မန္တလေးမြို့ Hotel Mandalay ရှိ စံပယ်ဖြူ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် VMG TELECOMS Co.,Ltd မှ ဒါရိုက်တာကိုအောင်ထွန်း၊ MD ဖြစ်သူ သရုပ်ဆောင် စမိုင်းတို့နှင့်အတူ အဖွဲ့ဝင်များမှ Ytalk VoIP Softphone စနစ်သုံးစွဲမှု အကြောင်းများကို အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ VMG TELECOMS Co.,Ltd ကို ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့တာဖြစ်ပြီး UK အခြေစိုက် TELECOM ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်၍ Ytalk VoIP Calling စနစ်ကို MPT, Yatanarpon တို့နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ အင်တာနက်မှတဆင့် ဖုန်းပြောဆိုရာမှာ  Gtalk, Pfingo တို့ဖြင့် တရားမဝင်အသုံးပြုလျက်ရှိကြောင်း၊ ဒါကြောင့် Ytalk စနစ်ဖြင့် ကွန်ပျူတာမှာ ဆော့ဖ်ဝဲလ်အသစ်ထည့်ပြီး softphone နှင့်ပတ်သက်တဲ့ အရာမှန်သမျှ အင်တာနက်ဆိုင်တိုင်းသို့ အခမဲ့ပေးထားကြောင်း၊ ဖုန်းခေါ်ဆိုနိုင်ဖို့ Calling Card များကို အင်တာနက်ဆိုင်မှာ ဝယ်ယူနိုင်သလို Value Money ကိုလည်း ကြည့်ရှု့နိုင်မယ့် အပြင် အသံကိုလည်း ကြည်ကြည်လင်လင် ပြောဆိုနိုင်ကြောင်းနှင့် အဆိုပါ ဆော့ဖ်ဝဲကိုတော့ အင်တာနက်ဆိုင်မှာပင် အသုံးပြုထားကြောင်း Ytalk မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ Ytalk ဆိုသည်မှာ အင်တာနက်မှတဆင့် တစ်ကမ္ဘာလုံးရှိ ဖုန်းများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဆက်သွယ်ခေါ်ဆို အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလ်စနစ်ဖြစ်ပြီး Ytalk ကို အသုံးပြုလိုပါက-
(၁) Ytalk Account ကိုဝယ်ယူပါ။ User Name နှင့် Password ကို ရရှိပါမည်။
(၂) သင့် Account သို့ ငွေဖြည့်ရန်အတွက် Recharge/ Topup Card ကိုဝယ်ယူပါ။
(၃) http://voip.yatanarpon.com.mm တွင် သင့် Account ၏ Username နှင့် Password ဖြင့် Login လုပ်ပါ။
(၄) Recharge Page တွင် သင့် Recharge Card ၏ လျှို့ဝှက်နံပါတ် (Recharge Code) ကို နှိပ်ပါ။
(၅) သင့် Account နှင့် ဖုန်းဆက်ရန် ငွေဝင်ရှိပါမည်။
(၆) Ytalk Software တွင် သင့် Account Username နှင့် Password ဖြင့် Login လုပ်ပါ။
(၇) သင်နှစ်သက်ရာ နိုင်ငံ၏ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါပြီ။ (ဥပမာ-006590000)

Ytalk ဝန်ဆောင်မှုအတွက် ကိုအောင်ထွန်းနှင့် ဇနီးဖြစ်သူ သရုပ်ဆောင် စမိုင်းတို့က ဦးစီးလုပ်ဆောင်နေတာဖြစ်ကြောင်း သိရှိရပါသည်။ ကိုယ်စားလှယ်ယူရန်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် VMG TELECOMS Co.Ltd ဖုန်း ၀၁-၅၄၅၂၂၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

External Laptop Battery



Photo
Laptop များနဲ့ တွဲဖက်အသုံးပြုရတဲ့ External Laptop Battery ဖြစ်ပါတယ်။ အထူးသဖြင့် မိမိ Laptop Battery မကောင်းရင် အမြဲတမ်း ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။  Max Output Power မှာ 60W  ဖြစ်ပြီး Charging Time  မှာ 5  hrs  ဖြစ်ပါတယ်။ အဆိုပါ External Laptop Battery ရဲ့ Display မှာ Voltage, Switch, DC Output နဲ့ USB Port တို့ ပါဝင်တာမို့ အသုံးပြုသူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ သယ်ဆောင်ရ လွယ်ကူတဲ့ ဒီဘက်ထရီကို အသုံးပြုချင်တယ် ဆိုရင်တော့ ကိုဘီနိုး (Sony Game) ဖုန်း -၀၁- ၂၅၆၄၁၇ မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

မြန်မာ၌ ကျင်းပမည့် ဆီးဂိမ်းတွင် အင်တာနက်မြန်နှုန်း အနည်းဆုံး 10 G ပေးမည်

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အင်တာနက်မြန်နှုန်း အနည်းဆုံး 10G ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “မြန်နှုန်းတွေ တိုးမြှင့်ပေးဖို့အတွက် အပိုင်းလိုက် ဆောင်ရွက်သွားမှာပါ။ မြန်နှုန်း 20G အထိ ပေးသွားဖို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိန့်ကြားထားတာ ရှိပါတယ်။ လောလောဆယ် 3.5G ပထမအကြိမ် တိုးပေးထားပါတယ်။ ၂၀၁၃ ဆီးဂိမ်းရောက်ရင်တော့ အနည်းဆုံး 10G လောက် ရှိသွားမှာပါ။ အဲဒီလောက် မြန်နှုန်းမြင့်လာရင် အင်တာနက်သုံးစွဲမှု အဆင်ပြေသွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိတွင် ပြည်တွင်း၌ ပေးထားသည့် အင်တာနက်မြန်နှုန်းမှာ 5G အထိသာ ရှိသောကြောင့် အင်တာနက်သုံးစွဲမှုမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေကြောင်း ၎င်းထံမှ သိရသည်။

“အဓိကတော့ ဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတွေရဲ့ အနိုင်အရှုံး ရလဒ်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးမယ့် နိုင်ငံတကာ မီဒီယာတွေ အဆင်ပြေပြေ သတင်းပို့နိုင်ဖို့အတွက် ဆောင်ရွက်ပေးတာပါ။ ဆီးဂိမ်းပြီးသွားရင်လည်း မြန်နှုန်း 10G ကို ဆက်လက်ပေးသွားဖို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ ယင်းသို့ အင်တာနက်မြန်နှုန်း တိုးမြှင့်ပေးနိုင်ရန်အတွက် လက်ရှိ အင်တာနက်ပေးနေသည့် ရေအောက်ဖိုင်ဘာဆက်ကြောင်း SE-ME-WE-3 အပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင် စသည်တို့မှ ကုမ္ပဏီကြီးများနှင့် စတင် ဆွေးနွေးလျက်ရှိပြီး ယခုနှစ်ကုန်ခန့်တွင် အပြီးသတ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “အင်တာနက်မြန်နှုန်းတွေ တိုးမြှင့်ပေးလိုက်ရင်တော့ မြန်မာနိုင်ငံအနေနဲ့ အင်တာနက်သုံးစွဲသူ ဒီထက်ပိုများလာမှာပါ။ လက်ရှိ နိုင်ငံတကာနဲ့ယှဉ်ရင် အင်တာနက်သုံးစွဲမှု အတိုင်းအတာက အတော်လေးနည်းနေပါသေးတယ်” ဟု အိုင်တီကျွမ်းကျင်သူ ကိုသီဟက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်တွင်းအင်တာနက်မြန်နှုန်း မြှင့်တင်ရေးအတွက် လက်ရှိတွင် SE-ME-WE-3 အပြင် SE-ME-WE-4 နှင့် SE-ME-WE-5 ဆက်ကြောင်း ထပ်မံချိတ်ဆက်သွားရန် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

အောင်ဇော်

ဂျီဖုန်းများ တစ်နိုင်ငံလုံး သယ်ဆောင်သုံးခွင့် မေ ပထမပတ် စတင်ရရှိမည်

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ မေလ ပထမအပတ်တွင် မြန်မာနိုင်ငံ နေရာဒေသမရွေး သယ်ဆောင် အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ  သိရသည်။ လက်ရှိတွင် ဂျီဖုန်းများအား တန်ဖိုးနှုန်းထားများ လျှော့ချပေးပြီး ရောင်းချသွားမည်ဟု တရားဝင် ထုတ်ပြန်ပေးရာ၌ နယ်မြေဒေသ ကန့်သတ်သုံးစွဲခွင့်သာ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ “ဒီလထဲမှာ ဂျီအက်စ်အမ်ဖုန်းတွေ နှုန်းထား လျှော့ချ ရောင်းချပေးပေမယ့် ဖုန်းသုံးစွဲမှု ပိုများတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေ မပါသေးဘူး။ ဧပြီလ ၉ ရက်နေ့မှာ ရန်ကုန်၊ မန္တလေးကို ရောင်းချပေးမယ် ဆိုပေမယ့်လည်း တစ်နိုင်ငံလုံး သယ်ဆောင် အသုံးမပြုနိုင်သေးပါဘူး။ ဒါကလည်း သုံးစွဲမှုပိုများတဲ့ မြို့ကြီးတွေ ဖြစ်နေတဲ့အတွက် ဖုန်းလိုင်းမကျပ်အောင် ဆောင်ရွက်နေတဲ့ အတွက်ကြောင့်ပါ။ ဒီအတွက်လည်း တာဝါတိုင်တွေ တိုးချဲ့ ဆောက်လုပ်နေပါတယ်။ မေလပထမပတ်လောက် ဆိုရင်တော့ ဂျီဖုန်းလိုင်းတွေ လွယ်လွယ်ကူကူ တစ်နိုင်ငံလုံး ပြောဆိုသွားနိုင်မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

တန်ဖိုးနှုန်းထား လျှော့ချပေးလိုက်သည့် ဂျီအက်စ်အမ်ဖုန်း တန်ဖိုးနှုန်းထားမှာ ကျပ်နှစ်သိန်းဖြစ်ပြီး ယခင် ၁၅ သိန်း ၅ သောင်း ဂျီအက်စ်အမ်နှုန်းထက် တစ်ဆယ့်သုံးသိန်းငါးသောင်း လျှော့ချပေးခဲ့ပြီး ကျပ်ငါးသိန်း ဂျီအက်စ်အမ်ထက် ကျပ်သုံးသိန်း လျှော့ချပေးခဲ့သည်။ “တန်ဖိုးနှုန်းထား လျှော့ပေးလိုက်ပေမယ့် အရင်ဂျီဖုန်းတွေလို သုံးစွဲခွင့် တူညီမှာပါ။ လိုင်းဆွဲအားလည်း အတူတူပဲ။ နှုန်းထားပဲ ကွာသွားတာပါ။ အင်တာနက်ခလည်း အတူတူပဲ ကောက်ခံသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်တွင်းဖုန်းသုံးစွဲမှု မြင့်မားလာရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ ငါးနှစ်အတွင်း မိုဘိုင်းဖုန်း သန်း ၃၀ ရောင်းချပေးမည်ဖြစ်ပြီး ယခင်နှစ်စီမံကိန်း ဖုန်းလေးသန်း၌ ပထမအရစ်ဖြင့် ဖုန်းလိုင်းတစ်သန်းခွဲ ရောင်းချပေးမည်ဖြစ်သည်။ ဒုတိယအရစ် စီမံကိန်းအား ဖုန်းများ စတင်ချထားပေးသည့် မတ်လ ၁၄ ရက်နေ့တွင် စတင်သွားမည် ဖြစ်ကြောင်း၊ ဖုန်းတန်ဖိုးနှုန်းထားများကိုလည်း စီမံကိန်းအလိုက် လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ နိုင်ငံတကာဖုန်းတန်ဖိုး နှုန်းထားများအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက် အရ သိရသည်။

အောင်ဇော်

ဗဟုသုတလေ့လာရန် http://www.askmen.com



ပြင်ပဗဟုသုတ အချို့ကို လေ့လာနိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာ ပြည်ပနိုင်ငံတွေက စံယူထိုက်သူတွေအကြောင်း၊ လူတိုင်းသိရှိထားသင့်တဲ့ ကျန်းမာရေးနဲ့ လူနေမှုအကြောင်းအရာ ကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ အနုပညာရှင်တွေအကြောင်း၊ ကားအကြောင်း စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ထိပ်တန်း အကြောင်းအရာတွေကို ကဏ္ဍတစ်ခုစီ ခွဲခြား ဖော်ပြပေးထားပြီး ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။ ထင်ရှားပြီး လူတိုင်းသိထားသင့်တဲ့ အကြောင်းအရာတွေကို blog နဲ့ ဆောင်းပါးတွေအဖြစ် ဖော်ပြထားပြီး ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဆယ်ကျော်သက်တွေ သိထားသင့်တဲ့ အကြောင်းအရာတွေနဲ့ ကျန်းမာရေးနဲ့ အားကစားကဏ္ဍတွေကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အေးချမ်းသာယာတဲ့ နေအိမ်တစ်ခုကို ဘယ်လိုဖန်တီးရယူမယ် ဆိုတာတွေ ငွေကြေးနဲ့ အလုပ်အကိုင် စတာတွေကိုလည်း ဖတ်ရှုပြီး အတုယူသင့်တဲ့ အချက်အချို့ကို နာယူမှတ်သားနိုင်ပါတယ်။

ဆိုက်လိပ်စာကတော့ - http://www.askmen.com

အချုပ်အလုပ်လေ့လာရန် http://www.sewdirect.com



Photo
အဝတ်အထည် ချုပ်လုပ်ခြင်းကို စိတ်ပါဝင်စားသူတွေ လေ့လာနိုင်စေမယ့် ဝဘ်ဘ်ဆိုက် ဖြစ်ပါတယ်။  အဝတ်အစား ဒီဇိုင်းတွေနဲ့ ချုပ်နည်းတွေကို ပြည့်စုံစွာ လေ့လာနိုင်မှာဖြစ်ပြီး ချုပ်လုပ်နည်း ပုံစံအမျိုးမျိုးနဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးတို့ကို အီးမေးလ်နဲ့ အွန်လိုင်းမှ တဆင့်ရရှိနိုင်ပါတယ်။ အဆင်ဒီဇိုင်းအမျိုးမျိုး၊ idea အမျိုးမျိုးတို့ကို တွေ့မြင်လေ့လာနိုင်မှာ ဖြစ်ကာ အွန်လိုင်းကနေလည်း ဈေးဝယ်ထွက်နိုင်ပါသေးတယ်။ မဂ္ဂဇင်းနဲ့ စာအုပ်အမျိုးမျိုးကိုလည်း ဒီဆိုက်မှာ တွေ့မြင်နိုင်ပြီး အခမ်းအနားပွဲတွေနဲ့ သင့်လျော်တဲ့ ဒီဇိုင်းပုံစံ အမျိုးမျိုးကိုလည်း ကတ်ကလောက်တွေနဲ့ ဖော်ပြပေးထားပါတယ်။ အဆင်ဒီဇိုင်းနဲ့ တွေးခေါ်ချုပ်လုပ်နည်းတွေ အပြင် ချုပ်လုပ်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အပ်ချုပ်စက်၊ dummy တွေ အဆင်တန်ဆာတွေ ဒီဇိုင်းဖော်တဲ့ ကရိယာတွေ၊ ဖြတ်စက်၊ ချည်လုံးတွေနဲ့ အပ်စတာတွေကိုလည်း ပြည့်စုံစွာ ဖော်ပြပေးထားတာ တွေ့ရပါတယ်။ ဝါသနာပါရာတစ်ခုကို လေ့လာ ဖန်တီးမှုတွေ ပြုလုပ်နိုင်စေမှာပါ။
ဆိုက်လိပ်စာကတော့ -   http://www.sewdirect.com

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်း ငွေပေးချေမှု Myan Pay စနစ် စတင် ဆောင်ရွက်မည်



Photo
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်းငွေပေးချေမှု Myan Pay စနစ်က ပြည်တွင်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်သော Myanmar SoftGate Technology ကုမ္ပဏီမှ စတင် ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။  အဆိုပါ Myan Pay စနစ်ကို အသုံးပြု၍ အွန်လိုင်းမှ ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချနိုင်ခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း အစရသည်တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ Myan Pay ဝန်ဆောင်မှုမှာ မြန်မာပြည်တွင်းဘဏ်များ၏ ပြည်တွင်း ငွေလွှဲပို့ဝန်ဆောင်မှုပေါ် အခြေခံ၍ တည်ဆောက်ထားသော စနစ်ဖြစ်ကြောင်း သိရသည်။ အသုံးပြုရန်အတွက် E-mail အကောင့်နှင့် မိုဘိုင်းဖုန်းတို့ရှိရန် လိုအပ်ပြီး ၎င်းတို့မှတစ်ဆင့် ကိစ္စရပ်များကို ဆောင်ရွက်ရမည် ဖြစ်သည်။ “လက်ရှိ စမ်းသပ်ကာလ လွှင့်ထားပါတယ်။  http://www.myanpay.com.mm မှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး လိုအပ်ချက်တွေ၊ အကြံပေးချက်တွေ E-mail ပို့ပြီး ဝေဖန်နိုင်ပါတယ်။ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို အလုံးစုံ ပြည့်စုံအောင် ဆောင်ရွက်ပြီးမှ အပြီးသတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု Myanmar Soft-Gate Technology မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါစနစ်အတွက် ပြည်တွင်းဘဏ် (၁၀) ဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ထားပြီး ၎င်းဘဏ်များမှ တစ်ဆင့် Myan  Pay အကောင့်အတွင်းသို့ ငွေဖြည့်သွင်းခြင်း၊ ငွေပြန်လည် ထုတ်ယူခြင်း လုပ်ငန်းစဉ်များအား လက်ခံဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ စတင်အသုံးပြုသူများ အနေဖြင့် Myan Pay အကောင့်ဖွင့်ရန် http://www.myanpay.com.mm ဝက်ဘ်ဆိုက်လိပ်စာတွင် မှတ်ပုံတင်ရမည် ဖြစ်ပြီး မှတ်ပုံတင်ပြီးသည်နှင့် ငွေဖြည့်သွင်း၍ အသုံးပြုနိုင်သော Myan  Pay အကောင့်တစ်ခု ရရှိမည် ဖြစ်ကြောင်း၊ ငွေဖြည့်သွင်းလိုပါက ဘဏ်မှတစ်ဆင့် Myan  Pay ၏ ဘဏ်အကောင့်ထဲသို့ ငွေဖြည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ Myan Pay အကောင့် အသုံးပြုသူ အချင်းချင်း ငွေပေးပို့ခြင်း၊ ငွေလွှဲလက်ခံခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Google က Android app အရွယ်အစားကို 4GB အထိ တိုးမြှင့်ပေးခဲ့ By Internet Journal

Google ကုမ္ပဏီက Android app ၏ အများဆုံး အရွယ်အစား ပမာဏကို 50MB  မှ 4GB သို့ တိုးမြှင့်ပေးခဲ့ကြောင်း Android Developers blog တွင် ဖော်ပြခဲ့သည်။  မူလက Android application များ၏ အရွယ်အစားကို အများဆုံး 50MB  အထိသာ ကန့်သတ်ထားခဲ့ကြောင်း၊ ၎င်းသည် app အများစုအတွက် အဆင်ပြေကြောင်း၊ အရွယ်အစား သေးငယ်ခြင်းအတွက် အသုံးပြုသူများ download ပြုလုပ်ရာတွင် အဆင်ပြေစေသော်လည်း အရည်အသွေးမြင့် 3D interactive ဂိမ်းကဲ့သို့သော app များအတွက် ရင်းမြစ်များ လိုအပ်သောကြောင့် အရွယ်အစားပမာဏကို 4GB သို့ တိုးမြှင့်ရခြင်းဖြစ်ကြောင်း ဆော့ဖ်ဝဲဖန်တီးသူ Tim Bray က အထက်ပါ blog တွင် ရေးသား ဖော်ပြခဲ့သည်။ ထို့အတွက် app အရွယ်အစားသည် 4GB  အထိ ရှိလာမည်ဖြစ်ပြီး APK ဟု ခေါ်သော Android Package ဖိုင်များကိုမူ 50MB အထိသာ ဆက်လက် ကန့်သတ်ထားမည် ဖြစ်ကြောင်း၊ အဆိုပါ APK ကို expasion  ဖိုင်များနှင့် ချိတ်ဆက်ထားပြီး app တစ်ခုချင်းစီတွင် 2GB ပမာဏအရွယ်ရှိ expansion ဖိုင်နှစ်ခု ပါဝင်မည်ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။ အထက်ပါ 4GB ပမာဏအရွယ်အထိ တိုးမြှင့် သတ်မှတ်ခြင်းသည် developer များအတွက် အထောက်အကူပေးသော်လည်း Android ထုတ်ကုန် ထုတ်လုပ်သူများအနေဖြင့် onboard သိုလှောင်မှုပမာဏကို တိုးမြှင့်ထုတ်လုပ်ရဖွယ် ရှိသည်ဟု သိရသည်။  

နောင်နောင်

Thursday, March 15, 2012

အားလုံးပျော်ရွှင်ကြပါစေ...!!!

ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မိတ်ဆွေအပေါင်းတို့ခင်ဗျာ...
ဒီနေ့ဟာ ကျွန်တော်ကမ္ဘာပေါ်မှာ ရပ်တည်လာခဲ့တာ ၁၇နှစ်ပြည့်မြောက်တဲ့ နှစ်ပါ. ကျွန်တော့်ကို Facebook မှာရော၊ Google+ မှာရော၊ Mail ပေးပို့ပြီးတော့ မွေးနေ့ဆုတောင်းမေတ္တာ ပို့သပေးတဲ့သူတွေ အများကြီးပါ. ဒီအတွက်လည်း ကျွန်တော်အရမ်းဝမ်းသာပါတယ်.ဒီကနေ့ကျရောက်တဲ့ မွေးနေ့ကလေးမှာ ဆုတောင်းမေတ္တာ ပို့သပေးကြသော ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် လိုရာဆန္ဒပြည့်ဝကာ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးထမ်းဆောင်နိုင်ကြပါစေလို့... ဆုတောင်းမင်္ဂလာ ပို့သလိုက်ပါတယ်ဗျာ.အားလုံး ကျွန်တော်နဲ့ထပ်တူ ပျော်ရွှင်ကြပါစေ....


သူငယ်ချင်းတို့အတွက် Wine နဲ့ Birthday Cake




Happy Birthday...!!!
အားလုံးကျွန်တော်နဲ့ထပ်တူပျော်ရွှင်ကြပါစေ...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Tuesday, March 13, 2012

ဝလုံးရိုက်နည်းလေးပါ(မသိသေးတဲ့သူတွေအတွက်ပါ)

ဒါကတော့ ကျွန်တော်တို့ Zawgyi နဲ့မြန်မာလိုရိုက်တဲ့အခါမှာ ကျွန်တော်အပါအဝင်တော်တော်များများက ဝလုံးကိုရိုက်တဲ့အခါမှာ အလွယ်တကူ သုည(၀)ကိုလှမ်းရိုက်ပြီးသုံးကြပါတယ်.အဲဒါက တကယ်တန်းပြောရရင် ရိုက်တဲ့နည်းမှားနေတာပါ. အဲလိုရိုက်လိုက်တာ သုည(၀)ကိုရိုက်တာနဲ့အတူတူပါဘဲ. ဝလုံးက ဝလုံးသက်သက် ရှိပါတယ်.သတိထားမိတဲ့သူတွေကတော့ သိကြမှာပါ. ဝလုံးအမှန်က Shift+, ပါ.ရိုးရိုး , ကိုရိုက်တဲ့အခါ ယ ပေါ်ပါလိမ့်မယ်.အဲဒါကိုမှ Shift တွဲပြီးနှိပ်လိုက်ပါက ဝလုံးပေါ်လာပါလိမ့်မယ်. အဲဒါက ရိုက်နည်းအမှန်ပါ.
မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်.

အားလုံးကိုကျေးဇူးတင်ရှိလျက်....
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

XP မှာ Drive ရှိသမျှကို bat File နဲ့ Defragment လုပ်နည်း

Windows တိုင်းမှာ Defragment လုပ်ရပါတယ်။ Hard Disk မှာရှိတဲ့ File တွေ များလာတာပဲဖြစ်ဖြစ်၊ Program တွေကို ထုတ်လိုက်သွင်းလိုက် လုပ်တာပဲဖြစ်ဖြစ် Program တွေက သူရှိနေကျ နေရာတွေမှာ မရှိတော့ဘဲ ပြန့်ကျဲ နေတတ်တာမို့ အဲဒီအတွက်  File တွေကို သူ့နေရာသူ နေရာတကျ ပြန်ရောက်အောင် Defrag  လုပ်ရတာပါ။ အခု ပြောပြပေးချင်တာက Windows XP မှာ Hard Drive တွေကို တစ်ခါတည်း Defrag လုပ်တာလေးကို ပြောပြချင်တာပါ။ Hard Disk ကို တစ်ခုပြီးတစ်ခု Defragment လုပ်ဖို့ အရမ်းကြာပါတယ်။ ပြီးတော့ အချိန်လည်း အရမ်း ကုန်ပါတယ်။ Drive သုံးခုလေးခုရှိတဲ့ Windows တွေဆိုရင် ပိုဆိုးပါတယ်။  Windows ရဲ့ Utility မှာ Drive အားလုံးကို တစ်ပြိုင်တည်းလုပ်လို့ ရနိုင်တဲ့ Utility လည်း မရှိပါဘူး။ ဒါပေမဲ့ Disk Defragmentter ကို Command Line နဲ့လည်း အလုပ်လုပ်လို့ ရနိုင်ပါတယ်။ အဲဒီဟာတွေကတော့ အဲဒီအတွက် Windows မှာ Drive အားလုံးကို တစ်ခုပြီးတစ်ခု Defrag လုပ်လို့ရအောင် လုပ်နိုင်ပါတယ်။ ကိုယ့်စက်ထဲမှာ Drive C:, D:, E: ရှိရင် Notepad ထဲမှာ 

defra c: -f၊ defrad: -f၊ defra e:-f 

လို့ ရိုက်ထည့်ပေးပါ။ ပြီးရင် Filename ကို ပေးချင်တဲ့ File name ပေးပြီး Save လုပ်လိုက်ပါ။ ဥပမာ. defrag.bat လို့ ထည့်ပေးပြီး ဖိုင်ကို Save လုပ်ပေးပါ။ အဲဒီ defrag.bat ကို Double Click နှိပ်ပေးလိုက်ရုံနဲ့ Command Prompt ပွင့်လာပြီး Drive C: D: F: တို့ကို တစ်ခုပြီးတစ်ခု Defrag လုပ်ပေးသွားမှာပါ။ အားလုံး Defrag လုပ်ပြီးတာနဲ့ Command Prompt က အလိုအလျောက် ပျောက်သွားမှာပါ။ အဲဒါဆိုရင် တစ်ခုချင်းကို စောင့်ပြီး Defrag လုပ်စရာ မလိုတော့ပါဘူး။

Myanmar Explore Map+ Business Directory အား Fullversion အဖြစ် အခမဲ့ စတင်ဖြန့်ဝေပေးမည်



Photo

 
ရန်ကုန်မြို့၏ ဒီဂျစ်တယ်မြေပုံ၊ ဂြိုလ်တုမြေပုံနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်သည့် Myanmar Explore Map++ Business Directory နောက်ဆုံးထုတ် fullversion  အား ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၊ ကုန်းဘောင်တကောင်း ခန်းမတွင် အခမဲ့ စတင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Map++ Busin ess Directory အား ၂၀၁၁ ခုနှစ် အလယ်မှစ၍ Beta version အဖြစ် စတင် ထုတ်ဝေပေးခဲ့ပြီး လူအများ စိတ်ဝင်စားသည့်အတွက် ICT ပြပွဲများတွင် Mobile version နှင့် PC Version များအဖြစ် ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။ ယခုနောက်ဆုံး ထုတ်ဝေသည့် Map++ Business Directory full version တွင် အထူးအစီအစဉ် အနေဖြင့် မန္တလေးမြို့၏ ဒီဂျစ်တယ်မြေပုံနှင့် ဂြိုလ်တုမြေပုံပါ ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ Map++ Business Directory နောက်ဆုံးထုတ် version အား PC Version အဖြစ်သာမက Mobile version အဖြစ် အသုံးပြုနိုင်သည့် စနစ်ဖြင့် ဖန်တီးထားသည့် DVD အချပ်များအား ယခုလ ၁၈ ရက်နေ့တွင် ဖြန့်ဝေပေးသွားမည်ဟု ဆိုသည်။
 
၎င်းအပြင် တဆင့်ပြန်လည် ဖြန့်ဖြူးပေးလိုသော အရောင်းဆိုင်များအတွက် အထူး Special Package များအနေဖြင့် PC Version CD ချပ်၊ Mobile Version ပါ CD ချပ် ပြန်လည် ဖြန့်ဝေပေးမည့် ဆိုင်များတွင် အခမဲ့ ဖြန့်ဝေပေးမည့် တာဝန်ပါ Myanmar Explore Map++ Business Directory Vinyl ဒီဇိုင်း CD ချပ် တို့အား အထူး Package အဖြစ် အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု ဆိုသည်။ အခမဲ့ ဖြန့်ဝေပေးသည့်နေ့တွင် မိုဘိုင်းဖုန်းအတွင်းသို့ ထည့်သွင်းလိုသူများအနေဖြင့် Map++ Business Directory အား ထည့်သွင်းလိုသူ၏ ဟန်းဆက် Memory ပမာဏ နှင့် ကိုက်ညီသည့်ပမာဏ ခွဲခြား ထည့်သွင်းပေးသွားရန်အတွက် ဒီဂျစ်တယ် မြေပုံအစိတ်အပိုင်း၏ လိုအပ်သည့်ပမာဏကို ဖုန်းအတွင်းသို့ ထည့်သွင်းနိုင်ပြီး ကျန်ရှိနေသည့် မြေပုံအစိတ်အပိုင်းများကို လိုသည့်အခါတွင် ထည့်သွင်းနိုင်ရန် CD ချပ်ဖြင့် ထည့်သွင်း ဖြန့်ဝေပေးသွားမည်ဟု သိရသည်။
 
Map++ Business Directory အား fullversion အဖြစ် အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ပတ်သက်၍ In Mai Kha Company မှ တာဝန်ရှိသူ ကိုမိုးသန့်ဦးက “Map++ Business Directory ကို Mobile Version နဲ့ PC Version, iOS version တွေ စုပေါင်းထားတဲ့ DVD ချပ်အနေနဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ပြန်လည်ဖြန့်ဝေပေးမယ့် အရောင်းဆိုင်တွေအနေနဲ့က အိုင်တီပစ္စည်းဆိုင်၊ မိုဘိုင်းပစ္စည်းဆိုင်မှ မဟုတ်ပါဘူး၊ စတိုးဆိုင်တွေကိုလည်း ပြန်လည် ဖြန့်ဖြူးခွင့်ပေးသွားမှာပါ၊ အခု ၁၈ ရက်နေ့မှာ ပြန်ပြုလုပ်ပေးတဲ့ ပွဲကနေစပြီး ပြန်လည် ဖြန့်ဝေပေးမယ့် အရောင်းဆိုင်တွေကို ဖြန့်ဖြူးခွင့်ပေးသွားမှာပါ” ဟု ပြောကြားသည်။ အင်မိုင်စကုမ္ပဏီ ပြုလုပ်မည့် Myanmar Explore Map++ Business Directory full version အခမဲ့ ဖြန့်ဝေပွဲအား နံနက် ၈ နာရီ ၅၀ မှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ပေးသွားမည် ဖြစ်ပြီး အသေးစိတ် သိလိုသူများအနေဖြင့် ဖုန်း ၇၃၁၀၅၁၈၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Monday, March 12, 2012

file တွေကို ကူးတဲ့ နေရာမှာ မြန်ဆန်စေမည့် tear copy 2.12




ကွန်ပျူတာကနေ flash drive, sd card, phone, external HDD, စတဲ့ device တွေကို copy ကူးရင်ဖြစ်ဖြစ်၊ အဲ့ဒီ့ device ကနေ ကွန်ပျူတာထဲကို copy လုပ်ရင်ပဲဖြစ်ဖြစ် အရမ်းကို မြန်ဆန်စေမယ့် software ဖြစ်ပါတယ်။ သီချင်းသွင်းတဲ့သူ software တွေ ကူးပေးတဲ့သူတွေ၊ data တွေကို copy ကူးတဲ့သူတွေအတွက် မရှိမဖြစ် တင်ထားရမယ့် software ဆိုရင်လည်း မမှားပါဘူး။ ရိုးရိုးအတိုင်း သာကူးနေမယ်ဆိုရင်တော့ အရမ်းကြာတယ်ဆိုတာ အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်. ကျွန်တော့်စက်မှာလည်း အမြဲ တင်ထားတဲ့ software ဖြစ်ပါတယ်။ကူးတာ မြန်တယ် မမြန်ဘူးဆိုတာတော့ လက်တွေ့ စမ်း ကြည့်လိုက်ရင် သိပါလိမ့်မယ်. ကျွန်တော် သုံးနေတဲ့ software ဆိုရင်တော့ အားလုံးပဲ စိတ်ချလက်ချနဲ့ သုံးရဲလိမ့်မယ်လို့ မျှော်လင့်ပါတယ်. file size သေးရင် မသိသာပေမယ့် size ကြီးတွေကို copy, paste လုပ်တဲ့အခါမှာတော့ လုံးဝသိသာသွားပါလိမ့်မယ်. ပြီးတော့ နောက်ပိုင်း ကျွန်တော် tutorial movie တွေ တင်ပေးတဲ့အခါမှာ ဒီ software နဲ့ လုပ်ပြ ကူးပြတာတွေ ပါလာပါလိမ့်မယ်. အဲ့အချိန်ကျရင် ဘယ်လိုကြီးလဲဟ လုပ်ပြတာလို့ မထင်ရလေ အောင် ကြိုပြီးတော့ တင်ပေးလိုက်တာဖြစ်ပါတယ်. ရှင်းပြတဲ့အချိန် အရမ်းကြာသွားရင် ဆိုက်ကြီးသွားမှာစိုးလို့ အမြန်ဆုံး ရှင်းပြပြီး record လုပ်ထားတာ ဖြစ်တဲ့အတွက် တစ်ခေါက်နဲ့ မရှင်းရင် နှစ်ခေါက် ပြန်ကြည့်ပေးပါ. အခု software က ထည့်တတ်တဲ့သူနဲ့ မထည့်တတ်တဲ့သူအတွက် ခွဲထားတာပါ. software က သတ်သတ်၊ ရှင်းပြချက် video ဖိုင်က သတ်သတ် ခွဲတင်ထားပေးပါတယ်.

Tearcopy software အား Download လုပ်ရန်
ifile.it | Mediafire | Mirrorcreator

လုပ်နည်းရှင်းပြထားသည့် video နှင့် အသံဖိုင်အား Download လုပ်ရန်
ifile.it | Mediafire | Mirrorcreator

Format မျိုးစုံကိုပြောင်းပေးနိုင်တဲ့ Format Factory

ဒီကောင်လေးကတော့ Mp3, Mp4, Mpeg , 3GP , Picture .... , အစ ရှိတဲ့ format ပေါင်းများစွာကို 
လျင်မြန်စွာ Convert ပြုလုပ်ပေးပါတယ်။ ထွက်တာတော့ ကြာပါပြီ။ ဒီမှာ မရှိလို့တင်ပေးလိုက်တာပါ။ သိတဲ့လူများရှိသလို.. မသိတဲ့လူလဲ ရှိမှာဘဲလေ..။ ကျနော်လဲ အရမ်းကြိုက်တယ်.။ 
သုံးရတာလဲ လွယ်ကူတယ်..။ အဆင်ပြေတယ်.။
 လိုချင်သူများအောက်မှာဒေါင်းလော့လုပ်ယူလိုက်နော်..။ အဆင်ပြေပါစေ။

 
အားလုံးခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Internet ကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖုန်းတွေကို SMS ပို့ရအောင်



ဒီပိုစ့်လေးကတော့ ကျွန်တော်အမြဲတမ်းလိုလိုရောက်နေတဲ့ Kp-3 နည်းပညာဆိုက်က တွေ့လာတာပါ. တစ်ကမ္ဘာလုံးကို SMS ပို့လို့ရတယ်တဲ့.လုပ်ကြည့်လိုက်ကြပါဗျာ.ရမရတော့ ကျွန်တော်လည်း မစမ်းရသေးဘူးနော်.



ဒီမှာ သွားပြီးပို့ချင်တဲ့နိုင်ငံကိုသွားပို့လိုက်ကြပါတော့နော...
အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

Photoshine 4.0 ( Full Version ) -Software


  Photoshine ဆိုတာကတော့ Photo တွေကို Frame တွေနဲ့ ကွဲပြားခြားနား တဲ့ ပြုပြင်မှု ပုံစံတွေကို ဖန်တီးနိုင်မယ့် Software တစ်ခုပဲဖြစ်ပါတယ်။ Built-in အနေနဲ့ 9 themes (styles) နဲ့ လှပတဲ့ templates ပေါင်း 680 ပါဝင်ပါတယ်။ ကျနော် အောက်မှာ နမူနာ ပုံလေးတွေနဲ့ ပြထားပါတယ်။ ကလစ်တစ်ချက် နှိပ်ရုံနဲ့ လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ အောက်မှာ ယူသွားလိုက်ကြပါ။ ပျော်ရွှင်ကြပါစေ..။


အားလုံးကိုခင်မင်လေးစားလျက်.....
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..

G-Mail ကနေ Free SMS ပို့တဲ့နည်းတဲ့ဗျာ.ကျွန်တော်လည်း ကိုနေမင်းမောင်တင်ထားတာတွေ့လို့ ယူတင်ပေးလိုက်ပါတယ်ဗျ.
အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

The Lady ဇာတ်ကား ဒေါင်းလုပ် လုပ်နိုင်ပြီ


အခုတလော ကျွန်တော်အလုပ်များနေတဲ့အတွက် Post သိပ်မရေးဖြစ်တာ နားလည်ပေးကြပါခင်ဗျာ. အခုတင်ပေးလိုက်တဲ့ ပိုစ့်ကတော့ လူတိုင်းသိပြီးဖြစ်တဲ့ The Lady ဇတ်ကားပါ.ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ကိုအခြေခံပြီးရိုက်ထားတဲ့ ဇာတ်ကားပါ. ကျွန်တော်မူရင်းဆိုက်ကရေးထားတဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်ဗျ.....

The story of pro-democracy activist Aung San Suu Kyi and the academic and writer Michael Aris; a true story of love set against political turmoil.
Stars: Michelle Yeoh, David Thewlis and Jonathan Raggett
Download Link:
 
အားလုံးကိုခင်မင်လေးစားလျက်......
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

CDMA 800 နောက်ထပ်လေးမြို့ သုံးစွဲနိုင်အောင် ဆောင်ရွက်နေ

CDMA 800 MHz ဖုန်းများ နောက်ထပ်မြို့ကြီးလေးမြို့တွင် သုံးစွဲနိုင်ရန် ဆောင်ရွက်နေကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “CDMA 450 MHz သုံးစွဲနိုင်တဲ့ မြို့တွေအားလုံးနီးပါး ၈၀၀ ဖုန်းတွေ သုံးစွဲနိုင်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လက်ရှိ ဆောင်ရွက်ပေးဖို့ စီစဉ်ထားတာ ၁၄ မြို့ရှိပါတယ်။ ထက်ဝက်ကျော်လောက်တော့ ဆောင်ရွက်ပြီးပါပြီ။ နောက်ထပ် ကျန်တဲ့မြို့တွေကိုတော့ သူ့အပိုင်းနဲ့သူ တဖြည်းဖြည်း ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
 
ထပ်မံ သုံးစွဲခွင့်ပေးရန် ဆောင်ရွက်နေသည့် မြို့ကြီးလေးမြို့မှာ စစ်တွေ၊ ထားဝယ်၊ တောင်ကြီးနှင့် မြစ်ကြီးနားမြို့များဖြစ်ပြီး ယခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။ “ဖုန်းသုံးစွဲခွင့်နဲ့ အင်တာနက် သုံးစွဲခွင့်ပါ ပေးသွားမှာပါ။ အင်တာနက်စနစ်ကိုတော့ ဖုန်းအသုံးပြုနိုင်မှပဲ ဆက်လက်ဆောင်ရွက်မှာပါ။ သုံးစွဲမှု ပိုများတဲ့ မြို့ကြီးတွေကို ဦးစားပေး ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငါးသိန်းတန် CDMA 800 MHz ဖုန်းများအား ၂၀၁၀ နှစ်ဆန်းပိုင်းတွင် စတင်ချထားပေးခဲ့ပြီး ရန်ကုန်တွင် ဖုန်းလိုင်းနှစ်သိန်း၊ မန္တလေးတွင် ငါးသောင်းချထားပေးပြီးနောက် ၂၀၁၁ ဇူလိုင်တွင် ချထားပေးမှု ခေတ္တရပ်ဆိုင်းခဲ့ပြီး အောက်တိုဘာလတွင် ဖုန်းအလုံးရေ တစ်သိန်းခန့်ထပ်မံ ချထားပေးခဲ့ကြောင်း ဆက်သွယ်ရေးမှ သိရသည်။ CDMA 800 MHz များ စတင်ချထားပေးစဉ် ကာလတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးသုံးမြို့တွင်သာ သုံးစွဲခွင့်ပေးခဲ့သော်လည်း ၂၀၁၁ ဇူလိုင်မှစတင်၍ မြို့ကြီးသုံးမြို့အပြင် ပဲခူး၊ ပြည်၊တောင်ငူ၊ ဘားအံ၊ မုံရွာ၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်စသည့် မြို့ကြီးများကို နယ်မြေ ကန့်သတ်ချက် ပယ်ဖျက်၍ သယ်ဆောင် သုံးစွဲခွင့်ပေးခဲ့သည်။

အောင်ဇော်

Related Posts Plugin for WordPress, Blogger...

My Account