Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Tuesday, May 8, 2012

ကျွန်တော့်အတွက် အားဆေးလေးတစ်ခွက် (သို့) မိုးသူ(တောင်ကြီး)ရဲ့ စာတစ်စောင်


ကျွန်တော်က ပိုစ့်အသစ်တင်ဖို့ဘဲဖြစ်ဖြစ်၊ဒါမှမဟုတ် Internet ကိုဖွင့်ဖွင့်ခြင်းဘဲဖြစ်ဖြစ် ပထမဦးဆုံး ကျွန်တော့်ရဲ့ ရွှေမန်းသားလေးဆိုက်ကို အရင်ဆုံးဖွင့်ကြည့်ပြီးတော့မှ ကျန်တာတွေကို ဆက်ပြီး ပြုလုပ်ဆောင်ရွက်တာပါ။ တကယ်လို့အရေးကြီးကိစ္စရှိရင်တောင်မှ ကျွန်တော့်ဆိုက်ကိုအရင်ကြည့်ဖြစ်ပါတယ်။ ဒီနေ့အတွက် ဘယ်နှစ်ယောက် လာကြည့်ကြသလဲ၊ ဘယ်သူတွေက ဘယ်ကဏ္ဍတွေကို ပိုကြိုက်ကြသလဲ ဆိုတာတွေကို ကျွန်တော်ကကြည့်ရင်းနဲ့ ပီတိဖြစ်မိပါတယ်။ တစ်ခါတစ်လေဆိုရင် တစ်ရက်ထဲနဲ့ အယောက် ၅၀ကျော်လောက်လာကြည့်သွားကြရင်တောင် ကျွန်တော်ကပိုပြီးပျော်ရွှင်သလို လိုအပ်သူတွေအတွက်လည်း ပိုပြီးဖြည့်ဆည်းပေးချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်.
တကယ်တန်းပြောရရင် လက်ရှိကျွန်တော့်အသက်က ၁၇နှစ်ထဲရှိသေးတာပါ။ကျွန်တော် တစ်နေ့တစ်နေ့လုပ်တဲ့အလုပ်ကများပါတယ်။ ကွန်ပြုတာသင်တန်းမှာ ဆရာအနေနဲ့လည်းလုပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ဦးစီးဆောင်ရွက်နေတဲ့ ပရဟိတအသင်းလေးအတွက်လည်း လိုအပ်တာ ဆောင်ရွက်ပေးရပါတယ်။ နောက်ပြီးတခြားသော အဖွဲ့အစည်းတွေက အကူအညီတောင်းရင်လည်း ပြုလုပ်ပေးနေရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်နဲ့သိတဲ့သူတိုင်းဟာ ပြောကြပါတယ်.မင်းငယ်ငယ်လေးနဲ့ ဒီလောက်လုပ်နေတာ အလုပ်တွေနိုင်ပါ့မလားတဲ့။ ကျွန်တော်ကတော့ ခံယူချက်တစ်ခု ရှိပါတယ်။ ဘာမဆိုလုပ်ရင်ဖြစ်နိုင်တယ်ဆိုတာကိုဘဲ။ ကျွန်တော်အခုလည်း တော်တော်လေးပီတိဖြစ်မိပါတယ်။ C-Box ထဲမှာ မိုးသူ(တောင်ကြီး)ရေးထားတဲ့စာကို တွေ့လိုက်ရလို့ပါ.

***ယနေ့ခေတ်လူတွေရဲ့ အခက်တကာ့အခက်များ***



ပိုက်ဆံချေးဖို့လွယ်တယ် ပြန်ဆပ်ဖို့ခက်တယ်
ကားမောင်းဖို့လွယ်တယ် ကားရပ်ဖို့ခက်တယ်
ပိုက်ဆံဖြုန်းဖို့လွယ်တယ် စုဆောင်းဖို့ခက်တယ်
နောက်ကျဖို့လွယ်တယ် စောရောက်ဖို့ခက်တယ်

အိပ်ရာဝင်ဖို့လွယ်တယ် အိပ်ရာထဖို့ခက်တယ်
ခေါင်းမာဖို့လွယ်တယ် လွတ်ချတတ်ဖို့ခက်တယ်
အလုပ်လုပ်ဖို့လွယ်တယ် လူလုပ်တတ်ဖို့ခက်တယ်
သက်သတ်လွတ်စားဖို့လွယ်တယ် ဘုရားဖြစ်ဖို့ခက်တယ်

ထီထိုးဖို့လွယ်တယ် ထီပေါက်ဖို့ခက်တယ်
စာဖတ်ဖို့လွယ်တယ် အသိဉာဏ်ရှိဖို့ခက်တယ်
လူကိုဆဲဆိုဖို့လွယ်တယ် တောင်းပန်တတ်ဖို့ခက်တယ်
တရားကျင့်ဖို့လွယ်တယ် ကိုယ့်ကျင့်တရားကောင်းဖို့ခက်တယ်

တခြားသူအပေါ်ကောင်းဖို့လွယ်တယ် မိသားစုအပေါ်ကောင်းဖို့ခက်တယ်
အမှားကိုကဲ့ရဲ့ဖို့လွယ်တယ် အမှန်ကိုပြင်ပေးဖို့ခက်တယ်
ထိုးနှက်ဖို့လွယ်တယ် အားပေးကူညီဖို့ခက်တယ်
အပြစ်ရှာဖို့လွယ်တယ် ချီးကျူးစကားပြောဖို့ခက်တယ်
_______

ဒီလိုချရေးဖို့လွယ်တယ် လိုက်လုပ်နိုင်ဖို့ခက်တယ်
အော်.. နိုင်းနိုင်းစနေ.. နိုင်းနိုင်းစနေ... ကျွတ်.. ကျွတ်..
(ခေါင်းခါပြီး ရွတ်ပါ)

နင့်ကို ငါချစ်တယ်




မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မကြာခဏမေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။

ပထမအချက်က သူ့ချစ်တဲ့ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။

ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့၊ ယုံကြည်မှုမဲ့လာလို့ဖြစ်တယ်။

သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပေးပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။

၂၀၁၂ခုနှစ် မေလ အတွက် ဗေဒင် ဟောစာတမ်း

ဒီလအတွက်ဟောစာတမ်းကတော့ ဆရာမျိုးဟန်ကို၏ ဟောပြောချက် ဖြစ်ပါတယ်.. ဆရာဟိန်းတင့်ဇော် ခရီးသွားနေသောကြောင့် တင်တာနောက်ကျသွားပါတယ်...

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Monday, May 7, 2012

ကွန်ပျူတာ လေးနေသူများအတွက် စက်ကိုပေါ့ပါးစေမဲ့ ဆော့ပ်ဝဲလ်

မသိကြသေးတဲ့သူငယ်ချင်းတွေအတွက် ဒီဆော့ပ်ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ဒီဆော့ပ်ဝဲလ်လေးက မိမိတို့ စက်ထဲမှာရှိတဲ့ ဖိုင်တွေကို နေရာတကျ သေသေချာချာ ပြန်စီပေးတဲ့ ဆော့ပ်ဝဲလ်လေးပါ။ဒီဆော့ပ်ဝဲလ်လေးကို Run လိုက်ပြီးတာနဲ့ မိမိတို့စက်ထဲက မလိုအပ်တဲ့ အပိုဖိုင်တွေကို Defrag လုပ်လိုက်ပါ။
သူ့ကိုယ်သူ အလိုလျောက် ဖိုင်တွေကိုပြန်စီပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒေါင်းလုတ်ဆွဲတဲ့အခါမှာ နေရာမမှားပဲ ဒေါင်းနိုင်အောင်လို့
အောက်ကလင့်ခ်လေးကိုနှိပ်ပြီး ဒေါင်းလိုက်ကြပါနော် !
http://www.auslogics.com/en/software/disk-defrag/download/

လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

Sunday, May 6, 2012

နေ့စဉ် သရေစာအဖြစ်စာသုံးနေတဲ့ ကျွန်ုပ်တို့အတွက် ဓါတ့်စာအဖြစ့်ရရှိနေသော သီးနှံများ

                                                             ပန်းသီး

တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာလုံးဝမစားသူတွေထက်ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ၂၈ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။တကယ်လို့ပန်းသီးကိုအခွံပါစားပေးမယ်ဆိုရင်အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

IMTOO Photo to flash converter version1.10

ments

ဒါကတော့ ဓါတ်ပုံတွေကနေ flash အဖြစ် ပြောင်းပေးတဲ့ converter ပါပဲ. IMTOO ကတော့ ထုတ်လိုက်ရင် ကောင်းတာတွေချည်းပဲလို့ မဆိုလိုပေ မယ့်. တော်တော်များများဟာ တော်တော်ကောင်းကြပါတယ်. ကျွန်တော် converter ကို စသုံးဖြစ်တာလည်း IMTOO ကို သဘောကျရင်းကနေ စသုံးဖြစ် သွားတာပါ. တစ်ခြား converter တွေထက် IMTOO က ထုတ်တဲ့ converter တွေရဲ့ Tools တွေကို ပိုပြီး သဘောကျမိလို့ပါ. ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ. ကျွန်တော်ကိုယ်တိုင် သုံးကြည့်ပြီးပါပြီ တော်တော်လေးကို ကောင်းပါတယ်. လိုချင်တဲ့ ဓါတ်ပုံတွေကို ထည့်ပြီး လိုချင်တဲ့ အသံဖိုင်တွေကိုပါ ဆွဲထည့်ရုံပါပဲ. လွယ်လွယ်လေးပါ. လက်နှေးရင်တော့ သိတဲ့အတိုင်းပဲနော်. မြန်မြန်သာ Download လုပ်ထားလိုက်ပါ. ဆိုက်သေးသေးလေးပါ. တတ်နိုင်သလောက်တော့ တင်ပေးနေပါတယ်. ဖိုင်တွေကလည်း ဖျက်ပါတယ်. ကျွန်တော်က လည်း နိုင်သလောက် တင်ပါတယ်. သံသရာတော့ လည်နေတာပဲ. ဘာမဆိုင် ညာမဆိုင် tutorial movie တွေပါ ဖျက်ပစ်ပါ တယ်. တော်တော် စိတ်ညစ်စရာကောင်းတယ်.

Aurora 3D Presentation 2012 (နောက်ဆုံးထွက်) (77.53 MB)


ဘာ background လိုချင်လဲ၊ ဘာ effect လိုချင်လဲ၊ 3D ပုံစံ ဘယ်လိုမျိုး လိုချင်သလဲ၊ စာသားကို 3D လုပ်ချင်တာလား၊ ပုံကိုလား၊ ကြိုက်တာလုပ် အကုန်ရတယ်.

Friday, May 4, 2012

အရည်အသွေးမီ ဝန်ဆောင်မှု ဖြစ်စေရေးအတွက် အင်တာနက် Bandwidth 5 Gbps ထပ်မံတိုးချဲ့သွားမည်



Photo
GSM မိုဘိုင်းဖုန်း သန်း ၃၀ တိုးချဲ့ရေး စီမံကိန်း၏ ပထမနှစ် စီမံကိန်းအတွင်း GSM တယ်လီဖုန်း သုံးစွဲရန် 5 Gbps အထိ ထပ်မံတိုးချဲ့သွားရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက စီစဉ်လျက်ရှိကြောင်း  သိရသည်။

မကြာမီ အွန်လိုင်းမီဒီယာများ မှတ်ပုံတင်ခွင့် ရတော့မည်


Photo
မေလ ၄ ရက်။    ။ ပြန်ကြားရေး ဝန်ကြီးဌာနက အွန်လိုင်းမီဒီယာ များကို မကြာမီ သမားရိုးကျ အခြားသော မီဒီယာများနည်းတူ သတ်မှတ်ပြီး  မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရရှိစေရန် ဆောင်ရွက်လုပ်ကိုင် နေတယ်လို့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောသွားပါတယ်။

Thursday, May 3, 2012

အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးရေး ဘလော့ဂါ နေဘုန်းလတ် ခတ်ကွင်းပြင်



Photo
မြန်မာနိုင်ငံ၏ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Myanmar ICT Development Organization ကို ယခုနှစ် ဇန်နဝါရီ ၁၃ တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း MIDO မှ တာဝန်ရှိသူ ကိုနေဘုန်းလတ်၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတကာသို့ ခေါ်ဆိုနိုင်သည့် Y talk ခေါ်ဆိုခ မေလ ၁ ရက်မှ စတင်လျှော့ချ



Photo
နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်သည့် Y talk ခေါ်ဆိုခများကို မေလ ၁ ရက်မှ စတင် လျှော့ချလိုက်ပြီ ဖြစ်ကြောင်း  VMG ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ၂၅-၄-၂၀၁၂ ရက်တွင် ပြောကြားသည်။

ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ Post-paid မှ Pre-paid ပြောင်းခြင်းကို မေလ ပထမပတ်တွင် စတင်မည်



Photo
ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို မေလ ပထမပတ်တွင် post-paid မှ Pre-paid စနစ်သို့ စတင်ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း  ၂၆-၄-၂၀၁၂ ရက်နေ့တွင် Call Center မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ကျွန်မတို့ လာမယ့် ၁-၅-၂၀၁၂ ရက်နေ့မှာ Pre-paid စနစ်ကို စပြီးသုံးစွဲမှာပါ။

တန်ဖိုးနည်းဖုန်းများ အင်တာနက် သုံးစွဲခွင့် လျှောက်ထားရာတွင် ယခင် ကျပ်ငါးသိန်း ဖုန်းများအတိုင်း ငွေပေးသွင်းရမည်ဟုဆို



Photo
လက်ရှိ ချထားပေးလျက်ရှိသော တန်ဖိုးနည်းဖုန်းများ အင်တာနက် သုံးစွဲခွင့် လျှောက်ထားရာတွင် ယခင်ကျပ်ငါးသိန်း ဖုန်းများအတိုင်း ငွေပေးသွင်းရမည်ဖြစ်ကြောင်း  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၂၅-၄-၂၀၁၂ ရက် တွင် ပြောကြားသည်။

Wednesday, May 2, 2012

Internet မှာ လိုချင်တဲ့ Serial Key ကိုအတိအကျ ရှာဖွေခြင်း



Internet မှာ Software တွေရဲ့ Serial Key ကိုရှာဖွေတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက အလွယ်ဆုံးလို့ ထင်ရတဲ့ နည်းနှစ်ခုကို ပြောပြပေးပါ့မယ်။ မသိ့သေးတဲ့ သူတွေ အတွက်ပါ။ သိ့ပြီးသားသူတွေကတော့ ဆော်ရီးပဲဗျာ ။

ပထမ နည်းလမ်း
အရင် ဆုံး Google Search ကို ဖွင့်ထားလိုက်ပါ။ www.google.com
Search ဆိုတဲ့နေရာမှာ... မိမိ ရှာချင်တဲ့ Software နာမည်ကို “ “ ခံပြီး နောက်က 94FBR ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပြီးရင် Search ကိုနှိပ်ပြီးရှာလို့ရပါတယ်။  Fomular  =  “Product Name”94FBR
ဥပမာ. "Nero Burning Rom11" 94FBR
"Edraw Network Diagram 5.5" 94FBR
အဲလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။

ဒုတိယ နည်းလမ်း
ဒုတိယ နည်းလမ်း အနေနဲ့တော့ ကျွန်တော်တို့ သုံးနေတဲ့ http://www.google.com ကို http://www.google.com.hk  လို့ပြောင်းရိုက်ပေးလိုက်ပါ။ China Google Site ရဲ့ Search Box ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ မိမိရှာလို့တဲ့ Software အမည်ကို ရိုက်ထည့်ပြီးရှာနိုင်ပါတယ်။ တစ်ခု သတိပြုရမှာက Software နာမည် ရိုက်တဲ့ အခါ အစစာလုံးတွေကို Capital Letter နဲ့ရိုက်ရပါမယ်။ နောက်တစ်ခု နောက်ဆုံးမှာ sn ဆိုပြီး Small Letter နဲ့ရိုက်ပေးရပါမယ်။ ဥပမာ -  Neo Burning Rom 11 sn ။ အဲဒီလို ရိုက်ပြီးရှာလိုက်ရင် လိပ်စာတွေနဲ့အတူ Serial Key တွေကို တွေ့ရပါလိမ့်မယ်။

အောက်ပါ Site များမှာလဲ Serial Key များကိုရှာဖွေရရှိနိုင်ပါတယ် ။

http://www.serials.ws/index.php                                    

Wifi Hack Tool + Wireless Key View

ရှည်ရှည်ဝေးဝေးရေးမနေတော့ပါဘူးဗျာ.အားလုံးသိကြတဲ့အတိုင်းဘဲ. Hacking ကိုစိတ်ဝင်စားသူတွေအတွက် လင့်ကလေးတွေတွေ့လိုက်လို့ တင်ပေးလိုက်ပါတယ်ဗျာ..
ကဲအောက်ကလင့်ကိုသာနှိပ်ပြီး ဒေါင်းလိုက်ကြတော့နော်.....

Download Wifi Hack Tool
http://adf.ly/3gfWJ

Download Wireless Key View
http://adf.ly/3gfR7

Power ISO v4.6 Softwares+အသုံးပြုနည်းစာအုပ်




Power ISO Software ကိုတော့ လူတိုင်းသိကြမှာပါ.အဲဒီ software နဲ့အသုံးပြုနည်းစာအုပ်ကို ကျွန်တော်အခုရေးပြီး တင်ပေးလိုက်ပါပြီဗျာ. သုံးဖူးတဲ့သူတွေတော့ သိကြမှာပါ. မသုံးဖူးတဲ့သူတွေအတွက်လည်း အသုံးပြုနည်းစာအုပ်ကိုပါထည့်ပေးထားလို့ မြန်မြန်လေး ဒေါင်းလိုက်တော့ဗျာ...

ဒေါင်းလုပ် လုပ်ရန်လင့်
http://i.minus.com/1335951124/61PcxTALeta1JLcHCMUDDA/dgIJyRpUJh3GI.rar

အားလုံးကိုခင်မင်လေးစားလျက်....
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

အလုပ်သမားနေ့အကြောင်း

မနေ့ကလိုင်းမကောင်းလို့မတင်ဖြစ်တာပါ.

ကျွန်တော်သင်္ကြန်ပြီးတော့ အလုပ်ကိစ္စနဲ့ ရန်ကုန်ကိုသွားနေရပါတယ်။ဒါ့အပြင် တောင်ငူကိုလည်း အလုပ်ကိစ္စတစ်ခုနဲ့ ၀င်နေရလို့ ပိုစ်တွေမတင်ဖြစ်တာပါ။ ဒါကိုတော့ ကျွန်တော့်ရဲ့မိတ်ဆွေများနားလည်ပေးကြမယ်ထင်ပါတယ်။ အခုကျွန်တော် မန်းလေးကိုပြန်ရောက်ပြီဆိုတော့ ပိုစ့်တွေကို နေ့တိုင်း Update ဖြစ်အောင် တင်ဖြစ်တော့မှာပါ။ အခုလည်း ဒီနေ့ဟာ နေ့ထူးနေ့မြတ်ထဲကတစ်ရက်ဖြစ်တဲ့ အလုပ်သမားနေ့လို့ခေါ်တဲ့ May Day ပါ။ ဒီနေ့ရဲ့ သမိုင်းကြောင်းလေးကိုလည်း ကျွန်တော့်ရဲ့ မိတ်ဆွေတွေ သိကြရအောင်လို့ တင်ပေးလိုက်ပါတယ်ဗျာ....

May Day အကြောင်း Downlad လုပ်ရန်
http://i.minus.com/1335948454/KzjiekpbW9_nvbFBvLbH-A/dfr69Gvrte6dF.rar

အားလုံးကို ခင်မင်လေးစားလျက်.........
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Sunday, April 22, 2012

လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ ( E-Book )


 
 
ဒီစာအုပ်လေးကတော့ အားလုံးအတွက် အထောက် အကူပြုလိမ့်မယ်လို့ ထင်ပါတယ် .. ကွန်ပျူတာ အခြေခံနဲ့ပါတ်သတ်ပြီး အရမ်းကြီး အသေးစိတ် ကျကျကြီး ရှင်းပြ ပေးထားတာ မဟုတ်ပေမယ့် ကွန်ပျူတာ တစ်လုံးမှာ ပါဝင်တဲ့ အမျိုးအစားတွေ ၊ အမျိုးအစား တစ်ခုချင်းအလိုက် ပြန်ပြီး ရှင်းပြချက်တွေနဲ့ ၀ယ်ယူမယ် ဆိုရင်လည်း အဆင်ပြေအောင် Buying Guide ဆိုပြီး ရှင်းပြပေးထားပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 
 

အခမဲ့ Websites များ ရေးတင်နည်း ( E-Book )


 
အခမဲ့ Website များရေးတင်နည်းတဲ့ဗျ.စာအုပ်ကတော့ အပြင်မှာလည်း ၀ယ်လို့ရပါတယ်.Ebook လိုချင်သူတွေအတွက် တင်ပေးလိုက်တာပါ.
Download လုပ်ရန်လင့်များ

Google_Earth_Pro_6.0.0.1735 + Patch




Google Earth ကတော့ သုံးဖူးသူတိုင်းသိကြမှာပါ. Internet ကနေပြီးတော့ ကမ္ဘာ့နေရာအနှံ့ကြည့်လို့ရတယ်လေ.
အခုလည်း Version အသစ်ထွက်လို့ တင်ပေးလိုက်တာပါ. အသုံးပြုနည်းကတော့ Patch File ကို အသုံးပြုလို့ ရဖို့ အတွက် ကျွန်တော် ထည့်ပေးလိုက်တဲ့ dill file လေးတွေကို system 32 ထဲမှာ သွားပြီး ထည့်ပေးဖို့ လိုပါလိမ့်မယ် .. 
အရင်ဆုံး dill.rar ဆိုတဲ့ WinRaR file လေးကို ဖြည်လိုက်ပါ .. ပြီးရင် အထဲမှာပါတဲ့ dill file သုံးဖိုင်ကို My Computer  >>  Local  Disk  ( C : )  >>  Windows  >>  System 32 ထဲမှာ သွားပြီး အဆင့်ဆင့် သွားပြီး ထည့်ပေးလိုက်ပါ .. ဒါဆိုရင် Patch File ကို အသုံးပြုလို့ ရသွားပါပြီ .. 
 
အောက်ကပုံလေးအတိုင်း ပေါ်လာပြီ ဆိုရင် အလယ်က JUNLAJUBALAM ဆိုတဲ့ အပြာစာတမ်း နေရာလေးကို ကလစ်ပေးလိုက်ပါ .. ပြီးရင် ဘေးကကောင်လေး OK ဖြစ်သွားပြီ ဆိုရင်တော့ Google Earch ကို License Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ ..
 
Download လုပ်ရန်လင့်တွေကတော့
ပါဘဲခင်မျာ.... 
 

Saturday, April 21, 2012

(၂၀၁၂)-ခု ၊ဧပြီလအတွက် - ကံကြမ္မာ ဟောစာတမ်း (၁၆-ရက်မှ လကုန်ထိ)

ဆရာဟိန်းတင့်ဇော် ခရီးသွားနေပါသဖြင့် ပို့စ်နောက်ကျသွားပါတယ်ဗျာ....
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

၁၃၇၄-ခုနှစ် ကံပွင့် လာဘ်ပွင့်စေရန် အဓိဋ္ဌာန်လမ်းညွန်

အခုဆိုရင် ၁၃၇၃ ဆိုသော နှစ်ဟောင်းတစ်နှစ်ကုန်ဆုံး၍ ၁၃၇၄ ခုနှစ်ဟု ဆိုအပ်သော နှစ်သစ်တစ်ခုကို မကြာခင် ကူးပြောင်းတော့မည် ဖြစ်ပါတယ်။ ခေတ္တခနတာမျှ နားထားခဲ့ရသော စီးပွားရေးကိစ္စ လူမှု့ရေးကိစ္စ ၊ အစရှိသော နေတဓူဝ ကိစ္စများကလည်း ပြန်လည်အသက်ဝင် လှုပ်ရှားလာတော့မှာ ဖြစ်ပါတယ်။ ဘယ်တော့ အနားရမှာလဲ ဆိုတော့ သေတော့မှပဲ နားရတော့မယ့် တာဝန်တွေ ၀တ္တရားတွေ မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် နှစ်ဟောင်းတစ်နှစ်ဟာ နှုတ်ဆက်လက်ပြပြီး ကျန်နေခဲ့ပါပြီ။

မြို့ဝင်ဆိုင်းဘုတ်လေးတစ်ခုလို တစ်ဘက်က နှုတ်ခွန်းဆက်သပါ၏။ ကျန်တစ်ဖက်ကတော့ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏ ဆိုသလိုပါပဲ။ နှစ်ဟောင်းတစ်နှစ်ကတော့ မိမိတို့ အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါပြီ။ လာမည့် နှစ်သစ်တစ်ခုက လှိုက်လှဲပြုငှာစွာ ကြိုဆိုနေါပြီ။ ထားခဲ့တဲ့ နှစ်ဟောင်းအတွင်းမှာ ထင်သလောက် ခရီးပေါက်ခဲ့ သူများလည်း ရှိပါတယ်။ ကြိုးစားသလောက် အောင်မြင်ခဲ့သူများလည်း ရှိပါတယ်။ အဲဒီလိုပါပဲ အရှုံးပေါ်ခဲ့တဲ့ သူတွေ၊ ကျရှုံးခဲ့တဲ့ သူတွေ၊ ဘာလုပ်လုပ်အဆင်မပြေခဲ့တဲ့ သူတွေ လည်း ရှိခဲ့ကြပါတယ်။

ပြောချင်တာက ထားခဲ့လိုက်ပါ။ ပြန်ယူခဲ့လို့လည်း ရေခဲတုန်းကို အရုပ်ထုနေသလိုပါပဲ။ ရှေ့ကနေထုနေရင်းနဲ့ နောက်ကနေ အလိုလိုနေရင်း ပြိုကျလိုက်နေမှာပဲ မဟုတ်လား။ ဒါကြောင့် အားလုံးကို အကြံပြုချင်တာက နှစ်ဟောင်းနဲ့ အတူ ထားခဲ့လိုက်ပါ။ အခုလို နှစ်သစ်ကူး အခါသမယမှာ လာမည့်နှစ်သစ်အတွက် ဒီနေရာလေးကနေ အဓိဋ္ဌာန်တစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ပွင့်လန်းခြင်း၊ အောင်မြင်ခြင်းကို အလိုရှိကြကုန်သော (၇) ရက်သားသမီးများအားလုံး အတွက် ဖြစ်ပါတယ်။

န မော တ ဿ ဘ ဂ ၀ တော အ ရ ဟ တော သ မ္မာ သ မ္ဗု ဒ္ဓ ဿ

အထက်ပါ နမောတဿ ဘုရားရှိခိုးဂါထာတော်ကို ပုတီးစိပ်ပါ။(န) ဆိုပြီး တစ်လုံးချ။ (မော) တစ်လုံးချ။ စသည်ဖြင့် အက္ခရာတစ်လုံးကို ပုတီးတစ်လုံးချပြီး စိပ်သွားရပါ့မယ်။ စုစုပေါင်း အားလုံး(၁၈)လုံး ရှိပါတယ်။ (၁၀၈) လုံး ပုတီးနဲ့ စိပ်ပါ။ နောက်ဆုံး ပုတီးလုံးအပိုအလို မရှိ ပြီးရပါ့မယ်။ ပုတီးပတ်ရေကတော့ မိမိတို့ အဆင်ပြေသလို စိပ်ပါ။

ဒါကြောင့် နောက်ဆုံးအနေနဲ့ စကားလေးတစ်ခွန်း လက်ဆောင်ပေးလိုက်ပါတယ်။
ဘာမှ စိတ်ပူမနေကြပါနဲ့။ နောက်ဆုံးတော့လည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အဆင်ပြေသွားမှာပါလို့...

ဆရာဟိန်းတင့်ဇော် မဟာချိုင်

Gtalk, Gmail Account Lock ကျနေရင်

တခါတလေ username & password မှန်နေရက်သားနဲ့ ကိုယ့် Gtalk, Gmail account ကိုဝင်လိုက်တိုင်း Account Lock ဖြစ်နေတာကြုံဖူးကျမယ်ထင်ပါတယ်။

ကျွန်တော်လဲ တနေ့က account အဟောင်းလေးတစ်ခုကို ပြန်သုံးဖို့လုပ်ရာမှာ ခုလိုပဲ

account lock ကျတာကြုံလိုက်ရတယ်။ username နဲ့ password လဲမှန်ရက်သားနဲ့ ဘာများဖြစ်ပါလိမ့်လို့၊ account များပျက်သွားပြီလားလို့ တောင်တွေးမိလိုက်တယ်။ accuont lock ကျဖူးသူတိုင်းကြုံဖူးကျမှာပါ။



ခုလို window လေးမှာ စာဖြည့်လိုက် enter နှိပ်လိုက်..မရလိုက်...နောက်တစ်ခါ အဲလိုထပ်ဖြည့်လိုက်..enter နှိပ်လိုက်မရလိုက်နဲ့
တိုင်ပတ်ဖူးကြမယ်ထင်ပါတယ်...:P
အခုနည်းလေးကတော့ လွယ်လွယ်လေးပါပဲ...........

https://accounts.google.com/b/0/DisplayUnlockCaptcha

အဲဒီကိုအရင်သွားလိုက်ပါ။ windows အသစ်ပေါ်လာပါလိမ့်မယ်...



email နေရာမှာ... ( *****@gmail.com)..မိမိlock ကျနေတဲ့ mail ကိုပေါ့။
password နေရာမှာလဲ မှန်အောင်ဖြည့်လိုက်ပါ...ပြီးရင်Letters are not case-sensitive box မှာ ပြထားတဲ့

စာလုံးအတိုင်းမှန်အောင်ရိုက်ပြီး Unlock ကို Click လိုက်ရုံပါပဲ.........

လွယ်ကူတဲ့နည်းလေးတစ်ခုပါ...အဲဒါနဲ့မှအဆင်မပြေသေးရင်တော့ forgot your password ကို နှိပ်ပြီး recovery mail ကိုရွေးလိုက်ပါ။

recovery mail ကိုပို့ထားပေးတဲ့ Link ကနေတစ်ဆင့် password ကို

ပြန်ပြောင်းပြီး...ပြန်ဝင်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်.....အားလုံးပဲ account lock ကျခြင်းမှ

ကင်းဝေးကြပါစေ........

Related Posts Plugin for WordPress, Blogger...

My Account